ၾကားသိရသမွ်

လတ်တလောလူ ကြိုက်များနေတဲ့ ဘိုးဘိုးဘွားဘွားများအကတိုက်နေတဲ့ ရုပ်သံဖိုင်လေး








Writer- ME(Shwe Yaung Lan)

လတ်တလောလူ ကြိုက်များနေတဲ့ ဘိုးဘိုးဘွားဘွားများအကတိုက်နေတဲ့ ရုပ်သံဖိုင်လေး

Vedioအောက်ဆုံးတွင်ပါဝင်သည်။

ပရိတ်သတ်ကြီးရေ ဒီတစ်ခါ တင်ဆက်ပေးမယ့် သတင်း လေးကတော့ စိတ်နှလုံးအေးမြစေတဲ့ သတင်းလေးပဲဖြစ်ပါတယ်။ ဒါကတော့ မွန်ပြည်နယ် မုဒုံမြို့မှာ ရှိတဲ့ မေတ္တာစံအိမ် ဘိုးဘွားနေ့ပိုင်းစောင့်ရှောက်ရေး ဂေဟာက ဗီဒီယိုဖိုင်လေးပါပဲ။

အဆိုပါ ဗီဒီယိုလေးနဲ့ ပတ်သတ်ပြီး မြန်မာနိုင်ငံ လူမှုကွန်ယက်မှာတော်တော်လေးကို ပျံ့နှံ့လျက်ရှိပါတယ်။ နှစ်သစ်ကူး ပျော်ပွဲရွှင်ပွဲမှာ ဖျော်ဖြေဖို့ အကတိုက်နေတဲ့ ဗီဒီယိုလေးဖြစ်ပါတယ်။

အဆိုပါ ဗီဒီယိုလေးနဲ့ပတ်သတ်ပြီး လူတချို့ကတော့ ဖိုးဖိုးဖွားဖွားတို့ကို အခုလို မကစေဘဲ တရားကျင့်ကြံစေတယ်လို့ မှတ်ချက်ပြောသလို၊ လူပေါင်း ၂၀၀၀ နီးပါးကတော့ အဘိုးအဘွားတို့အတွက် ကျန်းမာရေးကို ကောင်းမွန်စေတယ်လို့ မှတ်ချက်ပြုကြပါတယ်။ အဆိုပါ ဗီဒီယိုကိုတော့ ကြည့်ရှုသူ သိန်း ၂၀ နီးပါးရှိခဲ့ပြီဖြစ်ပါတယ်။

ဒီဗီဒီယိုမှာတော့ ဘွားဘွားတို့က မမ ကိုယ်တိုင်က သီချင်းနဲ့ ကပြနေပြီး ဘိုးဘိုးတို့ကတော့ သျောင်ပေစူး သီးချင်းနဲ့ ကပြခဲ့ပါတယ်။ ယင်းကဲ့သို့ ကခြင်းကြောင့် စိတ်ကို ရွှင်လန်းစေပြီး ခန္ဓာကိုယ်လှုပ်ရှားနေမှုကြောင့် သွေးလေ လည်ပတ်မှုမှာ ကောင်းမွန်စေမှာဖြစ်ပါတယ်။

ကျန်းမာရေးအရလည်း ကောင်းမွန်တဲ့ အတွက်ကြောင့် အားပေးပါတယ်နော်……။ ပရိတ်သတ်ကြီးရေ ဘိုးဘိုး ဘွားဘွားတို့ရဲ့ ချစ်စဖွယ် ဟန်ပန်အမှုအရာလေးတွေကို ကြည့်ရှုအားပေးပါဦးနော်…………..။

&;