အခ်စ္ေရး

မင်းကို အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲထည့်ထားရတာ မပင်ပန်းဘူးလား

မင္းကို အဖက္မလုပ္တဲ့ လူကိုမွ ႏွလံုးသားထဲထည့္ထားရတာ မပင္ပန္းဘူးလား

သူ႔စိတ္ထဲမွာ မင္းကို ႐ွိတယ္လို႔ေတာင္ သတ္မွတ္မထားထားတဲ့ လူကိုမွ အေတြးထဲမွာ ထည့္ထားရတာမပင္ပန္းဘူးလား …

အဖက္မလုပ္တဲ့ လူကိုမွ ႏွလံုးသားထဲထည့္ထားရတာ မြန္းၾကပ္ၿပီးပူေလာင္မေနဘူးလား …?

မင္းကိုယ္မင္း သနားညႇာတာ သင့္ပါၿပီ …

သူ႔စိတ္နဲ႔ ကုန္လြန္ခဲ့တဲ့ ခ်ိန္ေတြကို လက္ခ်ိဳးေရတြက္ၾကည့္ပါအံုးလား …

စားလည္း ဒီစိတ္ သြားလည္း ဒီစိတ္နဲ႔ မင္းဘဝရဲ႕ တန္ဖိုး႐ွိတဲ့အခ်ိန္ေတြကို အဲ့ဒီစိတ္ေအာက္မွာပဲ ကုန္ဆံုးေစေတာ့မွာလား

အဲ့ဒီ ခံစားခ်က္ကမင္းတစ္ေယာက္ထဲ ခံစားဖူးတာမွ မဟုတ္တာကြာ လူတိုင္းခံစားဖူးတာေပါ့ …

ဒါေပမယ့္လူတိုင္းေတာ့ မင္းလို ျဖစ္မေနဘူး အရမ္းႀကီး စြဲလမ္းၿပီး ခံစားမေနပါဘူး …

အလြန္ဆံုး ခံစားရ အခ်ိန္အတိုင္းအတာ တစ္ခုအထိေပါ့ …

ဒါ့ေၾကာင့္မင္းရဲ႕ မရပ္ႏိုင္ေသးတဲ့ ႏွလံုးသားထဲက ႐ိႈက္သံေတြကို ျပည္ဖံုးကားခ်သင့္ပါၿပီ …

မ်က္ရည္ေတြ သုတ္လိုက္ပါေတာ့ …

ငါတို႔တေတြရဲ႕ဘဝေလ်ွာက္ရမယ့္လမ္း ၊ ႏႊဲရမယ့္ ဘဝတိုက္ပြဲေတြ

အမ်ားႀကီး႐ွိေသးတယ္ေလ သူငယ္ခ်င္း …၊ခုမွ အစ႐ွိပါေသးတယ္ကြာ …

ဘဝကို လြယ္လြယ္နဲ႔ လက္ေျမႇာက္အ႐ွံုးေပးဖို႔အတြက္အေမက ေမြးခဲ့တာမွ မဟုတ္ဘဲ

အသက္နဲ႔ရင္းၿပီး ေမြးခဲ့တဲ့ အေမနဲ႔ ေကြၽးခဲ့တဲ့ အေဖ့ကိုအားနာပါအံုး သူငယ္ခ်င္း …

တန္ဖိုး႐ွိလွတဲ့ လူငယ္ဘဝရဲ႕ အခ်ိန္ေတြကိုအက်ိဳးမဲ့တဲ့ လုပ္ရက္ေတြေၾကာင့္ ကုန္ဆံုးမသြားေစခ်င္ဘူး …

ေလ့လာသင္ယူစရာေတြ မ်ားလွတဲ့ လူ႔ဘဝမွာအစမ္းသပ္ခံ တခ်ိဳ႕ေၾကာင့္ နစ္မြန္းသြားတဲ့လူေတြ ႐ွိသလို

ျဖစ္ထြန္းသြားတဲ့လူေတြလည္း အမ်ားႀကီးပါ …

မင္းကိုေတာ့ နစ္မြန္းသြားတဲ့အထဲ မပါေစခ်င္ဘူး သူငယ္ခ်င္း …

Fighting

Thaw Lin Paing

Unicoe verion

မင်းကို အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲထည့်ထားရတာ မပင်ပန်းဘူးလား

သူ့စိတ်ထဲမှာ မင်းကို ရှိတယ်လို့တောင် သတ်မှတ်မထားထားတဲ့ လူကိုမှ အတွေးထဲမှာ ထည့်ထားရတာမပင်ပန်းဘူးလား …?

အဖက်မလုပ်တဲ့ လူကိုမှ နှလုံးသားထဲထည့်ထားရတာ မွန်းကြပ်ပြီးပူလောင်မနေဘူးလား …?

မင်းကိုယ်မင်း သနားညှာတာ သင့်ပါပြီ …

သူ့စိတ်နဲ့ ကုန်လွန်ခဲ့တဲ့ ချိန်တွေကို လက်ချိုးရေတွက်ကြည့်ပါအုံးလား …

စားလည်း ဒီစိတ် သွားလည်း ဒီစိတ်နဲ့ မင်းဘဝရဲ့ တန်ဖိုးရှိတဲ့အချိန်တွေကို အဲ့ဒီစိတ်အောက်မှာပဲ ကုန်ဆုံးစေတော့မှာလား

အဲ့ဒီ ခံစားချက်ကမင်းတစ်ယောက်ထဲ ခံစားဖူးတာမှ မဟုတ်တာကွာ လူတိုင်းခံစားဖူးတာပေါ့ …

ဒါပေမယ့်လူတိုင်းတော့ မင်းလို ဖြစ်မနေဘူး အရမ်းကြီး စွဲလမ်းပြီး ခံစားမနေပါဘူး …

အလွန်ဆုံး ခံစားရ အချိန်အတိုင်းအတာ တစ်ခုအထိပေါ့ …

ဒါ့ကြောင့်မင်းရဲ့ မရပ်နိုင်သေးတဲ့ နှလုံးသားထဲက ရှိုက်သံတွေကို ပြည်ဖုံးကားချသင့်ပါပြီ …

မျက်ရည်တွေ သုတ်လိုက်ပါတော့ …

ငါတို့တတွေရဲ့ဘဝလျှောက်ရမယ့်လမ်း ၊ နွှဲရမယ့် ဘဝတိုက်ပွဲတွေ

အများကြီးရှိသေးတယ်လေ သူငယ်ချင်း …၊ခုမှ အစရှိပါသေးတယ်ကွာ …

ဘဝကို လွယ်လွယ်နဲ့ လက်မြှောက်အရှုံးပေးဖို့အတွက်အမေက မွေးခဲ့တာမှ မဟုတ်ဘဲ

အသက်နဲ့ရင်းပြီး မွေးခဲ့တဲ့ အမေနဲ့ ကျွေးခဲ့တဲ့ အဖေ့ကိုအားနာပါအုံး သူငယ်ချင်း …

တန်ဖိုးရှိလှတဲ့ လူငယ်ဘဝရဲ့ အချိန်တွေကိုအကျိုးမဲ့တဲ့ လုပ်ရက်တွေကြောင့် ကုန်ဆုံးမသွားစေချင်ဘူး …

လေ့လာသင်ယူစရာတွေ များလှတဲ့ လူ့ဘဝမှာအစမ်းသပ်ခံ တချို့ကြောင့် နစ်မွန်းသွားတဲ့လူတွေ ရှိသလို

ဖြစ်ထွန်းသွားတဲ့လူတွေလည်း အများကြီးပါ …

မင်းကိုတော့ နစ်မွန်းသွားတဲ့အထဲ မပါစေချင်ဘူး သူငယ်ချင်း …

Fighting

Thaw Lin Paing