စဉ်းစားဖူးလား ကြက်ဥတွေ ဘာလို့အရောင်မတူလဲ
အိမ်နောက်ဖေးမီးဖိုချောင်ကိုစီမံခန့်ခွဲရတဲ့ အိမ်ရှင်မတွေအနေနဲ့ မီးဖိုချောင်ထဲ ပစ္စည်းတွေနဲ့ပတ်သက်ပြီးဗဟုသုတ ကြွယ်ဝကြပါတယ်။ ဥပမာ…. ငရုပ်သီးတွေကိုအရောင်ကြည့်ပြီး ခွဲခြားလို့ရပါတယ်။
အနီရောင်ငရုပ်သီးဆိုရင်ဘယ်အရသာ၊အစိမ်းရောင်ငရုပ်သီးဆိုရင်ဘယ်အရသာ၊လိမ္မော်ရောင်ငရုပ်သီးဆိုရင်ဘယ်အရသာအစရှိသဖြင့် အမျိုးအစားခွဲခြားနိုင်ပါတယ်။ဒါပေမယ့်ကြက်ဥတွေမှာကောအရောင်ကိုကြည့်ပြီးအမျိုးအစားခွဲခြားနိုင်ပါသလား။အမျိုးအစားခွဲခြားဖို့ကောလိုပါသလား။
ကြက်ဥအမျိုးအစားဘယ်နှမျိုးရှိစူပါမားကက်တစ်ခုမှာပဲဖြစ်ဖြစ်၊ ဈေးတန်းတစ်ခုမှာပဲဖြစ်ဖြစ်အဓိကတွေ့ရမယ့် ကြက်ဥအရောင် (၂) မျိုးကတော့အဖြူရောင်နဲ့ အညိုရောင်ပါပဲ။ ဒါပေမယ့် ကြက်ဥအဖြူရောင်နဲ့အညိုရောင်ဆိုပြီးကွဲပြားနေရခြင်းရဲ့နောက်ကွယ်ကရည်ရွယ်ချက်ကဘာလဲ။
ဘာကြောင့်အဲဒီလိုမျိုးအရောင်တွေကွဲပြားနေရတာလဲ။ အထဲမှာပါတဲ့ကြက်ဥအရသာကတော့ တူတူပါပဲ။ နောက်ပြီး ကြက်ဥမွှေကြော်လုပ်မယ် ဆိုရင်လည်းတူညီတဲ့အရသာပဲထွက်လာမှာပါပဲ။ဒါဆိုရင်ဘာလို့အခွံအရောင်တွေကွဲပြားနေရတာလဲ။
မျိုးရိုးဗီဇကြောင့်NewYorkTimesသတင်းစာကတော့ကြက်ဥတွေကိုဥတဲ့ကြက်မတွေရဲ့နားသန်သီးနဲ့အမွှေးအတောင်အရောင်ကွဲပြားမှုတွကြောင့်ကြက်ဥတွေအရောင်ကွဲပြားရတာဖြစ်ပါတယ်လို့ဆိုပါတယ်။ “မျိုးရိုးဗီဇတွေကလည်းကြက်ဥအခွံရဲ့အရောင်ကိုအဆုံးအဖြတ်ပေးပါတယ်”လို့ Dr. Buiကဆိုပါတယ်။
အမွှေးအတောင်အဖြူရောင်၊နားသန်သီးအဖြူရောင်နဲ့ကြက်မတွေဟာအဖြူရောင်ကြက်ဥတွေကိုဥပြီး အမွှေးအတောင် အနီရောင်/အညိုရောင်၊ အနီရောင်နားသန်သီးနဲ့ကြက်မတွေကတော့အညိုရောင်ကြက်ဥတွေကို ဥပါသတဲ့။ Ameraucana မျိုးစိတ်လို့ခေါ်တဲ့အီစတာကြက်ဥဥတဲ့ကြက်မတွေကတော့ အပြာရောင် အခွံနဲ့ကြက်ဥတွေကိုဥပါတယ်တဲ့။
ဒါဆိုရင်တော့ရှင်းသွားပါပြီ။ ကြက်ဥနဲ့ ကြက်မဘယ်ကစဆိုတဲ့စကားအတိုင်းပဲ။ ကြက်ဥရဲ့အရောင်ကွဲပြားမှုနဲ့ ကြက်ဥကိုဥတဲ့ ကြက်မရဲ့မျိုးရိုးဗီဇတွေဟာ ဆက်နွယ်နေပါတယ်။
မျိုးရိုးဗီဇကွာခြားလို့ အရသာလည်း ကွာခြားမှာတော့မဟုတ်ပါဘူး။ဒါပေမယ့်အဓိကကွာခြားမှုကအရောင်တစ်ခုတည်းဆိုရင်ဘာလို့စူပါမားကက်တွေမှာ အဖြူရောင်ကြက်ဥတွေက အညိုရောင်ကြက်ဥ တွေထက်ပိုများနေရတာလဲ။
အဖြေကတော့ကုန်ကျစရိတ်ကြောင့်ပါပဲတဲ့။အညိုရောင်ကြက်ဥဥတဲ့ကြက်မတွေကအကောင်လည်းပိုကြီးပြီး မွေးမြူစရိတ်လည်းပိုမိုကုန်ကျပါတယ်တဲ့။ ဒါကြောင့်ကုန်ကျစရိတ်အားဖြင့်ပိုသက်သာပြီးပိုကိုက်တဲ့အဖြူရောင်ကြက်ဥတွေရောင်းအားကောင်းနေရတာပါ။
ကဲ…. ဒီလောက်ဆိုရင်တော့ကျွန်တော်တို့ရဲ့နေ့စဉ်အစားအသောက်တွေမှာအဓိကနေရာတစ်ခုကပါဝင်နေတဲ့ ကြက်ဥအဖြူနဲ့အညိုကြားကကွဲပြားမှုအကြောင်းကို ရှင်းသွားလောက်ပါပြီ။ Credit
စဥ္းစားဖူးလား ၾကက္ဥေတြ ဘာလုိ႔အေရာင္မတူလဲ
အိမ္ေနာက္ေဖးမီးဖိုေခ်ာင္ကိုစီမံခန႔္ခြဲရတဲ့ အိမ္ရွင္မေတြအေနနဲ႔ မီးဖိုေခ်ာင္ထဲ ပစၥည္းေတြနဲ႔ပတ္သက္ၿပီးဗဟုသုတ ႂကြယ္ဝၾကပါတယ္။ ဥပမာ…. င႐ုပ္သီးေတြကိုအေရာင္ၾကည့္ၿပီး ခြဲျခားလို႔ရပါတယ္။
အနီေရာင္င႐ုပ္သီးဆိုရင္ဘယ္အရသာ၊အစိမ္းေရာင္င႐ုပ္သီးဆိုရင္ဘယ္အရသာ၊လိေမၼာ္ေရာင္င႐ုပ္သီးဆိုရင္ဘယ္အရသာအစရွိသျဖင့္ အမ်ိဳးအစားခြဲျခားႏိုင္ပါတယ္။ဒါေပမယ့္ၾကက္ဥေတြမွာေကာအေရာင္ကိုၾကည့္ၿပီးအမ်ိဳးအစားခြဲျခားႏိုင္ပါသလား။အမ်ိဳးအစားခြဲျခားဖို႔ေကာလိုပါသလား။
ၾကက္ဥအမ်ိဳးအစားဘယ္ႏွမ်ိဳးရွိစူပါမားကက္တစ္ခုမွာပဲျဖစ္ျဖစ္၊ ေဈးတန္းတစ္ခုမွာပဲျဖစ္ျဖစ္အဓိကေတြ႕ရမယ့္ ၾကက္ဥအေရာင္ (၂) မ်ိဳးကေတာ့အျဖဴေရာင္နဲ႔ အညိဳေရာင္ပါပဲ။ ဒါေပမယ့္ ၾကက္ဥအျဖဴေရာင္နဲ႔အညိဳေရာင္ဆိုၿပီးကြဲျပားေနရျခင္းရဲ႕ေနာက္ကြယ္ကရည္႐ြယ္ခ်က္ကဘာလဲ။
ဘာေၾကာင့္အဲဒီလိုမ်ိဳးအေရာင္ေတြကြဲျပားေနရတာလဲ။ အထဲမွာပါတဲ့ၾကက္ဥအရသာကေတာ့ တူတူပါပဲ။ ေနာက္ၿပီး ၾကက္ဥေမႊေၾကာ္လုပ္မယ္ ဆိုရင္လည္းတူညီတဲ့အရသာပဲထြက္လာမွာပါပဲ။ဒါဆိုရင္ဘာလို႔အခြံအေရာင္ေတြကြဲျပားေနရတာလဲ။
မ်ိဳး႐ိုးဗီဇေၾကာင့္NewYorkTimesသတင္းစာကေတာ့ၾကက္ဥေတြကိုဥတဲ့ၾကက္မေတြရဲ႕နားသန္သီးနဲ႔အေမႊးအေတာင္အေရာင္ကြဲျပားမႈတြေၾကာင့္ၾကက္ဥေတြအေရာင္ကြဲျပားရတာျဖစ္ပါတယ္လို႔ဆိုပါတယ္။ “မ်ိဳး႐ိုးဗီဇေတြကလည္းၾကက္ဥအခြံရဲ႕အေရာင္ကိုအဆုံးအျဖတ္ေပးပါတယ္”လို႔ Dr. Buiကဆိုပါတယ္။
အေမႊးအေတာင္အျဖဴေရာင္၊နားသန္သီးအျဖဴေရာင္နဲ႔ၾကက္မေတြဟာအျဖဴေရာင္ၾကက္ဥေတြကိုဥၿပီး အေမႊးအေတာင္ အနီေရာင္/အညိဳေရာင္၊ အနီေရာင္နားသန္သီးနဲ႔ၾကက္မေတြကေတာ့အညိဳေရာင္ၾကက္ဥေတြကို ဥပါသတဲ့။ Ameraucana မ်ိဳးစိတ္လို႔ေခၚတဲ့အီစတာၾကက္ဥဥတဲ့ၾကက္မေတြကေတာ့ အျပာေရာင္ အခြံနဲ႔ၾကက္ဥေတြကိုဥပါတယ္တဲ့။
ဒါဆိုရင္ေတာ့ရွင္းသြားပါၿပီ။ ၾကက္ဥနဲ႔ ၾကက္မဘယ္ကစဆိုတဲ့စကားအတိုင္းပဲ။ ၾကက္ဥရဲ႕အေရာင္ကြဲျပားမႈနဲ႔ ၾကက္ဥကိုဥတဲ့ ၾကက္မရဲ႕မ်ိဳး႐ိုးဗီဇေတြဟာ ဆက္ႏြယ္ေနပါတယ္။
မ်ိဳး႐ိုးဗီဇကြာျခားလို႔ အရသာလည္း ကြာျခားမွာေတာ့မဟုတ္ပါဘူး။ဒါေပမယ့္အဓိကကြာျခားမႈကအေရာင္တစ္ခုတည္းဆိုရင္ဘာလို႔စူပါမားကက္ေတြမွာ အျဖဴေရာင္ၾကက္ဥေတြက အညိဳေရာင္ၾကက္ဥ ေတြထက္ပိုမ်ားေနရတာလဲ။
အေျဖကေတာ့ကုန္က်စရိတ္ေၾကာင့္ပါပဲတဲ့။အညိဳေရာင္ၾကက္ဥဥတဲ့ၾကက္မေတြကအေကာင္လည္းပိုႀကီးၿပီး ေမြးျမဴစရိတ္လည္းပိုမိုကုန္က်ပါတယ္တဲ့။ ဒါေၾကာင့္ကုန္က်စရိတ္အားျဖင့္ပိုသက္သာၿပီးပိုကိုက္တဲ့အျဖဴေရာင္ၾကက္ဥေတြေရာင္းအားေကာင္းေနရတာပါ။
ကဲ…. ဒီေလာက္ဆိုရင္ေတာ့ကြၽန္ေတာ္တို႔ရဲ႕ေန႔စဥ္အစားအေသာက္ေတြမွာအဓိကေနရာတစ္ခုကပါဝင္ေနတဲ့ ၾကက္ဥအျဖဴနဲ႔အညိဳၾကားကကြဲျပားမႈအေၾကာင္းကို ရွင္းသြားေလာက္ပါၿပီ။ Credit