သိပ်ကြောက်ဖို့ကောင်းတဲ့အချစ်တစ်ခုပေါ့ … အရမ်းလဲပူလောင်ရတယ် ။ ချစ်တယ်လို့တစ်ခါပြောတိုင်း အသက်ရှုရကျပ်တယ် ကိုယ့်ကိုယ်ကိုယ် အချစ်ခံနေရတာနဲ့မတူပဲ … ကိုယ့်ကိုယ်ကိုယ် ထောင်ကျနေတဲ့ အကျဥ်းသားတစ်ယောက်လို့ပဲ မြင်လာတယ် ။ အဲ့တာ … အတ္တတွေနဲ့ ထုံးဖွဲ့ထားတဲ့ အချစ်ပေါ့ …
စချစ်ခဲ့တုန်းက .. ချစ်လို့ သ၀န်တိုတယ်လို့ပဲ ထင်ခဲ့မိတာ ။ ချစ်လို့ သ၀န်တိုတာပဲလေဆိုတဲ့စိတ်နဲ့ နားလည်ခွင့်ခွှတ်ပေးခဲ့မိတာ … ဒါပေမယ့် အမှန်တမ်းကျတော့ သ၀န်တိုတာ မဟုတ်ပဲ အတ္တတွေ ကြီးနေခဲ့မှန်း အနားနားရောက်လေ ပိုပြီးသိလာလေလေပဲ အဲ့လို ပိုပြီးသိလာလေလေ ကိုယ့်မှာ ပိုပြီး မွန်းကျပ်လာခဲ့ရတယ် ။
ချစ်တယ်လို့ ပြောတဲ့အခါ … ကိုယ့်မှာ မပျော်ရွှင်ရတော့ဘူး သူ့အချစ်ကြီးက ကြောက်ဖို့ကောင်းတယ် ။ မှားတာ မှန်တာ အရင်ဆုံးထည့်မစဥ်းစားဘူး ပတ်၀န်းကျင်ဆိုတာကို ထည့်မတွက်ဘူး သူလိုချင်တာတွေ မရတဲ့အခါ ပြသနာရှာဖို့ ၀န်မလေးတော့ဘူး ။ ကိုယ့်ကို သူ့စိတ်တိုင်းကျ ပုံသွင်းဖို့ပဲ တွေးတော့တယ် ။ ကိုယ်ဟာ လူသားတစ်ယောက်ပါလားဆိုတဲ့အတွေး မရှိတော့ဘူး ။
ကိုယ့်ကိုဆို ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်စေချင်တယ်ဆိုတာ … အချစ်လို့ ခေါင်းစဥ်တပ်လို့ရပေမယ့် အဲ့လိုဖြစ်စေချင်တဲ့သူက အမှားတွေ ရှိလာတဲ့အခါ မပြင်ပဲ … ဖင်ပိတ်ငြင်းတတ်တာ ကျတော့ အချစ်မဟုတ်တော့ဘူး … အတ္တလို့ပဲ ကျွန်မတော့ မြင်တယ် ။ စဥ်းစားကြည့်လေ … ကိုယ်ကို ကောင်းစေချင်ရင် … သူလဲ ကောင်းအောင်တော့ နေသင့်တာပေါ့ ။ အခုက ကိုယ်ကကောင်းနေမှ … ကိုယ်မကောင်းရင် ပြင်မယ်လို့ မတွေးပဲ အပြစ်ကြီးပဲ မြင်နေတင်နေတာက အချစ်လို့ ကျွန်မ မထင်ဘူး ။
သူက … သူ့အတ္တတွေကို နာမည်လှလှလေးပေးထားတယ် … အချစ်တဲ့ … ရူးမိုက်ခဲ့မိတာပေါ့ ငါနဲ့ပတ်သက်ရင် သူက အရမ်းဂရုစိုက်တာပဲလို့ ထင်ခဲ့မိတာ တကယ်တော့ သူ့အတ္တကို သူ အရမ်းဂရုစိုက်တာ ။ ကျွန်မကို မဟုတ်ဘူး ။ ကျွန်မကို ပျော်စေချင်တာထက် … သူ့အတ္တနဲ့သူ ပျော်နေတာ ။ ကျွန်မကို ပိုင်ဆိုင်ချင်တဲ့ အတ္တပဲ ရှိတယ် ။ ကျွန်မကို ပျော်အောင်ထားချင်တယ် မေတ္တာတွေ မရှိဘူး ။ ကျွန်မကို အပြစ်ကင်းစေချင်တဲ့ အတ္တပဲရှိတယ် ။ ကျွန်မ မှားသွားတဲ့အခါ ပြင်ပေးချင်တဲ့ စေတနာတွေ မရှိဘူး ။
ဒီလို အချစ်မျိုးကို ကျွန်မ အရမ်းကြောက်တယ် ။ ကိုယ့်ကိုယ်ကိုယ် အချစ်ခံနေရတယ်လို့ မမြင်ပဲ အချိန်ကြာလာတာနဲ့အမျှ ကျွန်မကိုယ်ကျွန်မ အကျဥ်းသားတစ်ယောက်လို … ထင်လာခဲ့တယ် ။ တကယ်ပါ .. အတ္တတွေနဲ့ ထုံးဖွဲ့ထားတဲ့အချစ်ကို ကျွန်မ ဆက်ပြီး မလိုချင်တော့ဘူး ။
မူရင်းစာရေးသားသူ သျှင်ယွန်း လေးစားစွာဖြင့် ပြန်လှန်မျှဝေခြင်းဖြစ်ပါတယ
အတ္တတွေကို နာမည်လှလှပေးထားတယ် အချစ်တဲ့ …
သိပ်ကြောက်ဖို့ကောင်းတဲ့အချစ်တစ်ခုပေါ့ … အရမ်းလဲပူလောင်ရတယ် ။ ချစ်တယ်လို့တစ်ခါပြောတိုင်း အသက်ရှုရကျပ်တယ် ကိုယ့်ကိုယ်ကိုယ် အချစ်ခံနေရတာနဲ့မတူပဲ … ကိုယ့်ကိုယ်ကိုယ် ထောင်ကျနေတဲ့ အကျဉ်းသားတစ်ယောက်လို့ပဲ မြင်လာတယ် ။ အဲ့တာ … အတ္တတွေနဲ့ ထုံးဖွဲ့ထားတဲ့ အချစ်ပေါ့ …
စချစ်ခဲ့တုန်းက .. ချစ်လို့ သဝန်တိုတယ်လို့ပဲ ထင်ခဲ့မိတာ ။ ချစ်လို့ သဝန်တိုတာပဲလေဆိုတဲ့စိတ်နဲ့ နားလည်ခွင့်ခွှတ်ပေးခဲ့မိတာ … ဒါပေမယ့် အမှန်တမ်းကျတော့ သဝန်တိုတာ မဟုတ်ပဲ အတ္တတွေ ကြီးနေခဲ့မှန်း အနားနားရောက်လေ ပိုပြီးသိလာလေလေပဲ အဲ့လို ပိုပြီးသိလာလေလေ ကိုယ့်မှာ ပိုပြီး မွန်းကျပ်လာခဲ့ရတယ် ။
ချစ်တယ်လို့ ပြောတဲ့အခါ … ကိုယ့်မှာ မပျော်ရွှင်ရတော့ဘူး သူ့အချစ်ကြီးက ကြောက်ဖို့ကောင်းတယ် ။ မှားတာ မှန်တာ အရင်ဆုံးထည့်မစဉ်းစားဘူး ပတ်ဝန်းကျင်ဆိုတာကို ထည့်မတွက်ဘူး သူလိုချင်တာတွေ မရတဲ့အခါ ပြသနာရှာဖို့ ဝန်မလေးတော့ဘူး ။ ကိုယ့်ကို သူ့စိတ်တိုင်းကျ ပုံသွင်းဖို့ပဲ တွေးတော့တယ် ။ ကိုယ်ဟာ လူသားတစ်ယောက်ပါလားဆိုတဲ့အတွေး မရှိတော့ဘူး ။
ကိုယ့်ကိုဆို ခြောက်ပစ်ကင်း သဲလဲစင် ဖြစ်စေချင်တယ်ဆိုတာ … အချစ်လို့ ခေါင်းစဉ်တပ်လို့ရပေမယ့် အဲ့လိုဖြစ်စေချင်တဲ့သူက အမှားတွေ ရှိလာတဲ့အခါ မပြင်ပဲ … ဖင်ပိတ်ငြင်းတတ်တာ ကျတော့ အချစ်မဟုတ်တော့ဘူး … အတ္တလို့ပဲ ကျွန်မတော့ မြင်တယ် ။ စဉ်းစားကြည့်လေ … ကိုယ်ကို ကောင်းစေချင်ရင် … သူလဲ ကောင်းအောင်တော့ နေသင့်တာပေါ့ ။ အခုက ကိုယ်ကကောင်းနေမှ … ကိုယ်မကောင်းရင် ပြင်မယ်လို့ မတွေးပဲ အပြစ်ကြီးပဲ မြင်နေတင်နေတာက အချစ်လို့ ကျွန်မ မထင်ဘူး ။
သူက … သူ့အတ္တတွေကို နာမည်လှလှလေးပေးထားတယ် … အချစ်တဲ့ … ရူးမိုက်ခဲ့မိတာပေါ့ ငါနဲ့ပတ်သက်ရင် သူက အရမ်းဂရုစိုက်တာပဲလို့ ထင်ခဲ့မိတာ တကယ်တော့ သူ့အတ္တကို သူ အရမ်းဂရုစိုက်တာ ။ ကျွန်မကို မဟုတ်ဘူး ။ ကျွန်မကို ပျော်စေချင်တာထက် … သူ့အတ္တနဲ့သူ ပျော်နေတာ ။ ကျွန်မကို ပိုင်ဆိုင်ချင်တဲ့ အတ္တပဲ ရှိတယ် ။ ကျွန်မကို ပျော်အောင်ထားချင်တယ် မေတ္တာတွေ မရှိဘူး ။ ကျွန်မကို အပြစ်ကင်းစေချင်တဲ့ အတ္တပဲရှိတယ် ။ ကျွန်မ မှားသွားတဲ့အခါ ပြင်ပေးချင်တဲ့ စေတနာတွေ မရှိဘူး ။
ဒီလို အချစ်မျိုးကို ကျွန်မ အရမ်းကြောက်တယ် ။ ကိုယ့်ကိုယ်ကိုယ် အချစ်ခံနေရတယ်လို့ မမြင်ပဲ အချိန်ကြာလာတာနဲ့အမျှ ကျွန်မကိုယ်ကျွန်မ အကျဉ်းသားတစ်ယောက်လို … ထင်လာခဲ့တယ် ။ တကယ်ပါ .. အတ္တတွေနဲ့ ထုံးဖွဲ့ထားတဲ့အချစ်ကို ကျွန်မ ဆက်ပြီး မလိုချင်တော့ဘူး ။
မိန်းမသားတို့အတွက်
သျှင်ယွန်း