ၾကားသိရသမွ်

မြန်မာနက် pack များနှင့် အိမ်ပြင်သုံးကတ်များကို ဇွန် ၁၂ရက်နေ့တွင် ပြန်လည်အသုံးပြုနိုင်ပြီ

မြန်မာနက် pack များနှင့် အိမ်ပြင်သုံးကတ်များကို ဇွန်
၁၂ရက်နေ့တွင် ပြန်လည်အသုံးပြုနိုင်ပြီဟုသိရှိရ

ရန်ကုန်၊ဇွန် ၁၁

မြန်မာနက် pack များနှင့် အိမ်ပြင်သုံးကတ်များကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်း မြန်မာနက်မှထုတ်ပြန်ထားကြောင်းသိရသည်။

အဆိုပါထုတ်ပြန်မှုတွင်မမျှော်လင့်သော အခက်အခဲများကြောင့် ယာယီပိတ်ထားခဲ့သော မြန်မာနက် အဝသုံး pack များ၊ ဒေတာ pack များ နှင့် အိမ်ပြင်သုံးကတ်များကို

ယခုအခါတွင် ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ပါကြောင်း လေးစားစွာဖြင့်အသိပေးအပ်ပါကြောင်း

လူကြီးမင်းတို့ သုံးစွဲလက်စဖြစ်သော pack ၏ လက်ကျန် ရက်များ (သို့မဟုတ်) လက်ကျန်ဒေတာများကို ယခင် username နှင့် password ဖြင့် ဇွန်လ ၁၂ ရက်နေ့မှ စတင်သုံးစွဲနိုင်မည်ဖြစ်ပါကြောင်း

အဆင်မပြေများအပေါ် နားလည်ပေးခြင်းနှင့် ယုံကြည်စွာသုံးစွဲကြခြင်းများအတွက် မြန်မာနက်အင်တာနက်မှ အထူးပင်ကျေးဇူးတင်ရှိပါကြောင်းပါရှိသည်။

————

ျမန္မာနက္ pack မ်ားႏွင့္ အိမ္ျပင္သုံးကတ္မ်ားကို ဇြန္
၁၂ရက္ေန႕တြင္ ျပန္လည္အသုံးျပဳနိုင္ၿပီဟုသိရွိရ

ရန္ကုန္၊ဇြန္ ၁၁

ျမန္မာနက္ pack မ်ားႏွင့္ အိမ္ျပင္သုံးကတ္မ်ားကို ျပန္လည္အသုံးျပဳနိုင္ၿပီျဖစ္ေၾကာင္း ျမန္မာနက္မွထုတ္ျပန္ထားေၾကာင္းသိရသည္။

အဆိုပါထုတ္ျပန္မႈတြင္မေမွ်ာ္လင့္ေသာ အခက္အခဲမ်ားေၾကာင့္ ယာယီပိတ္ထားခဲ့ေသာ ျမန္မာနက္ အဝသုံး pack မ်ား၊ ေဒတာ pack မ်ား ႏွင့္ အိမ္ျပင္သုံးကတ္မ်ားကို

ယခုအခါတြင္ ျပန္လည္အသုံးျပဳနိုင္ၿပီျဖစ္ပါေၾကာင္း ေလးစားစြာျဖင့္အသိေပးအပ္ပါေၾကာင္း

လူႀကီးမင္းတို႔ သုံးစြဲလက္စျဖစ္ေသာ pack ၏ လက္က်န္ ရက္မ်ား (သို႔မဟုတ္) လက္က်န္ေဒတာမ်ားကို ယခင္ username ႏွင့္ password ျဖင့္ ဇြန္လ ၁၂ ရက္ေန႕မွ စတင္သုံးစြဲနိုင္မည္ျဖစ္ပါေၾကာင္း

အဆင္မေျပမ်ားအေပၚ နားလည္ေပးျခင္းႏွင့္ ယုံၾကည္စြာသုံးစြဲၾကျခင္းမ်ားအတြက္ ျမန္မာနက္အင္တာနက္မွ အထူးပင္ေက်းဇူးတင္ရွိပါေၾကာင္းပါရွိသည္။