ၾကားသိရသမွ်

ဇွန်လ (၁၀) ရက်နေ့မှာ နေမီးကွင်းကြတ်မည်

မြောက်ဝင်ရိုးစွန်းတွင် နေမီးကွင်းကြတ်မည်

လာမည့် ကဆုန်လကွယ်ရက်ဖြစ်တဲ့ ၂၀၂၁ ဇွန်လ (၁၀) ရက်နေ့မှာတော့.. နေ နဲ့ ကမ္ဘာအကြားကို လ က ဝင်ရောက်မှာဖြစ်ပြီး.. နေ (မီးကွင်း) ကြတ်ခြင်းဖြစ်စဉ်ကို မြောက်ဝင်ရိုးစွန်း နဲ့ အာတိတ်ရပ်ဝန်းဒေသများမှာ တွေ့မြင်ကြရမှာပဲ ဖြစ်ပါတယ်။ (မြန်မာနိုင်ငံမှ မမြင်ရနိုင်ပါ။)

နေကြတ်ခြင်း၊ လကြတ်ခြင်း တို့ဟာ နေ-လ-ကမ္ဘာ တို့ တတန်းတည်းကျရောက်တဲ့ လပြည့်-လကွယ် ရက်များမှာ ဖြစ်ပေါ်တတ်ပါတယ်။ နေကြတ်ခြင်းဖြစ်စဉ်မှာ နေ နဲ့ ကမ္ဘာအကြား လ ဝင်ရောက်သွားတဲ့အတွက် လရဲ့ အရိပ်ဟာ ကမ္ဘာပေါ်သို့ ဖြတ်သန်းကျရောက်ပြီး အဆိုပါ အရိပ်ကျရောက်တဲ့ ဒေသများမှာ နေကို လက ရုတ်တရက် ဖုံးကွယ်သွားကာ မှောင်သွားတတ်ပါတယ်။

ယခုတကြိမ်မှာ လ ဖြတ်သန်းမှာကတော့.. မြောက်ဝင်ရိုးစွန်းအနီးက ကနေဒါ၊ ဂရင်းလန် နဲ့ ရုရှား ဒေသများပဲဖြစ်ပါတယ်။နေကြတ်မည့် အချိန်ကတော့ (ကမ္ဘာ့အချိန်) UTC 8:13 မှ 13:11 အထိဖြစ်ပါတယ်။

မြန်မာစံတော်ချိန်အရကတော့ ဇွန်လ (၁၁) ရက်နေ့ ၂:၄၃ မှ ၁၉: ၄၁ အထိဖြစ်ပါတယ်။ လရဲ့ အရိပ်ဖျော့ကျရောက်ပြီး နေတပိုင်း (တစိတ်တဒေသ ဖုံးအုပ်ခြင်း) ကိုတော့.. အမေရီကန်၊ ဆွီဒင်၊ ဘာမြူဒါ၊ နော်ဝေ၊ ဖင်လန်၊ အိုက်စလန်၊ တရုတ် နဲ့ မွန်ဂိုလီးယား နိုင်ငံများမှာလည်း တွေ့မြင်ရနိုင်ပါတယ်။

နေ နဲ့ လ တို့ တည်ရှိနေမည့် ကြယ်စုကတော့.. ပြိဿရာသီ (Taurus) ကြယ်စုများပဲ ဖြစ်ပါတော့တယ်..။

အနာဂတ်ပညာရေးအတွက်..သန့်ဦး (အာကာသနှင့် စကြဝဠာ)

——————-

ေျမာက္ဝင္႐ိုးစြန္းတြင္ ေနမီးကြင္းၾကတ္မည္

လာမည့္ ကဆုန္လကြယ္ရက္ျဖစ္တဲ့ ၂၀၂၁ ဇြန္လ (၁၀) ရက္ေန႔မွာေတာ့.. ေန နဲ႔ ကမာၻအၾကားကို လ က ဝင္ေရာက္မွာျဖစ္ၿပီး.. ေန (မီးကြင္း) ၾကတ္ျခင္းျဖစ္စဥ္ကို ေျမာက္ဝင္႐ိုးစြန္း နဲ႔ အာတိတ္ရပ္ဝန္းေဒသမ်ားမွာ ေတြ႕ျမင္ၾကရမွာပဲ ျဖစ္ပါတယ္။ (ျမန္မာႏိုင္ငံမွ မျမင္ရႏိုင္ပါ။)

ေနၾကတ္ျခင္း၊ လၾကတ္ျခင္း တို႔ဟာ ေန-လ-ကမာၻ တို႔ တတန္းတည္းက်ေရာက္တဲ့ လျပည့္-လကြယ္ ရက္မ်ားမွာ ျဖစ္ေပၚတတ္ပါတယ္။ ေနၾကတ္ျခင္းျဖစ္စဥ္မွာ ေန နဲ႔ ကမာၻအၾကား လ ဝင္ေရာက္သြားတဲ့အတြက္ လရဲ႕ အရိပ္ဟာ ကမာၻေပၚသို႔ ျဖတ္သန္းက်ေရာက္ၿပီး အဆိုပါ အရိပ္က်ေရာက္တဲ့ ေဒသမ်ားမွာ ေနကို လက ႐ုတ္တရက္ ဖုံးကြယ္သြားကာ ေမွာင္သြားတတ္ပါတယ္။

ယခုတႀကိမ္မွာ လ ျဖတ္သန္းမွာကေတာ့.. ေျမာက္ဝင္႐ိုးစြန္းအနီးက ကေနဒါ၊ ဂရင္းလန္ နဲ႔ ႐ုရွား ေဒသမ်ားပဲျဖစ္ပါတယ္။ေနၾကတ္မည့္ အခ်ိန္ကေတာ့ (ကမာၻ႔အခ်ိန္) UTC 8:13 မွ 13:11 အထိျဖစ္ပါတယ္။

ျမန္မာစံေတာ္ခ်ိန္အရကေတာ့ ဇြန္လ (၁၁) ရက္ေန႔ ၂:၄၃ မွ ၁၉: ၄၁ အထိျဖစ္ပါတယ္။ လရဲ႕ အရိပ္ေဖ်ာ့က်ေရာက္ၿပီး ေနတပိုင္း (တစိတ္တေဒသ ဖုံးအုပ္ျခင္း) ကိုေတာ့.. အေမရီကန္၊ ဆြီဒင္၊ ဘာျမဴဒါ၊ ေနာ္ေဝ၊ ဖင္လန္၊ အိုက္စလန္၊ တ႐ုတ္ နဲ႔ မြန္ဂိုလီးယား ႏိုင္ငံမ်ားမွာလည္း ေတြ႕ျမင္ရႏိုင္ပါတယ္။

ေန နဲ႔ လ တို႔ တည္ရွိေနမည့္ ၾကယ္စုကေတာ့.. ၿပိႆရာသီ (Taurus) ၾကယ္စုမ်ားပဲ ျဖစ္ပါေတာ့တယ္..။

အနာဂတ္ပညာေရးအတြက္..သန႔္ဦး (အာကာသႏွင့္ စၾကဝဠာ)