မြန်မာနိုင်ငံဆေးဝါးလုပ်ငန်းစက်ရုံကထုတ်လုပ်တဲ့ဓာတ်ဆား…နိုင်ငံတကာမှတင်သွင်းရောင်းချတဲ့ဓာတ်ဆားမျိူ းစုံအပြင်ဈေးကွက်ထဲမှာ
ရိုးရိုးဓာတ်ဆားများ/သစ်သီးစုံဓာတ်ဆားများအများအပြားရောင်းချနေပြီး တမျိူးနဲ့တမျိူး အာနိသင်သိသာစွာကွာခြားခြင်းမရှိပဲအားလုံးကောင်းကြပါတယ်။အရည်အသွေးပြည့်ဝပြီး ကြာရှည်အထားခံတာကတော့မြန်မာနိုင်ငံဆေးဝါးစက်ရုံ(MPF)ကထုတ်တဲ့ ဓာတ်ဆားပါ။
ဓာတ်ဆားထုတ်ဝယ်ရင် ဘာတွေသိထားသင့်လဲ
ဓာတ်တားထုတ်ဝယ်တဲ့အခါပထမဆုံးကြည့်သင့်တာက သက်တမ်းကုန်ဆုံးရက်(Expiry date)ပါ…Date ကောင်းတာနဲ့တင်မပြီးပါဘူး။လတ်ဆပ်မှု့ရှိ/မရှိ လှုပ်ကြည့်ရပါမယ်။ကပ်နေရင်(သို့)အထဲကအမှုံ့အရောင်ပြောင်းနေရင် လုံးဝမသောက်သင့်ပါဘူး။
ဓာတ်ဆားထုတ်ကို ဘယ်လိုထားသိုရမလဲ…ဘယ်ရေနဲ့ဖျော်ရမလဲ
ဓာတ်ဆားတထုတ်ကို ရေကျက်အေး(သို့)ရေတစ်လီတာ/ရေသန့်တဗူးနဲ့ဖျော်ရမှာပါ…။ သတိထားရမှာက ရေနွေးနဲ့မဖျော်ရသလို… ရေခဲသေတ္တာထဲကရေအေးနဲ့လဲမဖျော်သင့်ပါဘူး…။ဓာတ်ပျယ်သွားတတ်လို့ပါ…။
ဓာတ်ဆားထုတ်ကိုအေးပြီးခြောက်သွေ့တဲ့နေရာမှာထားသိုရမှာဖြစ်ပြီး…နေရောင်ခြည်တိုက်ရိုက်ထိတွေ့တဲ့နေရာတွေမှာ မထားသင့်ပါဘူူး…။ဓာတ်ဆားရည်ကို ဖျော်ပြီး ၂၄ နာရီအတွင်းကုန်အောင်သောက်ရမှာဖြစ်ပြီး ၂၄ နာရီထက်ကျော်သွားတဲ့ ဓာတ်ဆားရည်ကို သွန်ပစ်ရမှာပါ…။
တစ်နေ့ဘယ်နှစ်ထုတ်သောက်ရမလဲ…ဘယ်လိုလူတွေမသောက်ရဘူူးလဲ
ပုံမှန်အားဖြင့်ဓာတ်ဆားကို တစ်ရက်အများဆုံး ၂ ထုတ်သာသုံးသင့်ပါတယ်။ ၂ထုတ်ထက်ပိုသောက်မိရင်ခန္ဓာကိုယ်ကပိုနေမဲ့ဆားဓာတ်ကိုမစွန့်ထုတ်နိုင်ပဲသွေးတိုးရောဂါဖြစ်တတ်လို့ပါ။ဓာတ်ဆားထုတ်ကို ဆီးချိူ /သွေးတိုးရှိသူတွေ ဆရာဝန်ညွှန်ကြားချက်နဲ့မှသောက်သင့်ပါတယ်။
ဒါကြောင့်တန်ဆေးလွန်ဘေးဆိုသလိုချွေးထွက်အလွန်များတဲ့ယခုလိုနွေရာသီမှာဓာတ်ဆားထုတ်သောက်တဲ့အခါ…ဆင်ခြင်စရာလေးတွေကို ကျန်းမာရေးဗဟုသုတအနေနဲ့ တင်ပြလိုက်ရပါတယ်။
Zawgyi
ျမန္မာႏိုင္ငံေဆးဝါးလုပ္ငန္းစက္႐ုံကထုတ္လုပ္တဲ့ဓာတ္ဆား…ႏိုင္ငံတကာမွတင္သြင္းေရာင္းခ်တဲ့ဓာတ္ဆားမ်ိဴ းစုံအျပင္ေဈးကြက္ထဲမွာ
႐ိုး႐ိုးဓာတ္ဆားမ်ား/သစ္သီးစုံဓာတ္ဆားမ်ားအမ်ားအျပားေရာင္းခ်ေနၿပီး တမ်ိဴးနဲ႔တမ်ိဴး အာနိသင္သိသာစြာကြာျခားျခင္းမရွိပဲအားလုံးေကာင္းၾကပါတယ္။အရည္အေသြးျပည့္ဝၿပီး ၾကာရွည္အထားခံတာကေတာ့ျမန္မာႏိုင္ငံေဆးဝါးစက္႐ုံ(MPF)ကထုတ္တဲ့ ဓာတ္ဆားပါ။
ဓာတ္ဆားထုတ္ဝယ္ရင္ ဘာေတြသိထားသင့္လဲ
ဓာတ္တားထုတ္ဝယ္တဲ့အခါပထမဆုံးၾကည့္သင့္တာက သက္တမ္းကုန္ဆုံးရက္(Expiry date)ပါ…Date ေကာင္းတာနဲ႔တင္မၿပီးပါဘူး။လတ္ဆပ္မႈ႕ရွိ/မရွိ လႈပ္ၾကည့္ရပါမယ္။ကပ္ေနရင္(သို႔)အထဲကအမႈံ႕အေရာင္ေျပာင္းေနရင္ လုံးဝမေသာက္သင့္ပါဘူး။
ဓာတ္ဆားထုတ္ကို ဘယ္လိုထားသိုရမလဲ…ဘယ္ေရနဲ႔ေဖ်ာ္ရမလဲ
ဓာတ္ဆားတထုတ္ကို ေရက်က္ေအး(သို႔)ေရတစ္လီတာ/ေရသန႔္တဗူးနဲ႔ေဖ်ာ္ရမွာပါ…။ သတိထားရမွာက ေရေႏြးနဲ႔မေဖ်ာ္ရသလို… ေရခဲေသတၱာထဲကေရေအးနဲ႔လဲမေဖ်ာ္သင့္ပါဘူး…။ဓာတ္ပ်ယ္သြားတတ္လို႔ပါ…။
ဓာတ္ဆားထုတ္ကိုေအးၿပီးေျခာက္ေသြ႕တဲ့ေနရာမွာထားသိုရမွာျဖစ္ၿပီး…ေနေရာင္ျခည္တိုက္႐ိုက္ထိေတြ႕တဲ့ေနရာေတြမွာ မထားသင့္ပါဘူူး…။ဓာတ္ဆားရည္ကို ေဖ်ာ္ၿပီး ၂၄ နာရီအတြင္းကုန္ေအာင္ေသာက္ရမွာျဖစ္ၿပီး ၂၄ နာရီထက္ေက်ာ္သြားတဲ့ ဓာတ္ဆားရည္ကို သြန္ပစ္ရမွာပါ…။
တစ္ေန႔ဘယ္ႏွစ္ထုတ္ေသာက္ရမလဲ…ဘယ္လိုလူေတြမေသာက္ရဘူူးလဲ
ပုံမွန္အားျဖင့္ဓာတ္ဆားကို တစ္ရက္အမ်ားဆုံး ၂ ထုတ္သာသုံးသင့္ပါတယ္။ ၂ထုတ္ထက္ပိုေသာက္မိရင္ခႏၶာကိုယ္ကပိုေနမဲ့ဆားဓာတ္ကိုမစြန႔္ထုတ္ႏိုင္ပဲေသြးတိုးေရာဂါျဖစ္တတ္လို႔ပါ။ဓာတ္ဆားထုတ္ကို ဆီးခ်ိဴ /ေသြးတိုးရွိသူေတြ ဆရာဝန္ၫႊန္ၾကားခ်က္နဲ႔မွေသာက္သင့္ပါတယ္။
ဒါေၾကာင့္တန္ေဆးလြန္ေဘးဆိုသလိုေခြၽးထြက္အလြန္မ်ားတဲ့ယခုလိုေႏြရာသီမွာဓာတ္ဆားထုတ္ေသာက္တဲ့အခါ…ဆင္ျခင္စရာေလးေတြကို က်န္းမာေရးဗဟုသုတအေနနဲ႔ တင္ျပလိုက္ရပါတယ္။