ပန္ကာဖြင့္ၿပီး အိပ္စက္ျခင္းက ဘာဆိုးက်ိဳးေတြေပးတယ္ဆိုတာ သိခ်င္ရင္ေတာ့
ရာသီဥတု ပူေလာက္တဲ့ ေန႔မ်ိးေတြမွာ ပန္ကာဖြင့္ၿပီး အိပ္ၾကေလ့ရွိမွာပါ။ ေကာင္းေကာင္းမြန္မြန္အိပ္စက္သြားႏိုင္ေအာင္ ပန္ကာက အေအးဓာတ္ကို ေပးႏိုင္ေပမယ့္လည္း ပန္ကာကို ဖြင့္ၿပီး ေန႔စဥ္ အိပ္စက္တဲ့ ေနာက္မွာ ဆိုးက်ိဳးေတြလည္း ႀကဳံရႏိုင္ပါတယ္။ဒါေၾကာင့္ ျမန္မာ့ပလက္ေဖာင္းကေန ပရိသတ္ေတြအတြက္ ပန္ကာႏွင့္ အိပ္စက္ျခင္းေၾကာင့္ ရႏိုင္တဲ့ ဆိုးက်ိဳးမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။ဆက္လက္ဖတ္ရႈလိုက္ၾကပါဦးေနာ္။
၁။ပါးစပ္ႏွင့္ ႏွာေခါင္းကို ေျခာက္ေသြ႕ေစျခင္း
က်န္းမာေရးႏွင့္ ညီၫြတ္ၿပီး တက္တက္ႂကြႂကြ ရွိေနေစဖို႔အတြက္ ခႏၶာကိုယ္မွာ ေခြၽးထြက္ဖို႔လိုအပ္ၿပီး ေရဓာတ္ျပည့္ဝေနသင့္ပါတယ္။ပန္ကာႏွင့္အိပ္စက္ျခင္း ေခြၽးမထြက္ေစတဲ့ အျပင္ ပါးစပ္ႏွင့္ ႏွာေခါင္းကို ေျခာက္ေသြ႕ေစၿပီး ေနထိုင္မေကာင္းျဖစ္ေစပါတယ္။အပူပိုင္း ေဒသေတြမွာ ေနထိုင္တဲ့ သူေတြ အမ်ားဆုံး သတိထားသင့္ပါတယ္။
၂။ဓါတ္မတည့္မႈကို ျဖစ္ေစတယ္။
တစ္ခါတစ္ရံမွာ တစ္စုံတစ္ခု ထူးထူးျခားျခားေျပာင္းလဲမႈမရွိဘဲႏွင့္ ခႏၶာကိုယ္က ဓတ္မတည့္ျခင္း ကို ခံစားရေလ့ရွိတယ္ဆိုရင္ေတာ့ ပန္ကာႏွင့္ အိပ္တတ္လားဆိုတာ ကို ျပန္လည္ဆန္းစစ္သင့္ပါတယ္။ပန္ကာေလေၾကာင့္ ပန္းနာရင္က်ပ္ႏွင့္ အသက္ရႈၾကပ္ျခင္းတို႔ အျပင္ ဓာတ္မတည့္ျခင္းတို႔ကို ခံစားရႏိုင္ပါတယ္။
၃။ႂကြက္တက္ျခင္း
အိပ္ေပ်ာ္ေနခ်ိန္မွာ ႐ုတ္တရက္ ႂကြက္တက္ျခင္းဟာ ခံစားရ သိပ္ခက္ပါတယ္။ဒီလိုမ်ိဳး ႂကြက္တက္ျခင္း မၾကာခခဏ ျဖစ္ေနျခင္းမွာ ပန္ကာက ေလေအးမ်ားကို တိုက္႐ိုက္ထိေတြတာေၾကာင့္ ပဲျဖစ္ပါတယ္။ ပန္ကာေလတင္မကဘဲ အဲကြန္းေလကလည္း သင့္ကို မၾကာခဏ ႂကြက္တက္ေစပါတယ္။
ပူအိုက္တဲ့ ရာသီဥတုေၾကာင့္ ပန္ကာဖြင့္အိပ္ေနတဲ့ သူေတြအတြက္ အႀကံေကာင္းေလးေတြကိုလည္းေ ပးခ်င္ပါေသးတယ္။
၁။ ပန္ကာဖြင့္အိပ္မယ့္ အစား သဘာဝေလရေစဖို႔အတြက္ ျပတင္းေပါက္ကို ဖြင့္အိပ္ပါ။
၂။ေရစိုထားတဲ့သဘက္သို႔မဟုတ္ ေရအျပည့္ထည့္ထားတဲ့ ခြက္တစ္ခုကို အိပ္ရာအနားမွာ ထားအိပ္ျခင္းကလည္း အိပ္ခန္းထဲမွာ မြန္းက်ပ္ျခင္းကို ေလ်ာ့ခ်ႏိုင္ပါတယ္။
၃။ပန္ကာကို ကိုယ္ႏွင့္ ဆန႔္က်င့္ဘက္သို႔ လွည့္ဖြင့္ၿပီး တိုက္႐ိုက္အေအးခံမယ့္အစား အခန္းကိုပဲေအးေအာင္ထားသင့္ပါတယ္။
Crd
Unicode Version
ပန်ကာဖွင့်ပြီး အိပ်စက်ခြင်းက ဘာဆိုးကျိုးတွေပေးတယ်ဆိုတာ သိချင်ရင်တော့
ရာသီဥတု ပူလောက်တဲ့ နေ့မျိးတွေမှာ ပန်ကာဖွင့်ပြီး အိပ်ကြလေ့ရှိမှာပါ။ ကောင်းကောင်းမွန်မွန်အိပ်စက်သွားနိုင်အောင် ပန်ကာက အအေးဓာတ်ကို ပေးနိုင်ပေမယ့်လည်း ပန်ကာကို ဖွင့်ပြီး နေ့စဉ် အိပ်စက်တဲ့ နောက်မှာ ဆိုးကျိုးတွေလည်း ကြုံရနိုင်ပါတယ်။ဒါကြောင့် မြန်မာ့ပလက်ဖောင်းကနေ ပရိသတ်တွေအတွက် ပန်ကာနှင့် အိပ်စက်ခြင်းကြောင့် ရနိုင်တဲ့ ဆိုးကျိုးများကို ဖော်ပြပေးလိုက်ပါတယ်။ဆက်လက်ဖတ်ရှုလိုက်ကြပါဦးနော်။
၁။ပါးစပ်နှင့် နှာခေါင်းကို ခြောက်သွေ့စေခြင်း
ကျန်းမာရေးနှင့် ညီညွတ်ပြီး တက်တက်ကြွကြွ ရှိနေစေဖို့အတွက် ခန္ဓာကိုယ်မှာ ချွေးထွက်ဖို့လိုအပ်ပြီး ရေဓာတ်ပြည့်ဝနေသင့်ပါတယ်။ပန်ကာနှင့်အိပ်စက်ခြင်း ချွေးမထွက်စေတဲ့ အပြင် ပါးစပ်နှင့် နှာခေါင်းကို ခြောက်သွေ့စေပြီး နေထိုင်မကောင်းဖြစ်စေပါတယ်။အပူပိုင်း ဒေသတွေမှာ နေထိုင်တဲ့ သူတွေ အများဆုံး သတိထားသင့်ပါတယ်။
၂။ဓါတ်မတည့်မှုကို ဖြစ်စေတယ်။
တစ်ခါတစ်ရံမှာ တစ်စုံတစ်ခု ထူးထူးခြားခြားပြောင်းလဲမှုမရှိဘဲနှင့် ခန္ဓာကိုယ်က ဓတ်မတည့်ခြင်း ကို ခံစားရလေ့ရှိတယ်ဆိုရင်တော့ ပန်ကာနှင့် အိပ်တတ်လားဆိုတာ ကို ပြန်လည်ဆန်းစစ်သင့်ပါတယ်။ပန်ကာလေကြောင့် ပန်းနာရင်ကျပ်နှင့် အသက်ရှုကြပ်ခြင်းတို့ အပြင် ဓာတ်မတည့်ခြင်းတို့ကို ခံစားရနိုင်ပါတယ်။
၃။ကြွက်တက်ခြင်း
အိပ်ပျော်နေချိန်မှာ ရုတ်တရက် ကြွက်တက်ခြင်းဟာ ခံစားရ သိပ်ခက်ပါတယ်။ဒီလိုမျိုး ကြွက်တက်ခြင်း မကြာခခဏ ဖြစ်နေခြင်းမှာ ပန်ကာက လေအေးများကို တိုက်ရိုက်ထိတွေတာကြောင့် ပဲဖြစ်ပါတယ်။ ပန်ကာလေတင်မကဘဲ အဲကွန်းလေကလည်း သင့်ကို မကြာခဏ ကြွက်တက်စေပါတယ်။
ပူအိုက်တဲ့ ရာသီဥတုကြောင့် ပန်ကာဖွင့်အိပ်နေတဲ့ သူတွေအတွက် အကြံကောင်းလေးတွေကိုလည်းေ ပးချင်ပါသေးတယ်။
၁။ ပန်ကာဖွင့်အိပ်မယ့် အစား သဘာဝလေရစေဖို့အတွက် ပြတင်းပေါက်ကို ဖွင့်အိပ်ပါ။
၂။ရေစိုထားတဲ့သဘက်သို့မဟုတ် ရေအပြည့်ထည့်ထားတဲ့ ခွက်တစ်ခုကို အိပ်ရာအနားမှာ ထားအိပ်ခြင်းကလည်း အိပ်ခန်းထဲမှာ မွန်းကျပ်ခြင်းကို လျော့ချနိုင်ပါတယ်။
၃။ပန်ကာကို ကိုယ်နှင့် ဆန့်ကျင့်ဘက်သို့ လှည့်ဖွင့်ပြီး တိုက်ရိုက်အအေးခံမယ့်အစား အခန်းကိုပဲအေးအောင်ထားသင့်ပါတယ်။
Crd



