ကေလးတစ္ေယာက္ တစ္ေန႔လူႀကီးျဖစ္လာမဲ့သူ တစ္ေယာက္ေတာ္႐ုံ ကိစၥကေတာ့ ဘယ္သူ႔မွ မေျပာေတာ့ မတိုင္ပင္ေတာ့ဘူး
မိသားစုကို အသိမေပးေတာ့ပဲ ေနတတ္လာတယ္ဒီအက်င့္က ဘယ္က ျဖစ္လာလဲ ?
ကိုယ့္အထက္က မိဘ အႀကီးေတြနဲ႔ အမ်ားႀကီးဆိုင္တယ္ ကိုယ္က ႏွာေခ်တယ္ “ေဆးေသာက္ ေႏြးေႏြးေထြးေထြးေန”လို႔ ဘယ္သူမွ မေျပာပဲ
“ႏွာေခ်မွာေပါ့ … ဒီေလာက္ ေအးေနတာကို ဘာမွ မဝတ္တာ” လို႔ ေဟာက္တယ္
ကိုယ္က ႐ုတ္တရက္ဖ်ားတယ္ “ဘယ္လိုျဖစ္တာလဲ … ဒီရာသီက တုပ္ေကြးရာသီ ဂ႐ုစိုက္မွ ေပါ့” လို႔ ေျပာမဲ့ အစား
“ဖ်ားမွာေပါ့ ဒီေလာက္ ေရအၾကာႀကီးခ်ိဳးတာကိုး…နည္းေတာင္ နည္းေသးတယ္ “လို႔ ဆူတယ္ဖ်ား ရင္ “ဖ်ားမွာေပါ့ *** တာကိုး”နာ ရင္ “နာမွာေပါ့ ***တာကိုး”
တစ္ခုခုျဖစ္ရင္ ” ျဖစ္မွာေပါ့ …. နင္က ဘယ္လိုေန ဘယ္လိုထိုင္တာကိုး … ျဖစ္မွာေပါ့ … ဘာေၾကာင့္ ဘယ္လိုျဖစ္တာ နည္းေတာင္ နည္းေသးတယ္ ” ဆိုတာက ပါေသးတယ္
တစ္ခုခုဆို ေဖးမရမဲ့ ဂ႐ုစိုက္ရမဲ့ ေမးခြန္းေတြ အစား အခ်ိဳ႕မိဘေတြ မွာ ျဖစ္စဥ္တစ္ခုကို အရင္ဆုံး အျပစ္စတင္ၿပီး ဆုံးမတတ္တဲ့ ဝသီ က
အက်င့္တစ္ခုလို ျဖစ္မွန္းမသိ ျဖစ္ေနခဲ့ေတာ့ ကေလးက တစ္ခုခု မျဖစ္လိုက္နဲ႔ အားႀကီးေတြ နဲ႔ အျပစ္တင္စကားက အရင္ စ intro ဝင္ၿပီး ဆုံးမတာ ထုံးစံျဖစ္လာတယ္
“တစ္ခါတစ္ေလ မဆီမဆိုင္ ျဖစ္မွာေပါ့ ဖုန္းခ်ည္းသုံးေနတာကိုး ” “ဖုန္းပ်က္ေတာ့လည္း … ပ်က္မွာေပါ့ ဖုန္းပဲ အျမဲကလိေနတာကိုး ”
(ဖုန္းက တစ္ခါဝယ္ၿပီးရင္ တစ္သက္လုံးကိုင္လို႔ရတဲ့ အရာမဟုတ္ဘူးေလ… ရိုရိုေသေသကိုင္ရင္ေတာင္ ၂ႏွစ္ ၃ ႏွစ္ေလာက္ဆိုရင္ ဖုန္းအမ်ားစုက ဒစ္လည္ေနၾကၿပီ …
ဒါကို သိလည္း … အျပစ္စကား ပဲ ဆိုတာပဲ )ဂ႐ုတစိုက္ ဆုံးမတာကို ဘယ္သူမဆိုလက္ခံပါတယ္ အျမဲတမ္း ျပစ္တင္ႀကိမ္းေမာင္းတာေတာ့
ဘယ္သူက လိုခ်င္မွာလဲ ??? ကေလးတစ္ေယာက္ က ပုံမွန္အားျဖင့္ သူ႔အခက္အခဲေတြ ျပႆနာေတြကို အိမ္ကို ေျပာျပတတ္တာခ်ည္းပဲ
ဒါေပမဲ့ … ဒီအက်င့္ကို အိမ္ကလူေတြပဲ ဖ်က္ဆီးပစ္ခဲ့တာ … ကိုယ့္မွာ ဘာျပႆနာရွိရွိ ဘာအခက္အခဲရွိရွိ အိမ္က
အျပစ္စကား ေတြ နဲ႔ စတင္ႀကိမ္းေမာင္း မယ္ဆိုတာပဲ ႀကိဳသိေနေတာ့ အိမ္ကို ေျပာျပတတ္တဲ့ အက်င့္ အဲကေလးမွာ ေပ်ာက္သြားတယ္
ေတာ္႐ုံ မေျပာေတာ့ဘူး ဂ႐ုစိုက္ခံရဖို႔ အေရးထက္ အျပစ္မတင္ခံရဖို႔ အေရး အဆဲအဆို မခံရဖို႔ အေရးပဲ ဦးတည္ေတာ့တယ္
ဒီေတာ့ ဘာဆက္ျဖစ္လာလဲ အဲကေလးက အိမ္ကို လိမ္တတ္လာတယ္ေက်ာင္းမွာ ရန္ျဖစ္လာတယ္ မ်က္ႏွာမွာ ဒဏ္ရာနဲ႔ ဒဏ္ခ်က္
အိမ္က ဘာျဖစ္လာလဲ ေမးတယ္သစ္ကိုင္းနဲ႔ ျခစ္မိတယ္ ပဲ ေျဖတယ္ (ရန္ျဖစ္လာတယ္ ေျပာရင္ ငါ့အေဖ အေမ ကကိုယ့္ကေလး မွန္လား မွားလား
အရင္ေမးမွာ မဟုတ္ဘူး ဒဏ္ရာေဆးထည့္ေပးမွာလည္း မဟုတ္ဘူး တစ္ေနကုန္ နားနဲ႔မဆန္႔ေအာင္ အျပစ္စကားေတြပဲ လွိမ့္ေကာ ေတာ့မွာ သိေနတယ္ )
ထိုေၾကာင့္ အႀကိမ္ႀကိမ္ လိမ္ခဲ့ဖူးပါသည္ ထို႔ေၾကာင့္ ဘာလုပ္လုပ္ မိသားစုကို မတိုင္ပင္ျဖစ္ခဲ့ပါ
# creit
ကလေးတစ်ယောက် တစ်နေ့လူကြီးဖြစ်လာမဲ့သူ တစ်ယောက်တော်ရုံ ကိစ္စကတော့ ဘယ်သူ့မှ မပြောတော့ မတိုင်ပင်တော့ဘူး
မိသားစုကို အသိမပေးတော့ပဲ နေတတ်လာတယ်ဒီအကျင့်က ဘယ်က ဖြစ်လာလဲ ?
ကိုယ့်အထက်က မိဘ အကြီးတွေနဲ့ အများကြီးဆိုင်တယ် ကိုယ်က နှာချေတယ် “ဆေးသောက် နွေးနွေးထွေးထွေးနေ”လို့ ဘယ်သူမှ မပြောပဲ
“နှာချေမှာပေါ့ … ဒီလောက် အေးနေတာကို ဘာမှ မဝတ်တာ” လို့ ဟောက်တယ်
ကိုယ်က ရုတ်တရက်ဖျားတယ် “ဘယ်လိုဖြစ်တာလဲ … ဒီရာသီက တုပ်ကွေးရာသီ ဂရုစိုက်မှ ပေါ့” လို့ ပြောမဲ့ အစား
“ဖျားမှာပေါ့ ဒီလောက် ရေအကြာကြီးချိုးတာကိုး…နည်းတောင် နည်းသေးတယ် “လို့ ဆူတယ်ဖျား ရင် “ဖျားမှာပေါ့ *** တာကိုး”နာ ရင် “နာမှာပေါ့ ***တာကိုး”
တစ်ခုခုဖြစ်ရင် ” ဖြစ်မှာပေါ့ …. နင်က ဘယ်လိုနေ ဘယ်လိုထိုင်တာကိုး … ဖြစ်မှာပေါ့ … ဘာကြောင့် ဘယ်လိုဖြစ်တာ နည်းတောင် နည်းသေးတယ် ” ဆိုတာက ပါသေးတယ်
တစ်ခုခုဆို ဖေးမရမဲ့ ဂရုစိုက်ရမဲ့ မေးခွန်းတွေ အစား အချို့မိဘတွေ မှာ ဖြစ်စဉ်တစ်ခုကို အရင်ဆုံး အပြစ်စတင်ပြီး ဆုံးမတတ်တဲ့ ဝသီ က
အကျင့်တစ်ခုလို ဖြစ်မှန်းမသိ ဖြစ်နေခဲ့တော့ ကလေးက တစ်ခုခု မဖြစ်လိုက်နဲ့ အားကြီးတွေ နဲ့ အပြစ်တင်စကားက အရင် စ intro ဝင်ပြီး ဆုံးမတာ ထုံးစံဖြစ်လာတယ်
“တစ်ခါတစ်လေ မဆီမဆိုင် ဖြစ်မှာပေါ့ ဖုန်းချည်းသုံးနေတာကိုး ” “ဖုန်းပျက်တော့လည်း … ပျက်မှာပေါ့ ဖုန်းပဲ အမြဲကလိနေတာကိုး ”
(ဖုန်းက တစ်ခါဝယ်ပြီးရင် တစ်သက်လုံးကိုင်လို့ရတဲ့ အရာမဟုတ်ဘူးလေ… ရိုရိုသေသေကိုင်ရင်တောင် ၂နှစ် ၃ နှစ်လောက်ဆိုရင် ဖုန်းအများစုက ဒစ်လည်နေကြပြီ …
ဒါကို သိလည်း … အပြစ်စကား ပဲ ဆိုတာပဲ )ဂရုတစိုက် ဆုံးမတာကို ဘယ်သူမဆိုလက်ခံပါတယ် အမြဲတမ်း ပြစ်တင်ကြိမ်းမောင်းတာတော့
ဘယ်သူက လိုချင်မှာလဲ ??? ကလေးတစ်ယောက် က ပုံမှန်အားဖြင့် သူ့အခက်အခဲတွေ ပြဿနာတွေကို အိမ်ကို ပြောပြတတ်တာချည်းပဲ
ဒါပေမဲ့ … ဒီအကျင့်ကို အိမ်ကလူတွေပဲ ဖျက်ဆီးပစ်ခဲ့တာ … ကိုယ့်မှာ ဘာပြဿနာရှိရှိ ဘာအခက်အခဲရှိရှိ အိမ်က
အပြစ်စကား တွေ နဲ့ စတင်ကြိမ်းမောင်း မယ်ဆိုတာပဲ ကြိုသိနေတော့ အိမ်ကို ပြောပြတတ်တဲ့ အကျင့် အဲကလေးမှာ ပျောက်သွားတယ်
တော်ရုံ မပြောတော့ဘူး ဂရုစိုက်ခံရဖို့ အရေးထက် အပြစ်မတင်ခံရဖို့ အရေး အဆဲအဆို မခံရဖို့ အရေးပဲ ဦးတည်တော့တယ်
ဒီတော့ ဘာဆက်ဖြစ်လာလဲ အဲကလေးက အိမ်ကို လိမ်တတ်လာတယ်ကျောင်းမှာ ရန်ဖြစ်လာတယ် မျက်နှာမှာ ဒဏ်ရာနဲ့ ဒဏ်ချက်
အိမ်က ဘာဖြစ်လာလဲ မေးတယ်သစ်ကိုင်းနဲ့ ခြစ်မိတယ် ပဲ ဖြေတယ် (ရန်ဖြစ်လာတယ် ပြောရင် ငါ့အဖေ အမေ ကကိုယ့်ကလေး မှန်လား မှားလား
အရင်မေးမှာ မဟုတ်ဘူး ဒဏ်ရာဆေးထည့်ပေးမှာလည်း မဟုတ်ဘူး တစ်နေကုန် နားနဲ့မဆန့်အောင် အပြစ်စကားတွေပဲ လှိမ့်ကော တော့မှာ သိနေတယ် )
ထိုကြောင့် အကြိမ်ကြိမ် လိမ်ခဲ့ဖူးပါသည် ထို့ကြောင့် ဘာလုပ်လုပ် မိသားစုကို မတိုင်ပင်ဖြစ်ခဲ့ပါ
#creit



