သတင္း

သာသနာ့ေဘာင္ အျပီး၀င္ေတာ့မယ့္ အပ်ိဳးၾကီး ဒါရိုက္တာ ၾကည္ျဖဴရွင္

ျမန္မာနိုင္ငံရဲ့ ရွားရွားပါးပါး အမ်ိဳးသမီး ႐ုပ္ရွင္ဒါရိုက္​ေတြထဲမွာ ၾကည္ျဖဴရွင္လည္း တစ္ဦးအပါအဝင္ျဖစ္ပါတယ္။

ဒါရိုက္တာ ၾကည္ျဖဴသၽွင္ဟာ ၁၉၉၇ ခုႏွစ္ကတည္းက အႏုပညာေလာကထဲမွာ ဒါရိုက္တာ တစ္ေယာက္အျဖစ္ ရပ္တည္လာခဲ့တာျဖစ္ပါတယ္။ သူဟာ ကိုယ္တိုင္ ဇာတ္ညႊန္းလည္းေရးသလို ၊ ဒါရိုက္တာအျဖစ္ ႐ုပ္ရွင္ နဲ႔ ဗီဒီယို ဇာတ္ကားေတြ ကိုရိုက္ကူးခဲ့တာ ေတြ႕ရပါတယ္။ ဒါ့အျပင္ ဂ်ပန္- ျမန္မာ ခ်စ္ၾကည္ေရးအျဖစ္ ရိုက္ကူးထားတဲ့ “ဇာတိေျမ” ႐ုပ္ရွင္ဇာတ္ကားႀကီးရဲ့ ဖန္တီးသူ တစ္ေယာက္ဆိုရင္လည္း မမွားပါဘူး။

အဲ့ဒီလို ေအာင္ျမင္မွုေတြ ပိုင္ဆိုင္ထားတဲ့ ဒါရိုက္တာၾကည္ျဖဴသၽွင္ကေတာ့ အႏုပညာ အလုပ္ေတြကို စြန႔္လႊတ္ၿပီးသာသနာ့ေဘာင္ ထဲအၿပီးတိုင္ ဝင္ေရာက္ဖို့ ဆုံးျဖတ္ခ်က္ ခ်လိုက္ၿပီလို့ သိရပါတယ္။ ။အသက္ (၅၅) ႏွစ္မွာ ဒါရိုက္တာ အလုပ္ကို စြန္႔လႊတ္ကာ အစသက္ ( ၆၀ ) မွာ သာသနာ့​ေဘာင္ကို အၿပီးတိုင္​​ေရာက္​​ေတာ့မယ္လို့ ဆိုလာပါတယ္

” ကၽြန္မရဲ့ဆုံးျဖတ္ခ်က္ကေတာ့ အသက္(၅၅) ႏွစ္အထိပဲ ဒါရိုက္တာအလုပ္ ကိုလုပ္မယ္။ အသက္ (၅၅) ႏွစ္ ကေန (၆၀) ႏွစ္ အထိ အမ်ားနဲ႔သက္ဆိုင္ေသာ လူမွုေရး ပရဟိတကိစၥေတြနိုင္သေလာက္ လုပ္ မယ္။ အသက္(၆၀) ျပည့္တာနဲ႔ ကိုယ့္ကိုကိုယ္ ေလာကီပင္စင္အျပည့္ေပးၿပီး သံသရာခရီးတိုဖို့ႀကိဳးစားအားထုတ္ပါမည္။ (လူဆိုသည္မွာ ဘယ္ေန႔ေသမလဲဆိုတာမသိနိုင္၍ခုအရြယ္မွာလဲပုံမွန္(၁) ႏွစ္(၃)ႀကိမ္ တရားစခန္းဝင္ရင္း ၊ ေန႔စဥ္လည္း ရေလာက္ အားထုတ္သြားရပါမည္။) အသက္(၄၄) ႏွစ္(၆)လအေတြး…. ၾကည္ျဖဴသၽွင္” ဆိုၿပီးေတာ့ ဇူသူ႔ရဲ့ ေဖ့စ္ဘြတ္စာမ်က္ႏွာမွာ ေရးသားထားတာ ျဖစ္ပါတယ္။

ဒါရိုက္တာ ၾကည္ျဖဴသၽွင္ ဟာ အခုဆိုရင္ အသက္ (၄၄) ႏွစ္ေက်ာ္လာၿပီျဖစ္ပါတယ္။ သူမက ဆရာေတာ္ ဦးကိတၱိသာရ( သ႐ုပ္ေဆာင္ ေက်ာ္ဟိန္း) ကို အတုယူနိုင္ဖို့ ေတြးရင္း အခုလို ဆုံးျဖတ္ခ်က္ ခ်လိုက္တာလို့ ဆိုပါတယ္။

” ကိုယ့္မွာရွိတဲ့ပိုင္ဆိုင္မွုေတြ၊ေအာင္ျမင္မွုေတြကို အသက္(၆၀) အရြယ္မွာအားလုံးကိုထားခဲ့ၿပီး တရားအျပည့္အဝအားထုတ္ဖို့ ဆိုတာ ၊ သာမန္ပုထုဇဥ္တစ္ေယာက္အေန နဲ႔ တကယ့္ကိုမလြယ္တဲ့ ခက္ခဲတဲ့ကိစၥပါ။ ေအာင္ျမင္ေနတဲ့အႏုပညာသမားဆိုရင္ ပိုေတာင္ခက္ေသးတယ္ ၊ ေပ်ာ္ရႊင္စရာ အသိုက္အဝန္းကိုစြန႔္လႊတ္ရမွာေလ။ ၿပီးေတာ့ ခင္ပြန္း၊ ဇနီး၊ သားသမီး ရွိတဲ့ မိသားစုဆိုရင္ ပိုေတာင္မလြယ္ပါေသးတယ္။

သံေယာဇဥ္ျဖတ္ၿပီးထားခဲ့ဖို့ဆိုတာ ေတာ္ေတာ္ခက္ခဲတာပါ။ ဆရာေတာ္ဦးကိတၱိသာရ (ခ) ထပ္ဆင့္အကယ္ဒမီဦးေက်ာ္ဟိန္း အေၾကာင္း အတုယူနိုင္ဖို့ေတြးမိရင္း ကၽြန္မကေတာ့ အပ်ိဳႀကီးျဖစ္ေနတဲ့အတြက္ ၊ ကံေကာင္းစြာျဖင့္ အခက္ဆုံးႀကိဳးကိုျဖတ္ဖို့ မလိုေတာ့ပါဘူး” ဆိုၿပီးေတာ့ ဆက္လက္ ေရးသား​ေဖာ္ျပခဲ့တာျဖစ္ပါတယ္။

#KS

unicode

မြန်မာနိုင်ငံရဲ့ ရှားရှားပါးပါး အမျိုးသမီး ရုပ်ရှင်ဒါရိုက်​တွေထဲမှာ ကြည်ဖြူရှင်လည်း တစ်ဦးအပါအဝင်ဖြစ်ပါတယ်။

ဒါရိုက်တာ ကြည်ဖြူသျှင်ဟာ ၁၉၉၇ ခုနှစ်ကတည်းက အနုပညာလောကထဲမှာ ဒါရိုက်တာ တစ်ယောက်အဖြစ် ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုယ်တိုင် ဇာတ်ညွှန်းလည်းရေးသလို ၊ ဒါရိုက်တာအဖြစ် ရုပ်ရှင် နဲ့ ဗီဒီယို ဇာတ်ကားတွေ ကိုရိုက်ကူးခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် ဂျပန်- မြန်မာ ချစ်ကြည်ရေးအဖြစ် ရိုက်ကူးထားတဲ့ “ဇာတိမြေ” ရုပ်ရှင်ဇာတ်ကားကြီးရဲ့ ဖန်တီးသူ တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။

အဲ့ဒီလို အောင်မြင်မှုတွေ ပိုင်ဆိုင်ထားတဲ့ ဒါရိုက်တာကြည်ဖြူသျှင်ကတော့ အနုပညာ အလုပ်တွေကို စွန့်လွှတ်ပြီးသာသနာ့ဘောင် ထဲအပြီးတိုင် ဝင်ရောက်ဖို့ ဆုံးဖြတ်ချက် ချလိုက်ပြီလို့ သိရပါတယ်။ ။အသက် (၅၅) နှစ်မှာ ဒါရိုက်တာ အလုပ်ကို စွန့်လွှတ်ကာ အစသက် ( ၆၀ ) မှာ သာသနာ့​ဘောင်ကို အပြီးတိုင်​​ရောက်​​တော့မယ်လို့ ဆိုလာပါတယ်

” ကျွန်မရဲ့ဆုံးဖြတ်ချက်ကတော့ အသက်(၅၅) နှစ်အထိပဲ ဒါရိုက်တာအလုပ် ကိုလုပ်မယ်။ အသက် (၅၅) နှစ် ကနေ (၆၀) နှစ် အထိ အများနဲ့သက်ဆိုင်သော လူမှုရေး ပရဟိတကိစ္စတွေနိုင်သလောက် လုပ် မယ်။ အသက်(၆၀) ပြည့်တာနဲ့ ကိုယ့်ကိုကိုယ် လောကီပင်စင်အပြည့်ပေးပြီး သံသရာခရီးတိုဖို့ကြိုးစားအားထုတ်ပါမည်။ (လူဆိုသည်မှာ ဘယ်နေ့သေမလဲဆိုတာမသိနိုင်၍ခုအရွယ်မှာလဲပုံမှန်(၁) နှစ်(၃)ကြိမ် တရားစခန်းဝင်ရင်း ၊ နေ့စဉ်လည်း ရလောက် အားထုတ်သွားရပါမည်။) အသက်(၄၄) နှစ်(၆)လအတွေး…. ကြည်ဖြူသျှင်” ဆိုပြီးတော့ ဇူသူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားထားတာ ဖြစ်ပါတယ်။

ဒါရိုက်တာ ကြည်ဖြူသျှင် ဟာ အခုဆိုရင် အသက် (၄၄) နှစ်ကျော်လာပြီဖြစ်ပါတယ်။ သူမက ဆရာတော် ဦးကိတ္တိသာရ( သရုပ်ဆောင် ကျော်ဟိန်း) ကို အတုယူနိုင်ဖို့ တွေးရင်း အခုလို ဆုံးဖြတ်ချက် ချလိုက်တာလို့ ဆိုပါတယ်။

” ကိုယ့်မှာရှိတဲ့ပိုင်ဆိုင်မှုတွေ၊အောင်မြင်မှုတွေကို အသက်(၆၀) အရွယ်မှာအားလုံးကိုထားခဲ့ပြီး တရားအပြည့်အဝအားထုတ်ဖို့ ဆိုတာ ၊ သာမန်ပုထုဇဉ်တစ်ယောက်အနေ နဲ့ တကယ့်ကိုမလွယ်တဲ့ ခက်ခဲတဲ့ကိစ္စပါ။ အောင်မြင်နေတဲ့အနုပညာသမားဆိုရင် ပိုတောင်ခက်သေးတယ် ၊ ပျော်ရွှင်စရာ အသိုက်အဝန်းကိုစွန့်လွှတ်ရမှာလေ။ ပြီးတော့ ခင်ပွန်း၊ ဇနီး၊ သားသမီး ရှိတဲ့ မိသားစုဆိုရင် ပိုတောင်မလွယ်ပါသေးတယ်။

သံယောဇဉ်ဖြတ်ပြီးထားခဲ့ဖို့ဆိုတာ တော်တော်ခက်ခဲတာပါ။ ဆရာတော်ဦးကိတ္တိသာရ (ခ) ထပ်ဆင့်အကယ်ဒမီဦးကျော်ဟိန်း အကြောင်း အတုယူနိုင်ဖို့တွေးမိရင်း ကျွန်မကတော့ အပျိုကြီးဖြစ်နေတဲ့အတွက် ၊ ကံကောင်းစွာဖြင့် အခက်ဆုံးကြိုးကိုဖြတ်ဖို့ မလိုတော့ပါဘူး” ဆိုပြီးတော့ ဆက်လက် ရေးသား​ဖော်ပြခဲ့တာဖြစ်ပါတယ်။

#KS