ဘဝရဲ့ချမ်းသာခြင်းလမ်းဖြစ်တဲ့ ဒီစာလေးကို မဖတ်ဘဲ ကျော်သွားရင် သင်ဟာ ယခုနွံထဲမှာပဲ ဆက်နစ်နေလိမ့်မယ်
၁ ။သူ့နာမည်က ဦးစိုး ၊အသက်က ၅၀ ကျော်နေပြီ။ သူက ရပ်ကွက်ဈေးလေးတခုမှာနေတယ် ။
သူ့အလုပ်အကိုင်က နာရီပြင်တယ် ။ သူကနာရီပြင်တာတော်တယ် ။ သူကိုယ်တိုင်လည်း ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တယ် ။
လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်ကတည်းက နာရီပြင်လာတဲ့ နာရီပြင်ဆရာ ။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော်လောက်တုန်းက လူတိုင်းလိုလို နာရီပတ်တုန်းက သူလုပ်ငန်း တော်တော်ကောင်းခဲ့တယ် ။ တနေ့တနေ့ သူ့ ဝင်ငွေမနည်း ။
အခုတော့သူက ညည်းရှာတယ် ။
” အခုနောက်ပိုင်းခေတ်တွေရောက်လာတော့ နာရီပြင်တဲ့ အလုပ်တွေမကောင်းတော့ဘူးကွာ ။
ဖုန်းတွေပေါ်လာပြီး နောက်ပိုင်း နာရီပတ်တဲ့ သူတွေတော်တော်ရှားလာတယ် ငါ့တူရဒီအလုပ်မလုပ်ဘဲ အခြားအလုပ်ပြောင်းလုပ်ဖို့ကလည်း အသက်အရွယ်က ရလာတာရယ် ။
အခြားဘာမှ မလုပ်တတ်တာရယ်နဲ့ ဒီအလုပ်လေးပဲ လုပ်နေရတယ် ” ။
၂ ။ သူ့နာမည်က ဒေါ်တင့် ။ သူက အိမ်မှာ တပိုင်တနိုင်စက်ချုပ်တယ် ။
အသက် ၂၀ လောက်ကတည်းက စက်ချုပ်ခဲ့တဲ့ ဒေါ်တင့် အခု အသက်ပဲ ၄၀ ကျော် ၅၀ နားကပ်နေပြီ ။
ဒေါ်တင့် စက်ချုပ်သက်တမ်း ကိုယ့်ဘာသာ ကိုယ်ပဲ မှန်းကြည့်ပေတော့ ။
ဒေါ်တင့်စက်ချုပ်လုပ်ငန်းလေးက အရမ်းမအောင်မြင်သော်လည်း သူ့အရပ်နဲ့ သူ့ဇာတ် ချုပ်ထည်များလက်ခံရတာမို့ စားလောက်ရုံသောက်လောက်ရုံ အဆင်ပြေပြေတော့ နေနိုင်တယ်ပေါ့ ။
သူ့ဆီ အပ်ထည်အပ်သူတွေ ဖောက်သည်တွေက နာမည်ကြီး ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေ အဆင်တွေ ချုပ်ပုံ ချုပ်နည်း အသစ်အဆန်းတွေ ဒေါ်တင့်ဆီယူလာပြီး ပြရင်ဒေါ်တင့်က” ဒီ ဒီဇိုင်နာတွေရဲ့ ဒီဇိုင်းတွေက ငါတို့ ချုပ်တာတွေနဲ့ ဘာမှ မထူးပါဘူးအေ ၊ ငါတို့ချုပ်တာတွေနဲ့ တူတူပါပဲ ။
ငါ အသက် ၂၀ ကတည်းက ဒီပုံပဲချုပ်လာတာ ။ သူတို့ပုံတွေ ဒီဇိုင်းတွေက ဒါတွေပါပဲ အေ ” လို့ ဒေါ်တင့်အမြဲပြောတတ်လေသည် ။
ဒေါ်တင့် အနှစ် ၂၀ ကျော် ၃၀ ကျော် ချုပ်လာတဲ့ ဒီဇိုင်းတွေက တခါလာလည်း ဒီပုံ တခါလာလည်း ဒီပုံတွေကြီးပဲလို့ အရပ်ထဲတော့ ပြောစမတ်ရှိကြလေသတတ် ။
၃ ။သူ့နာမည်က ကိုအောင် ။ သူက တီဗွီပြင်ဆရာ ။ သူပြင်တဲ့ တီဗွီတွေက ဟိုးအရင် ခေတ်ဟောင်းတီဗွီ Tube Type ဖင်အလုံးကြီးတွေနဲ့ တီဗွီတွေပြင်တဲ့ ပြင်ဆရာ ။
သူတို့ခေတ်မှာတော့ သူက နာမည်ကြီး တီဗွီပြင်ဆရာကြီး ပေါ့ ။ သူ့ခေတ်သူ့အခါ သူ့တီဗွီပြင်ဆိုင်က နာမည်ကြီး ။
သူ့ဆိုင် သူ့အလုပ်ကလည်း ဝင်ငွေကောင်း တဲ့ အလုပ်တခုပေါ့ ။
ဒီလိုနဲ့ တဖြည်းဖြည်း ခေတ်တွေပြောင်းပြီး Tube Type ကနေ LCD တီဗွီတွေများလာတော့ သူ့အလုပ်အကိုင်သိပ်မကောင်းတော့ ။
LCD တီဗွီတွေ စပေါ်စ LCD တီဗွီပြင်နည်းသင်တန်းတွေ ဖွင့်တယ် ဆိုတာကို ကိုအောင်ကြားတော့
” အလကားပါကွာ ၊ LCD TV ဆိုတာ လူတိုင်းဝယ်နိုင်တာမဟုတ်ဘူး ဘာသင်တန်းမှ တက်နေစရာမလိုဘူး၊ ဒီခေတ်ဟောင်းတီဗွီတွေ ရှိနေသ၍ ကိုအောင် ထမင်းမငတ်ဘူးဟေ့ ” လို့ ကိုအောင် ကျွေးကြော်နေကြ ။
အခု ကိုအောင့် အတတ်ပညာနဲ့ ကိုအောင် ထမင်းတော့ မငတ်ပါ ။ ဒါပေမယ့် အရင် ဝင်ငွေ မျိုးတော့ ကိုအောင် ရအောင်မရှာနိုင်တော့ ။
ကိုအောင့် ဝင်ငွေ တဖြည်းဖြည်း ခမ်းသထက်ခမ်းလာလေပြီ ။
၄ ။သူ့နာမည်ကိုတော့ မသိ ။ ဒါပေမယ့် သူ့အလုပ်အကိုင်က ကားစက်ပြင်ဆရာ ။”
ငါက ဟိုး လေးဘီးကားခေတ်ကတည်းက ကားစပြင်လာတာကွ ” လို့တော့ အဲ့ဦးလေးကြီး အမြဲပြောတတ်သည် ။”
ဒီနေရာ ဒီဆိုင်မှာ ဟိုးအရင်ကဆို ကားတွေအပြည့်ကွ ” လို့ သူတဆက်တည်းပြောတတ်သေးသည် ။
သူ့ မျက်လုံးထဲမှာလည်း ဟိုးအရင်ရွှေထီးဆောင်းခဲ့ချိန်ကို ပြန်လည်တမ်းတမိနေသလိုလို ။
အခု ဟိုးရှေးရိုးကားတွေ ရှေးရိုး အင်ဂျင်တွေကနေ EFI စနစ် ၊ Computerize စနစ် OBD စနစ်တွေ Electronic Wiring စနစ်တွေ ပြောင်းသွားချိန် သူအလုပ်ရုံလေးမှာ ကားလာပြင်သူတွေ သိပ်မလာတော့ ။
နောက်ပိုင်းစနစ်တွေ သူ မနိုင်နင်းမှန်း Customer တွေက သိသည်လေ ။သူကလည်း ပြောတတ်သည် ” ဒီကားစနစ်တွေ ဒီလောက်ထိပြောင်းသွားမယ်လို့ ငါဘယ်တုန်းကမှ မထင်ဘူးကွ ”
၅ ။သူနာမည်က ကိုလှ ။ သူအလုပ်က ဓာတ်ပုံဆရာ ။ သူကျင်လည်ကျက်စားရာက ဘုရားပေါ်မှာ ။
ဘုရားပေါ်မှာ အလှဓာတ်ပုံရိုက်သည့် အလုပ်ကို ကိုလှ လူပျိုပေါက် ဘဝကတည်းကလုပ်သည် ။
ကိုလှတို့ လူပျိုပေါက်တုန်းက ဘုရားပေါ် ဓာတ်ပုံရိုက်သည့် အလုပ်က ကိုလှတို့အတွက် မဆိုး ။
ခုနောက်ပိုင်းမှာ ဖုန်းကင်မရာတွေ ပေါ်လာပြီးနောက်ပိုင်း ကိုလှတို့ အလုပ်အကိုင်သိပ်မကောင်း ။
ဘုရားပေါ် ဓာတ်ပုံရိုက်ပေးမယ် ခုရိုက်ခုရသည် လို့ ဆယ်ယောက်ကိုခေါ်လို့ လူတယောက်ဓာတ်ပုံလာမရိုက်တော့ ။
အမှတ်တရဓာတ်ပုံရိုက်တာလောက်တော့ လူတိုင်းလက်ထဲက တန်ဖိုးနည်း တန်ဖိုးကြီး Andorid ဖုန်းလေးကိုယ်စီနဲ့ အလုပ်ဖြစ်နေကြလေပြီ ။
ကိုလှ ငယ်စဉ်က ဓာတ်ပုံရိုက်နေတုန်းကတည်းက ထမင်းစားရတော်ပြီ ပိုက်ဆံရတော်ပြီ ဘုရားကိုလူတွေ လာနေသမျှ ငါတော့ အလုပ်ကောင်းမှာပဲဆိုတာမျိုး ကိုလှအမြဲတွေးသည် ။
အခြားခြားသော အသစ်သစ်သော ဓာတ်ပုံရိုက်နည်းပညာတွေ ဘာတွေကိုလှ စိတ်မဝင်စားခဲ့ ။ခုတော့ ကိုလှရဲ့ အမှတ်တရ အမြန်ရဓာတ်ပုံလုပ်ငန်း ဘုရားပေါ်မှာ သိပ်အလုပ်မဖြစ်တော့ ။
$$$$$$$$
ဘဝကို Upgrade မြှင့်ပါ
အပေါ်မှာ ပြောထားတဲ့ လူတွေ ဘာတွေ မှားနေသလဲ ။ သူတို့ သူတို့အလုပ်အကိုင်တွေကို ပုံမှန်လုပ်နေကြတာပဲ ။
ဒါပေမယ့် မအောင်မြင်ဘဲ ဘာကြောင့် ဆုတ်ယုတ်သွားသလဲ ။
သူတို့အလုပ်အကိုင်တွေ အသက်အရွယ်တွေ ကျားမတွေသာ မတူတာ သူတို့မအောင်မြင်ရခြင်း သူများနောက်မှာ ကျန်နေခဲ့ရခြင်း အကြောင်းအရင်းကတော့ တခုတည်းပဲ ။
အဓိက အကြောင်းက ကိုယ်နေရာတခုကို ရောက်သွားတာနဲ့ တစ်ဘဝလုံးစာ Perfect ဖြစ်ပြီ ဆိုပြီး ကိုယ့်ကိုကိုယ် Upgrade လုပ်ဖို့ မေ့မျောသွားလို့ ပါပဲ ။
ကျနော်တို့ ပတ်ဝန်းကျင်မှာ အဲ့လိုလူတွေ အများကြီးပဲ ။
လူငယ်လေးတွေဆိုလည်း ဂိမ်းထဲမှာသာ ကိုယ့် ဂိမ်းဇာတ်ကောင်တွေ ၊ ကိုယ့်တပ်ဖွဲ့တွေကို အသဲအသန် Upgrade လုပ်နေကြတာ ၊ အပြင်မှာ ဘဝကို အမြဲUpgrade လုပ်ရမယ်ဆိုတာ မေ့နေကြတယ် ။
နေရာတခုရထားပြီး ဆရာဝန်တွေ အင်ဂျင်နီယာတွေ က စလို့ ဟိုးအောက်ခြေဝန်ထမ်းတွေအထိ နေရာလေးတခု မှာ ခိုင်မြဲနေပြီ ပုံမှန်ဝင်ငွေလေးရနေပြီ ဘဝလေးက အိုကေစိုပြေနေပြီဆို ကိုယ့်ကိုကိုယ် Upgrade လုပ်ဖို့မေ့သွားကြတယ် ။
ဒီအလုပ်က ငွေရနေပြီပဲကွာ ၊ငါတော့ အေးဆေးပါပဲ ဒီအလုပ်ကနေ ငွေ အမြဲဝင်နေမှာပဲ ။ ဒီရာထူးက အမြဲမြဲနေမှာပဲ ။
ဒီပညာသာတတ် တသက်လုံးထမင်းမငတ်ဘူး ။ အလုပ်က ပင်ပန်းတယ် ကျန်တာတွေ ဆက်လေ့လာဖို့ အချိန်မရှိဘူး ။
ဆိုတဲ့ အတွေးတွေနဲ့ ကိုယ့်ကိုကိုယ်ရောက်တဲ့ နေရာလေးမှာ ရပ်တန့်ပစ်လိုက်ကြတယ် ။
အဲ့လိုရပ်တန့်နေတဲ့ သူတွေ က ခေတ်နဲ့ ဘယ်လောက်ကွာသွားတယ်ဆိုတာ တစ်နှစ် မသိသာသေးဘူး ။ ၂ နှစ် မသိသာသေးဘူး ။ ၁၀ နှစ် ၂၀ နှစ်တွေလဲရောက်ရော ။
ဒါတွေ ငါလိုက်မမီတော့ ဘူး ။ ငါမလုပ်တတ်တော့ဘူး ။ နောက်ကလေးတွေ လုပ်ရမယ့်အရာတွေပါကွာ ငါတို့တွေ လေ့လာလို့မရတော့ဘူး ။
ဆိုတာတွေဖြစ်ပြီး အကုန်ကွာဟသွားတော့တာပါပဲ ။
အဓိက အကြောင်းရင်းက ကျနော်တို့ မြန်မာနိုင်ငံမှာသာ တစ်နေ့နဲ့ တစ်နေ့ ထင်သလောက်မတိုးတက်လို့ အရမ်းမကွာဟဘူးထင်နေရတာ ။
သူများနိုင်ငံတွေမှာက Challenge of Technology Age ဆိုသလိုပဲ ။
နေ့တိုင်း နေ့တိုင်း တစ်ယောက်နဲ့ တယောက် ။ Company တစ်ခုနဲ့ တစ်ခု အသည်းအသန် ပြိုင်ဆိုင် ယှဉ်ပြိုင်နေရတာ ။
ဒီနေ့ ဒီ Company က နည်းပညာအသစ်တခု ထုတ်နိုင်ချိန် နောက် Company တခုက ဘာမှ မလုပ်နိုင်ရင် ဈေးကွက်ထဲမှာ နောက်ကျကျန်နေခဲ့မှာပဲ ။
ကြားဖူးတာတခုဆို ဟိုးအရင်က ဖုန်းထဲမှာနာမည်ကြီး Nokia ဖုန်းကုမ္ပဏီကြီးဆို Andorid တွေ ပေါ်လာချိန် နည်းပညာနောက်ကျပြီး ဈေးကွက်မှာ နောက်ကောက်ကျသွားရတာမျိုးဟာ အခုပြောတဲ့ အတိုုင်း Upgrade လုပ်ဖို့ နောက်ကျကျန်နေခဲ့လိုပါပဲ ။
အခု ကမ္ဘာပေါ်မှာ နည်းပညာအဖွဲ့အစည်းကြီးတွေ ကမ္ဘာ့အင်အားကြီးနိုင်ငံကြီးတွေ ထိပ်တန်းအမြဲရောက်နေရခြင်း အကြောင်းရင်းကလည်း နေ့တိုင်း အချိန်တိုင်း စက္ကန့်တိုင်း Upgrade ဖြစ်အောင် အမြဲမြှင့်နေလို့ ကြိုးစားနေလို့ ရှာဖွေနေလို့ လေ့လာနေလို့ပါပဲ ။
မြန်မာနိုင်ငံမှာတော့ ပိုက်ဆံရှာတာက အဓိက ကျပြီး လုပ်ငန်းတခုက ပုံမှန်ဝင်ငွေလေး နှစ်ပဲခြောက်ပြားလောက်ရပြီဆို ပြီးပြည့်စုံသွားပြီယူဆပြီး ကိုယ့်ကိုကိုယ်ရပ်တန့်လိုက်ကြတာမျိုးကိုးဗျ ။
ဒါကြောင့်လည်း သူများနိုင်ငံတွေက လွန်ခဲ့တဲ့ နှစ်တရာကျော်လောက်ကမှ Transistor ဆိုတဲ့ အီလက်ထရောနစ်ပစ္စည်း စပေါ်လာပြီး ခုတော့ ကမ္ဘာ့အပြင်ဖက်တောင် လူမပါဘဲ လွှတ်ကုန်ကြပြီ ။
ကျတော့်မိတ်ဆွေလည်း ဒီစာကိုဖတ်နေတဲ့ အချိန် ကိုယ့်ကိုယ်ကို ပြန်ကြည့် ကိုယ့်အခြေအနေကိုယ်တွေးကြည့်နေ့တိုင်း နေ့တိုင်း ဘာတွေ Upgrade ဖြစ်လာသလဲ ။
ကိုယ့်အလုပ်အကိုင်လေးမှာ ပိုက်ဆံလေးရရင် ဝင်ငွေလေးရရင်တော်ပြီဆိုပြီး ကိုယ့်ကိုကိုယ် Upgrade မြှင့်ဖို့ ခများမေ့နေရင် ဘာကိုမှ ဆက်လက်လေ့လာဖို့ ဆည်းပူးဖို့ သင်ယူဖို့ မေ့လျော့နေတယ်ဆိုရင်တော့ နောင် ဆယ်စုနှစ်ကျော်ကျော်မှာ ခများသူများနောက်ကျန်ကို ကျန်နေခဲ့လိမ့်မယ်လို့ ကျနော်ရဲရဲကြီးပြောလိုက်မယ်ဗျာ ။
ရပ်နေသူနဲ့ လှမ်းနေသူ ၊ လှမ်းနေသူနဲ့ ပြေးနေသူ ဘယ်သူက ခရီးပိုရောက်မလဲ ဘယ်သူက နောက်ကျ ကျန်နေခဲ့မလဲဗျာ ။
ဘဝမှာ မှားတာမလုပ်တိုင်း အောင်မြင်တာမဟုတ် ၊ မှန်တာတွေကို လုပ်ဖို့ လိုနေရင်လည်း အမြင့်ဆုံးအောင်မြင်မှုကိုဘယ်တော့မှရမယ်မဟုတ်ကြောင်းပါဗျာ ။
( အပေါ်က အလုပ်အကိုင်တွေနဲ့ နာမည်တွေက မျက်စိရှေ့ ပတ်ဝန်းကျင်ရှေ့မြင်ရကြားရတာတွေကို စိတ်ကူးနဲ့ရေးထားတာပါ ။
သူတပါးအလုပ်အကိုင်တွေကို စော်ကားလိုစိတ် အလျဉ်းမရှိတာမို့ တိုက်ဆိုင်မှုများရှိရင် နားလည်ပေးစေလိုကြောင်းပါ ) ကျွန်မကတော့ မိတ်ကပ်ပညာရှင်မို့မိတ်ကပ်အတွေးနဲ့ကိုယ့်ကိုယ်ကိုUpgradeဖြစ်ဖို့ဆရာဆီခနခနပညာသင်သွားရတယ်ဒီလိုမှမဟုတ်ရင် Up gradeဘယ်ဖြစ်မလည်းနော်ရင်းရတယ်ကုန်ရတယ် ဘာရှင်းမြင့်ရမယ်လေမရင်းပဲမကုန်ပဲမမြတ်ဘူးလေ☺ ☺ ☺
Credit-Aung Soe Moe