လူတစ်ယောက်ကို “ခင်ဗျား လွဲနေတယ်” လို့ ပြောရင် ဘယ်သူမှ လက်ခံမှာ မဟုတ်ဘူး။

လူတစ်ယောက်ကို “ဒီလိုလေး လုပ်လိုက်ရင် ခင်ဗျား ပိုပြီးအဆင်ပြေလိမ့်မယ်” လို့ပြောရင် လက်ခံချင်လက်ခံလာလိမ့်မယ်။
ကိုယ်ဆိုလိုတဲ့ အဓိပ္ပာယ်နဲ့ ကိုယ်ပြောချင်တဲ့စကားတွေကို တစ်ဖက်သားက လက်ခံဖို့ဆိုရင် ပြောတတ် ဆိုတတ်ဖို့က သိပ်အရေးကြီးတယ်။
ဘယ်တော့မှ “နင်မှားတယ်၊ငါမှန်တယ်” ဆိုတာမျိုး မပြောမိပါစေနဲ့။
ပြောမယ့်ပြော “နင်ပြောတာ မှားတော့မမှားဘူး။ ဒါပေမယ့် ဒီလိုလေးဆို ပိုပြီးတောင် မှန်ဦးမယ်” ဆိုတဲ့အပြောမျိုး ပြောတတ်အောင်ပြောပါ။
အပြောအဆိုကြောင့်ပဲ လူတွေရဲ့အထင်ကြီးကိုးစားတာကို ခံရတတ်သလို အပြောအဆိုကြောင့်ပဲ လူမုန်းများတတ်တယ်မဟုတ်လား။
ဘာပဲဖြစ်ဖြစ် ပါးပါးနပ်နပ် ပြောတတ်ဆိုတတ် သူတစ်ယောက်အတွက်ကတော့ အပြောအဆိုကြောင့် လူမုန်းမခံရတတ်ပါဘူးလေ။
Credit_ရွှေညာမောင်

လူတစ္ေယာက္ကို “ခင္ဗ်ား လြဲေနတယ္” လို႔ ေျပာရင္ ဘယ္သူမွ လက္ခံမွာ မဟုတ္ဘူး။
လူတစ္ေယာက္ကို “ဒီလိုေလး လုပ္လိုက္ရင္ ခင္ဗ်ား ပိုၿပီးအဆင္ေျပလိမ့္မယ္” လို႔ေျပာရင္ လက္ခံခ်င္လက္ခံလာလိမ့္မယ္။
ကိုယ္ဆိုလိုတဲ့ အဓိပၸာယ္နဲ႔ ကိုယ္ေျပာခ်င္တဲ့စကားေတြကို တစ္ဖက္သားက လက္ခံဖို႔ဆိုရင္ ေျပာတတ္ ဆိုတတ္ဖို႔က သိပ္အေရးႀကီးတယ္။
ဘယ္ေတာ့မွ “နင္မွားတယ္၊ငါမွန္တယ္” ဆိုတာမ်ိဳး မေျပာမိပါေစနဲ႔။

ေျပာမယ့္ေျပာ “နင္ေျပာတာ မွားေတာ့မမွားဘူး။ ဒါေပမယ့္ ဒီလိုေလးဆို ပိုၿပီးေတာင္ မွန္ဦးမယ္” ဆိုတဲ့အေျပာမ်ိဳး ေျပာတတ္ေအာင္ေျပာပါ။
အေျပာအဆိုေၾကာင့္ပဲ လူေတြရဲ႕အထင္ႀကီးကိုးစားတာကို ခံရတတ္သလို အေျပာအဆိုေၾကာင့္ပဲ လူမုန္းမ်ားတတ္တယ္မဟုတ္လား။
ဘာပဲျဖစ္ျဖစ္ ပါးပါးနပ္နပ္ ေျပာတတ္ဆိုတတ္ သူတစ္ေယာက္အတြက္ကေတာ့ အေျပာအဆိုေၾကာင့္ လူမုန္းမခံရတတ္ပါဘူးေလ။
Credit_ေ႐ႊညာေမာင္



