ၾကားသိရသမွ်

ေျခာက္ေထာင္နဲ႔ ရမလား ေျခာက္ေထာင္နဲ႔ ရရင္ ယူမယ္ ဆိုတဲ့ မိန္းကေလးေရ ေက်းဇူးပါ..

မိန္းကေလး.. အမ်ားစု သိပ္ထူးခြၽန္တဲ့ ေနရာေတြထဲမွာ

ေစ်းဆစ္ တာကလည္း တစ္ခု.. အပါအဝင္ ပဲခင္ဗ်

အခုလည္း ၾကည့္ေလ.. တစ္ေသာင္းႏွစ္ ေထာင္တန္တဲ့ ပစၥည္းကို တစ္ဝက္ေစ်းနဲ႔ ေခါက္ခ်ိဳး ဆစ္ခ်ေနတာ

ကိုယ့္မွာ.. ေတာ့ လက္မွာ ေ႐ႊလက္ ေကာက္ေတြ တစ္ေတာင္ ေလာက္ ဝတ္ထားတဲ့ ဆိုင္ပိုင္ရွင္ အန္တီ.. ႀကီးကို ၾကည့္ၿပီး အားနာလွၿပီ

သူ႔လွမ္းၾကည့္.. လိုက္ေတာ့ မ်က္ႏွာက ျပတ္သားေန.. လိုက္တာ။ေျခာက္ ေထာင္နဲ႔ရရင္ ယူမယ္၊ မရရင္ မယူဘူး ဆိုတဲ့ ဒီဇိုင္း..

ကိုယ္သူ႔ကို အဲ့ဒီေလာက္အထိေတာ့ မလုပ္ပါ နဲ႔ဆိုတဲ့။အားနာစရာ မ်က္ႏွာေပးနဲ႔ တခ်က္ၾကည့္ၿပီး.. လက္ကို လွမ္းတို႔ပါေသးတယ္

ဒီေတာ့ သူကလည္း ေခသူေတာ့ မဟုတ္ဘူးဆရာ.. ရွင္မသိရင္ အသာေန၊ ဝင္မပါနဲ႔၊ က်မဘာသာၾကည့္လုပ္မယ္

ဆိုတဲ့ မ်က္ႏွာေပးနဲ႔ တခ်က္ျပန္ကဲၾကည့္ရင္း ကိုယ့္လက္ကို.. အသာပုတ္ ထုတ္ပါတယ္

“ေျခာက္ေထာင္ေတာ့ မလုပ္ပါနဲ႔ သမီးေလးရယ္၊ ေစ်းရင္းကိုရွစ္ေထာင္ရွိပါတယ္။ တစ္ေထာင္ေတာ့ ေပးစားေနာ္

ကိုးေထာင္အတိနဲ႔ ယူသြား ဟုတ္ၿပီလား”

“မရဘူး၊ ေျခာက္ေထာင္ပဲ”

“ေျခာက္ေထာင္ကေတာ့ တကယ္မရလို႔ပါ၊ ရရင္ ေပးပါတယ္

ငါ့သမီးေလးရယ္၊ ကဲ ကဲ ခုနစ္ေထာင္နဲ႔ ယူသြား ဟုတ္လား”

ဟာ မဆိုးဘူးေပ့ါ၊ ဒီေလာက္ဆို။ ကိုယ္က ယူၿပီပဲ ထင္တာေပါ့

တစ္ေထာင္ပဲကြာေတာ့တာမလားဗ်ာ

“ဟင့္အင္း၊ မရဘူး၊ ေျခာက္ေထာင္အတိပဲ”

ကိုင္း ခက္ၿပီ၊ ေငြေလးတစ္ေထာင္နဲ႔မ်ားကြာ ကပ္ေနေသးတယ္

ကိုယ့္မွာ အားကလည္းနာ၊ မ်က္ႏွာကလည္းပူ

“ေျခာက္ေထာင္ေတာ့ တကယ္မရလို႔ပါ”

“မရရင္လည္း ထားလိုက္ေတာ့၊ ကဲ လာသြားမယ္”

ကိုယ့္လက္ကို ဆြဲၿပီး ထြက္သြားပါတယ္.. ကိုယ္ဒီေလာက္ေတာ့ နပ္ပါတယ္၊ ဒါက ေစ်းဆစ္တဲ့

နည္းဗ်ဴဟာေတြထဲမွာ ေနာက္ဆုံးထုတ္သုံးရတဲ့ အကြက္မလား

လိုခ်င္တဲ့ေစ်းနဲ႔ မရလို႔ အေခ်အတင္ျဖစ္ရင္း ေစ်းဝယ္ကစိတ္ကုန္ၿပီး ထြက္သြားဟန္ျပင္မယ္၊ ေျခလွမ္း ငါးလွမ္းအကြာစကၠန္႔ သုံးစကၠန္႔ခြဲေလာက္အၾကာမွာေစ်းသည္က ကဲလာပါယူသြား၊ ယူသြား၊ ေဖာက္သည္ရင္းမို႔၊ ေစ်းဦးေပါက္မို႔၊အရႈံးခံၿပီး ေပးလိုက္မယ္ ဘာညာသရကာ ေနၾကာကြာေစ့ေပ့ါ

အခုလည္း အထက္ေဖာ္ျပပါ ေစ်းဆစ္ျခင္း နည္းဗ်ဴဟာအေဟာင္းနဲ႔ပဲ သိသိႀကီးနဲ႔ ရလာခဲ့ပါတယ္

“ရွင္ဘာသိလို႔လဲ၊ ဒါမ်ိဳးေတြက အဲ့ေလာက္ဆစ္မွေတာ္ကာက်တာ” တဲ့

ေၾသာ္

ကိုယ္ေတြကေတာ့ ေစ်းဝယ္တဲ့အခါ သိပ္ဆစ္တတ္တဲ့အထဲမွာ မပါပါဘူး။ တခါတေလ ဆစ္လို႔ရရင္ေတာင္မေကာင္းတတ္လို႔ “ေလွ်ာ့ဦးေလ” လို႔ပဲ ေျပာတဲ့အဆင့္ပါ

ေလွ်ာ့ရင္လည္းယူတယ္၊ မေလွ်ာ့ရင္လည္း ယူတယ္ေပါ့။ဒီလိုနဲ႔တစ္ေန႔ သူကလိေမၼာ္သီးဝယ္ရေအာင္လို႔ ေျပာပါတယ္

ေျပာရင္းဆိုရင္း သူနဲ႔အတူ လမ္းေလွ်ာက္ေနတုန္း လမ္းေဘးမွာလိေမၼာ္သီးနဲ႔ ငွက္ေပ်ာသီး ထိုင္ေရာင္းေနတဲ့ အဘြားတစ္ေယာက္ကို သြားေတြ႕ပါတယ္

“သူက လိေမၼာ္သီးကို ဒီမွာ ဝယ္မယ္” ဆိုၿပီး ေျပာေျပာဆိုဆိုနဲ႔အဲ့ဒီ အဘြားေရွ႕မွာ ေဆာင့္ေၾကာင့္ထိုင္ၿပီး လိေမၼာ္သီးေတြေ႐ြးပါေလေရာ

တကယ္ဆို အဲ့ဒီအဘြားေရာင္းတဲ့ လိေမၼာ္သီးေတြကသိပ္ၿပီး အရည္အေသြးေကာင္းတာမ်ိဳးမဟုတ္သလိုကိုယ္ေတြလိုခ်င္တာမ်ိဳးလည္း မဟုတ္ပါဘူး

ေတာဘက္က တက္လာၿပီး ေရာင္းတယ္လို႔ ယူဆရတဲ့အဘြားက အသက္လည္း ေတာ္ေတာ္ႀကီးေနၿပီျဖစ္သလိုႏြမ္းႏြမ္းလ်လ်နဲ႔ လက္က်န္ဘဝကို ခက္ခက္ခဲခဲ႐ုန္းကန္ေနရတဲ့ အေနအထားမ်ိဳးပါ။ဒီလိုအခ်ိန္မွာ သူက အဘြားဆီက လိေမၼာ္သီးေတြဝင္ေ႐ြးေနေတာ့ အဘြားခင္ဗ်ာ အားေတြတက္ၿပီးေပ်ာ္လို႔ေပ့ါဗ်ာ။ မ်က္စိထဲ ျမင္ေယာင္ၾကည့္ေပါ့

ၿပီးေတာ့ ဇာတ္လမ္းက စပါၿပီ

“ဘယ္ေလာက္က်လဲ အဘြား”တဲ့

ကိုယ္ထင္တာကေတာ့ လုပ္ေတာ့မယ္ေပ့ါ၊ အဘြားကေစ်းေျပာရင္ ထုံးစံအတိုင္း ဆစ္ဦးမယ္ေပ့ါ၊ ေခါက္ခ်ိဳးေတြ

အဘြားကလည္း အပိုေတြ ထည့္ေပးရင္း ေစ်းေျပာပါတယ္

သုံးေထာင္တဲ့

သူကၿပဳံးၿပီး ငါးေထာင္တန္တစ္႐ြက္ ထုတ္ေပးတယ္

“ငွက္ေပ်ာသီးလည္း ယူဦးမယ္ အဘြား၊ ပိုေသးရင္ျပန္မအမ္းနဲ႔ေတာ့”

ငွက္ေပ်ာသီးနဲ႔ လိေမၼာ္သီးေတြ ဆြဲရင္း ထြက္လာၾကေတာ့အဘြားက ကိုယ္ေတြကို ေတြေတြႀကီးေငးရင္းက်န္ေနခဲ့ပါတယ္

အဲ့ဒီအခ်ိန္ ကိုယ့္စိတ္ထဲမွာ ေျပာမျပတတ္တဲ့ ၾကည္ႏူးမႈတစ္ခုကိုသိမ့္ကနဲ ခံစားလိုက္ရတယ္

သူ႔ကို စိုက္ၾကည့္ရင္း ေမးလိုက္တယ္

“ဒီတစ္ခါက် ေစ်းမဆစ္ေတာ့ပါလား” လို႔

သူကိုယ့္ကို မ်က္ေစာင္းတခ်က္လွမ္းခဲရင္း ဆတ္ကနဲ ျပန္ေျဖပါတယ္

“မသိရင္ မွတ္ထား၊ ေစ်းဆိုတာ ဝယ္တတ္ရင္ ကုသိုလ္ရတယ္ရွင့္” တဲ့

Credit

Unicode

မိန်းကလေး.. အများစု သိပ်ထူးချွန်တဲ့ နေရာတွေထဲမှာ

စျေးဆစ် တာကလည်း တစ်ခု.. အပါအဝင် ပဲခင်ဗျ

အခုလည်း ကြည့်လေ.. တစ်သောင်းနှစ် ထောင်တန်တဲ့ ပစ္စည်းကို တစ်ဝက်စျေးနဲ့ ခေါက်ချိုး ဆစ်ချနေတာ

ကိုယ့်မှာ.. တော့ လက်မှာ ရွှေလက် ကောက်တွေ တစ်တောင် လောက် ဝတ်ထားတဲ့ ဆိုင်ပိုင်ရှင် အန်တီ.. ကြီးကို ကြည့်ပြီး အားနာလှပြီ

သူ့လှမ်းကြည့်.. လိုက်တော့ မျက်နှာက ပြတ်သားနေ.. လိုက်တာ။ခြောက် ထောင်နဲ့ရရင် ယူမယ်၊ မရရင် မယူဘူး ဆိုတဲ့ ဒီဇိုင်း..

ကိုယ်သူ့ကို အဲ့ဒီလောက်အထိတော့ မလုပ်ပါ နဲ့ဆိုတဲ့။အားနာစရာ မျက်နှာပေးနဲ့ တချက်ကြည့်ပြီး.. လက်ကို လှမ်းတို့ပါသေးတယ်

ဒီတော့ သူကလည်း ခေသူတော့ မဟုတ်ဘူးဆရာ.. ရှင်မသိရင် အသာနေ၊ ဝင်မပါနဲ့၊ ကျမဘာသာကြည့်လုပ်မယ်

ဆိုတဲ့ မျက်နှာပေးနဲ့ တချက်ပြန်ကဲကြည့်ရင်း ကိုယ့်လက်ကို.. အသာပုတ် ထုတ်ပါတယ်

“ခြောက်ထောင်တော့ မလုပ်ပါနဲ့ သမီးလေးရယ်၊ စျေးရင်းကိုရှစ်ထောင်ရှိပါတယ်။ တစ်ထောင်တော့ ပေးစားနော်

ကိုးထောင်အတိနဲ့ ယူသွား ဟုတ်ပြီလား”

“မရဘူး၊ ခြောက်ထောင်ပဲ”

“ခြောက်ထောင်ကတော့ တကယ်မရလို့ပါ၊ ရရင် ပေးပါတယ်

ငါ့သမီးလေးရယ်၊ ကဲ ကဲ ခုနစ်ထောင်နဲ့ ယူသွား ဟုတ်လား”

ဟာ မဆိုးဘူးပေ့ါ၊ ဒီလောက်ဆို။ ကိုယ်က ယူပြီပဲ ထင်တာပေါ့

တစ်ထောင်ပဲကွာတော့တာမလားဗျာ

“ဟင့်အင်း၊ မရဘူး၊ ခြောက်ထောင်အတိပဲ”

ကိုင်း ခက်ပြီ၊ ငွေလေးတစ်ထောင်နဲ့များကွာ ကပ်နေသေးတယ်

ကိုယ့်မှာ အားကလည်းနာ၊ မျက်နှာကလည်းပူ

“ခြောက်ထောင်တော့ တကယ်မရလို့ပါ”

“မရရင်လည်း ထားလိုက်တော့၊ ကဲ လာသွားမယ်”

ကိုယ့်လက်ကို ဆွဲပြီး ထွက်သွားပါတယ်.. ကိုယ်ဒီလောက်တော့ နပ်ပါတယ်၊ ဒါက စျေးဆစ်တဲ့

နည်းဗျူဟာတွေထဲမှာ နောက်ဆုံးထုတ်သုံးရတဲ့ အကွက်မလား

လိုချင်တဲ့စျေးနဲ့ မရလို့ အချေအတင်ဖြစ်ရင်း စျေးဝယ်ကစိတ်ကုန်ပြီး ထွက်သွားဟန်ပြင်မယ်၊ ခြေလှမ်း ငါးလှမ်းအကွာစက္ကန့် သုံးစက္ကန့်ခွဲလောက်အကြာမှာစျေးသည်က ကဲလာပါယူသွား၊ ယူသွား၊ ဖောက်သည်ရင်းမို့၊ စျေးဦးပေါက်မို့၊အရှုံးခံပြီး ပေးလိုက်မယ် ဘာညာသရကာ နေကြာကွာစေ့ပေ့ါ

အခုလည်း အထက်ဖော်ပြပါ စျေးဆစ်ခြင်း နည်းဗျူဟာအဟောင်းနဲ့ပဲ သိသိကြီးနဲ့ ရလာခဲ့ပါတယ်

“ရှင်ဘာသိလို့လဲ၊ ဒါမျိုးတွေက အဲ့လောက်ဆစ်မှတော်ကာကျတာ” တဲ့

သြော်

ကိုယ်တွေကတော့ စျေးဝယ်တဲ့အခါ သိပ်ဆစ်တတ်တဲ့အထဲမှာ မပါပါဘူး။ တခါတလေ ဆစ်လို့ရရင်တောင်မကောင်းတတ်လို့ “လျှော့ဦးလေ” လို့ပဲ ပြောတဲ့အဆင့်ပါ

လျှော့ရင်လည်းယူတယ်၊ မလျှော့ရင်လည်း ယူတယ်ပေါ့။ဒီလိုနဲ့တစ်နေ့ သူကလိမ္မော်သီးဝယ်ရအောင်လို့ ပြောပါတယ်

ပြောရင်းဆိုရင်း သူနဲ့အတူ လမ်းလျှောက်နေတုန်း လမ်းဘေးမှာလိမ္မော်သီးနဲ့ ငှက်ပျောသီး ထိုင်ရောင်းနေတဲ့ အဘွားတစ်ယောက်ကို သွားတွေ့ပါတယ်

“သူက လိမ္မော်သီးကို ဒီမှာ ဝယ်မယ်” ဆိုပြီး ပြောပြောဆိုဆိုနဲ့အဲ့ဒီ အဘွားရှေ့မှာ ဆောင့်ကြောင့်ထိုင်ပြီး လိမ္မော်သီးတွေရွေးပါလေရော

တကယ်ဆို အဲ့ဒီအဘွားရောင်းတဲ့ လိမ္မော်သီးတွေကသိပ်ပြီး အရည်အသွေးကောင်းတာမျိုးမဟုတ်သလိုကိုယ်တွေလိုချင်တာမျိုးလည်း မဟုတ်ပါဘူး

တောဘက်က တက်လာပြီး ရောင်းတယ်လို့ ယူဆရတဲ့အဘွားက အသက်လည်း တော်တော်ကြီးနေပြီဖြစ်သလိုနွမ်းနွမ်းလျလျနဲ့ လက်ကျန်ဘဝကို ခက်ခက်ခဲခဲရုန်းကန်နေရတဲ့ အနေအထားမျိုးပါ။ဒီလိုအချိန်မှာ သူက အဘွားဆီက လိမ္မော်သီးတွေဝင်ရွေးနေတော့ အဘွားခင်ဗျာ အားတွေတက်ပြီးပျော်လို့ပေ့ါဗျာ။ မျက်စိထဲ မြင်ယောင်ကြည့်ပေါ့

ပြီးတော့ ဇာတ်လမ်းက စပါပြီ

“ဘယ်လောက်ကျလဲ အဘွား”တဲ့

ကိုယ်ထင်တာကတော့ လုပ်တော့မယ်ပေ့ါ၊ အဘွားကစျေးပြောရင် ထုံးစံအတိုင်း ဆစ်ဦးမယ်ပေ့ါ၊ ခေါက်ချိုးတွေ

အဘွားကလည်း အပိုတွေ ထည့်ပေးရင်း စျေးပြောပါတယ်

သုံးထောင်တဲ့

သူကပြုံးပြီး ငါးထောင်တန်တစ်ရွက် ထုတ်ပေးတယ်

“ငှက်ပျောသီးလည်း ယူဦးမယ် အဘွား၊ ပိုသေးရင်ပြန်မအမ်းနဲ့တော့”

ငှက်ပျောသီးနဲ့ လိမ္မော်သီးတွေ ဆွဲရင်း ထွက်လာကြတော့အဘွားက ကိုယ်တွေကို တွေတွေကြီးငေးရင်းကျန်နေခဲ့ပါတယ်

အဲ့ဒီအချိန် ကိုယ့်စိတ်ထဲမှာ ပြောမပြတတ်တဲ့ ကြည်နူးမှုတစ်ခုကို

သိမ့်ကနဲ ခံစားလိုက်ရတယ်

သူ့ကို စိုက်ကြည့်ရင်း မေးလိုက်တယ်

“ဒီတစ်ခါကျ စျေးမဆစ်တော့ပါလား” လို့

သူကိုယ့်ကို မျက်စောင်းတချက်လှမ်းခဲရင်း ဆတ်ကနဲ ပြန်ဖြေပါတယ်

“မသိရင် မှတ်ထား၊ စျေးဆိုတာ ဝယ်တတ်ရင် ကုသိုလ်ရတယ်ရှင့်” တဲ့

Credit