က်မၼာေရး ဗဟုသုတ

အိမ်မှာနေရင်းလက်မောင်းအဆီကျသွယ်လျစေမယ့် လွယ်လွယ်ကူကူလေ့ကျင့်ခန်းများ

အိမ်မှာနေရင်းလက်မောင်းအဆီကျသွယ်လျစေမယ့် လွယ်လွယ်ကူကူလေ့ကျင့်ခန်းများ

Gym သွားစရာမလို၊ ပင်ပင်ပန်းပန်းကစားစရာမလိုဘဲ အိမ်မှာနေရင်း၊ TV ကြည့်ရင်းက အဆီတွေစုနေတဲ့လက်မောင်းတွေကို အဆီကျစေပြီး သွယ်လျစေမယ့် နည်းလေးတွေရှိပါတယ်။

အိမ်မှာနေရင်း လက်မောင်းလေးတွေသွယ်လျဖို့အတွက် ဒီလေ့ကျင့်ခန်းတွေကိုနေ့တိုင်းလုပ်ပေးပါ။

လွယ်ကူလွန်းတဲ့လေ့ကျင့်ခန်းလေးတွေဖြစ်လို့ မဖြစ်မနေလုပ်ကြည့်ဖို့ တိုက်တွန်းလိုက်ပါတယ်။

လေ့ကျင့်ခန်း (၁)

ပုံ(၁)

ပုံ(၂)

အရင်ဆုံး ခြေနှစ်ဖက်ကို ပခုံးအကျယ်လောက်ခွဲကာ မတ်မတ်ရပ်လိုက်ကာ ပုံ(၁)မှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ကိုးဆယ်ဒီဂရီမြှောက်လိုက်ပါ။

ပြီးရင် ပုံ(၂) မှာပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို အောက်စိုက်လိုက်ပါ။ အဲ့ဒါကို တစ်မိနစ်လောက်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၂)

ပုံ(၁)

ပုံ(၂)

ခြေနှစ်ဖက်ကိုပခုံးအကျယ်ခွဲကာ မတ်မတ်ရပ်ပြီး ပုံ(၁)မှာပြထားတဲ့အတိုင်းလက််ကို မြှောက်လိုက်ပါ။

ပြီးရင် ပုံ(၂)မှာ ပြထားတဲ့အတိုင်း လက်နှစ်ဖက်ကို ကပ်လိုက်ပါ။ အဲ့ဒါကို တစ်မိနစ်ခန့်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၃)

ထိုင်ခုံတစ်ခုရဲ့အစွန်းမှာထိုင်ပြီး ခါးကိုမတ်မတ်ထားပါ။

လက်နှစ်ဖက်က ထိုင်ခုံအစွန်းကိုကိုင်လိုက်ပြီး လက်နှစ်ဖက်ကိုအားပြုကာ ပုံမှာပြထားတဲ့အတိုင်း ခန္ဓာကိုယ်ကို မ လိုက်ပါ။

ပြီးရင် ပြန်ချလိုက်ပါ။ အဲ့ဒါကို တစ်မိနစ်ခန့်လုပ်ပေးပါ။

လေ့ကျင့်ခန်း (၄)

ထိုင်ခုံအရှေ့မှာ မတ်မတ်ရပ်လိုက်ပြီး လက်နှစ်ဖက်ကိုအရှေ့ဘက်ကိုကွေးလိုက်ပြီး ထိုင်ခုံအထိထိုင်ချလိုက်ကာ ပြန်ထလိုက်ပါ။ အဲ့ဒါကို တစ်မိနစ်ခန့်လုပ်ပေးပါ။

written by PP





လေ့ကျင့်ခန်း (၁)

ပုံ(၁)

ပုံ(၂)



လေ့ကျင့်ခန်း (၂)

ပုံ(၁)

ပုံ(၂)

ခြေနှစ်ဖက်ကိုပခုံးအကျယ်ခွဲကာ မတ်မတ်ရပ်ပြီး ပုံ(၁)မှာပြထားတဲ့အတိုင်းလက်ကို မြှောက်လိုက်ပါ။


လေ့ကျင့်ခန်း (၃)




လေ့ကျင့်ခန်း (၄)


written by PP