ျပည္တြင္းသတင္း

ဖားကန႔္ရွိ ေျမစာပုံၿပိဳက်ရာေနရာသို႔ သီတဂူဆရာေတာ္ႀကီး ႂကြေရာက္ၿပီး ေမတၱာပို႔သ

ဖားကန႔္ရွိ ေျမစာပုံၿပိဳက်ရာေနရာသို႔ သီတဂူဆရာေတာ္ႀကီး ႂကြေရာက္ၿပီး ေမတၱာပို႔သ

ေက်းဇူးေတာ္ရွင္ သီတဂူဆရာေတာ္ႀကီးသည္ ဇူလိုင္လ ၁၂ ရက္က ဖားကန႔္ၿမိဳ႕နယ္၊ ေဝွခါေမွာ္ ေျမစာပုံၿပိဳက်သည့္ အခင္းျဖစ္ပြားရာေနရာသို႔ ႂကြေရာက္ၿပီး ကြယ္လြန္သြားၾကသူမ်ားအတြက္ ေမတၱာပို႔သေပးခဲ့သည္။

ဇူလိုင္လ ၂ ရက္၊ နံနက္ပိုင္းက ေဝွခါေမွာ္တြင္ ေျမစာပုံ ၿပိဳက်မႈေၾကာင့္ လူ ၁၇၀ ေက်ာ္ ေသဆုံးခဲ့သည္။ ဇူလိုင္လ ၁၃ ရက္ေန႔ မြန္းလြဲပိုင္းတြင္ အခင္းျဖစ္ပြါးရာေနရာအနီး၌ ကြယ္လြန္သူမ်ားကို ရည္စူး၍ ဖားကန႔္ၿမိဳ႕နယ္အတြင္းရွိ

သံဃာေတာ္-၂၀၀ ပါးအတြက္ သကၤန္းတစ္စုံႏွင့္ နဝကမၼ-၁သိန္းက်ပ္စီကို သီတဂူသာသနာျပဳအဖြဲ႕က လႉဒါန္းေပးကာ အမၽွအတန္း ေပးေဝမည္ျဖစ္သည္။

Credit – သီတဂူသတင္း

Photo Credit – သီတဂူေက်ာ္ဆန္းဝင္း

Team (ရိုးရာေလး)

unicode

ဖားကန့်ရှိ မြေစာပုံပြိုကျရာနေရာသို့ သီတဂူဆရာတော်ကြီး ကြွရောက်ပြီး မေတ္တာပို့သ

ကျေးဇူးတော်ရှင် သီတဂူဆရာတော်ကြီးသည် ဇူလိုင်လ ၁၂ ရက်က ဖားကန့်မြို့နယ်၊ ဝှေခါမှော် မြေစာပုံပြိုကျသည့် အခင်းဖြစ်ပွားရာနေရာသို့ ကြွရောက်ပြီး ကွယ်လွန်သွားကြသူများအတွက် မေတ္တာပို့သပေးခဲ့သည်။

ဇူလိုင်လ ၂ ရက်၊ နံနက်ပိုင်းက ဝှေခါမှော်တွင် မြေစာပုံ ပြိုကျမှုကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့သည်။ ဇူလိုင်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းတွင် အခင်းဖြစ်ပွါးရာနေရာအနီး၌ ကွယ်လွန်သူများကို ရည်စူး၍ ဖားကန့်မြို့နယ်အတွင်းရှိ

သံဃာတော်-၂၀၀ ပါးအတွက် သင်္ကန်းတစ်စုံနှင့် နဝကမ္မ-၁သိန်းကျပ်စီကို သီတဂူသာသနာပြုအဖွဲ့က လှူဒါန်းပေးကာ အမျှအတန်း ပေးဝေမည်ဖြစ်သည်။

Credit – သီတဂူသတင်း

Photo Credit – သီတဂူကျော်ဆန်းဝင်း

Team (ရိုးရာလေး)