အထွေအထွေဗဟုသုတ

အသက် ၃ဝ အရွယ်မှာ ချမ်းသာဖို့ဆိုရင်….

(1)ငွေနောက်ကိုလိုက်ပါ

ကနေ့ခေတ်စီးပွားရေးအရဆိုရင် သမရိုးကျနည်းတွေနဲ့ချမ်းသာဖို့ကခက်ခဲလွန်းပါတယ်။

ပထမဆုံးခြေလှမ်းကတော့သင့်ဝင်ငွေတိုးလာဖို့အာရုံစိုက်ရမယ်။ငွေတွေထပ်ခါ ထပ်ခါဝင်နေဖိုအာရုံစိုက်နေရမယ်။ခုငွေနောက်ကိုစလိုက်ပါ။

ဒီလိုလုပ်ခြင်းအားဖြင့်သင်ဟာ ငွေကိုဘယ်လိုထိန်းချုပ်ရမလဲဆိုတာသိလာပြီး အခွင့်အလမ်းတွေကိုမြင်လာမှာဖြစ်ပါတယ်

(2)မကြွားဝါပါနဲ့။ တိတ်တဆိတ်ကြိုးစားပါ

သင်ရဲ့လုပ်ငန်း သင့်ရဲ့ရင်းနှီးမြှပ်နှံမှုတွေက ဝင်ငွေမပေါသေးဘဲနဲ့တန်ဖိုးကြီးကားတွေ, တန်ဖိုးကြီးနာရီတွေဝယ်မဝတ်ပါနဲ့။

သင့်အလုပ်ကြောင့်လူသိပါစေ။သင်ဝယ်တဲ့အရာတွေကြောင့်လူမသိပါစေနဲ့။

(3)ရင်းနှီးမြှပ်နှံဖို့ငွေစုပါ။ ငွေစုဖို့အတွက်ငွေမစုပါနဲ့

ငွေစုဖို့အတွက်တစ်ခုထဲတော့အကြောင်းပြချက်က ရင်းနှီးမြှပ်နှံဖို့ပါဘဲ။ငွေစုပြီးဆိုတာနဲ့စုတဲ့ငွေကိုလူံးဝမထိပါနဲ့။

ဘာအတွက်မှလည်းမသုံးပါနဲ့။အရေးပေါ်အတွက်ဆိုရင်တောင်မသုံးပါနဲ့။ဒီလိုလုပ်ခြင်းဟာ သင့်ရဲ့ဝင်ငွေကိုတိုးလာစေပါတယ်။

(4)အကြွေးယူတာကိုရှောင်ပါ

သင်ဘယ်တော့မှငွေမချေးရအောင် အကောင်းဆူံးငွေကြေးကိုထိန်းချုပ်ပါ။စည်းကမ်းတွေသတ်မှတ်ထားပါ။

ချမ်းသာတဲ့သူတွေဟာ ရင်းနှီးမြှပ်နှံမှုအသစ်တွေပြုလုပ်ဖို့ငွေကြေးစီးဆင်းမှုတိုးတတ်ဖို့အတွက်သာအကြွေးယူကြတာပါ။

ဆင်းရဲတဲ့သူတွေကတော့ ပစ္စည်းတွေဝယ်ဖို့ငွေချေးကြတယ်။ဒီတော့ ဆင်းရဲတဲ့သူတွေကပိုဆင်းရဲပြီး ချမ်းသာတဲ့သူတွေက ပိုချမ်းသာကြပါတော့တယ်

(5)ငွေကို သဝန်တိုတတ်တဲ့ချစ်သူတယောက်လိုပြုမူဆက်ဆံပါ

ငွေတွေပေါများလာပါစေလို့ဘယ်လောက်ဆုတောင်းနေနေ အချည်းနှီးပါဘဲ။

ငွေကြေးပိုင်းဆိုင်ရာလွပ်လပ်မှုရှိရမယ်ဆိုတာ ဦးစားပေးတစ်ခုအနေနဲ့သတ်မှတ်ထားပါ။ချမ်းသာဖို့ဆိုရင် ငွေကိုဦးစားပေးတစ်ခုအနေနဲ့သတ်မှတ်ထားရမယ်။

ငွေဆိုတာ သဝန်တိုတတ်တဲ့ချစ်သူလိုဘဲ။သင်ကသူမကိုဂရုမစိုက်ရင် သူမကလည်းသင့်ကိုဂရုစိုက်မှာမဟုတ်ပါဘူး။

ဒီထက်ဆိုးလာရင် သူမကသင့်ထက်ပိုကောင်းတဲ့သူတယောက်နဲ့တွေ့ပြီးသင့်ကိုစွန့်ခွာကောင်းစွန့်ခွာသွားနိုင်ပါတယ်

(6)ပိုက်ဆံကဘယ်တော့မှအိပ်မနေပါဘူး

ပိုက်ဆံဟာ နာရီကိုလည်းမသိဘူး။အချိန်ဇယားတွေကိုလည်းမသိဘူး။အားလပ်ရပ်တွေကိုလည်းမသိဘူး။ငွေက အလုပ်ကြိုးစားတဲ့သူတွေကိုချစ်တယ်။

(7)ဆင်းရဲတယ်ဆိုတာ အဓိပ္ပါယ်မရှိတဲ့အရာဘဲ

ဘီဂတ်က ,” ဆင်းဆင်းရဲရဲနဲ့မွေးလာတာသင့်အပြစ်မဟုတ်ဘူး။ဆင်းဆင်းရဲရဲနဲ့သေသွားရင်တော့သင့်အပြစ်ဘဲ” လို့ပြောဖူးပါတယ်။

(8)အကောင်းဆုံးစိတ်ခွန်အားပေးနိုင်သူ အကြံပေးနိုင်သူကိုရှာပါ

တိုးတတ်အောင်မြင်ဖို့ဆိုရင် မိမိကိုတွန်းအားအကောင်းဆုံးပေးနိုင်တဲ့သူကိုရှာဖွေရမယ်။ဒါဟာအကောင်းဆုံးနည်းလမ်းပါဘဲ

(9)ကိုယ်ပိုင်လုပ်ငန်းတစ်ခုစတင်ပါ

အမွေတွေ ဘာတွေ စဉ်းစားမနေနဲ့။စွန့်ဦးလုပ်ကိုင်သူတွေဟာအကောင်းဆုံး လုပ်ဆောင်နိုင်ပါတယ်။

မီလျီယျံနာအများစုဟာ ကိုယ်တိုင်ကြိုးစားပြီးကြွယ်ဝလာသူတွေဖြစ်ပါတယ်။