ဗဟုသုတ

သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေမည့် နည်းလမ်း(၈)သွယ်

သွားကိုက်ခြင်းကို သက်သာပျောက်ကင်းစေမည့် နည်းလမ်း(၈)သွယ်

တိုင်းရင်းသမားတော်ကြီးဦးသိန်းမောင်၏ မြန်မာဆေးမြီးတို စာအုပ်မှ ကောက်နုတ်ဖေါ်ပြပေးခြင်းဖြစ်ပါသည်။ သွား ကိုက် ပါက မိမိနှင့်နီးစပ်ရာ၊လက်လှမ်းမီရာ ဆေးမြီးတိုလေးများအား မြန်ဆန်စွာလုပ်ဆောင်နိုင်ခြင်းဖြင့် သွားကိုက် သွားနာဝေဒနာကို သက်သာပျောက်ကင်းစေနိုင်ရန် တင်ပြခြင်းဖြစ်ပါသည်။

(၁) ဆီးပင်ရင့်ရင့် အခေါက်စိုကို လက်တစ်ဝါးစာခန့် ဓားဖြင့် ခုတ်စဉ်းကာ ရေသင့်ရုံထည့်ပြီး သုံးခွက်တစ် ခွက် တင် ပြုတ်ပြီး ဆားအနည်းငယ်မျှထည့်ပြိး ငုံပေးပါ။

(၂) အုန်းပင်ပေါ်မှကြွေကျသောအုန်းသီးသေးသေးလေးအား နှစ်လုံးပါးပါးလှီးပြီး သံပုရာရွက်(သို့)သံပုရို ရွက် နှင့် ပြုတ်ပြီးငုံထွေးပေးပါ။

(၃) ပင်စိမ်းရွက်အယဉ်ကိုထန်းလျက်သင့်ရုံရောပြိးညက်အောင် ထောင်းပါ။ ညက်လျှင်ဇွန်း(၁)ချောင်းဖြင့် ခပ်ယူ၍ ကိုက်သည့် သွားခေါင်းပေါက်တွင်းသို့ထည့်ခြင်း၊သွားဖုံးရင်းသို့ သိပ်ပေးလိုက်ပါ။

(၄)တမာရွက်ကိုနေလှန်းပြာချပါ။ဆားမှုန့်ညက်ညက်နှင့်ရောပြီး တိုက်ပေးခြင်း၊တမာရွက်ကိုပြုတ်၍ငုံခြင်းလုပ်ပေးပါ။

(၅) ယုဇနပန်းအရိုးနှစ်ထွာခန့်ကို ရေနှင့်ပြုတ်ပြိး ခပ်နွေးနွေးလေးငုံပေးပါ။

(၆) ရှာေးစးမှုန့်ကို သံပုရာရည်နှင့်တေ၍ နံနက်တစ်ကြိမ်ညနေတစ်ကြိမ် သွားတိုက်ပေးပါက နဲ့နေသောသွား များပြန်ခိုင်းစေပါသည်။

(၇) အုန်းမှုတ်ခွက်ခွံရင့်ရင့် သံပြားပေါ်တင်၍မီးရှို့ပါ။ ရရှိသောပြာမှုန့်ကို ပုလင်းဖြင့်ဆောင်ထားပြိး သွားတိုက်ပေးပါ။

(၈) ဒန့်ဒလွန်ပင်စည်ကို ဓားဖြင့်ခုတ်ထစ်လိုက်ပါ။(၃/၄)ရက်ကြာလျှင် အစေးအခဲများကျလာပါမည်။ ထိုအစေးကို ငုံထွေးပေးပါ။

Credit ; ရဲမျိုးသူ(ဗောဓိမြိုင်)

သြားကိုက္ျခင္းကို သက္သာေပ်ာက္ကင္းေစမည့္ နည္းလမ္း(၈)သြယ္

တိုင္းရင္းသမားေတာ္ၾကီးဦးသိန္းေမာင္၏ ျမန္မာေဆးျမီးတို စာအုပ္မွ ေကာက္နုတ္ေဖၚျပေပးျခင္းျဖစ္ပါသည္။ သြား ကိုက္ ပါက မိမိႏွင့္နီးစပ္ရာ၊လက္လွမ္းမီရာ ေဆးျမီးတိုေလးမ်ားအား ျမန္ဆန္စြာလုပ္ေဆာင္နိုင္ျခင္းျဖင့္ သြားကိုက္ သြားနာေ၀ဒနာကို သက္သာေပ်ာက္ကင္းေစနိုင္ရန္ တင္ျပျခင္းျဖစ္ပါသည္။

(၁) ဆီးပင္ရင့္ရင့္ အေခါက္စိုကို လက္တစ္၀ါးစာခန္႔ ဓားျဖင့္ ခုတ္စဥ္းကာ ေရသင့္ရံုထည့္ျပီး သံုးခြက္တစ္ ခြက္ တင္ ျပဳတ္ျပီး ဆားအနည္းငယ္မွ်ထည့္ျပိး ငံုေပးပါ။

(၂) အုန္းပင္ေပၚမွေၾကြက်ေသာအုန္းသီးေသးေသးေလးအား ႏွစ္လံုးပါးပါးလွီးျပီး သံပုရာရြက္(သို႔)သံပုရို ရြက္ ႏွင့္ ျပဳတ္ျပီးငံုေထြးေပးပါ။

(၃) ပင္စိမ္းရြက္အယဥ္ကိုထန္းလ်က္သင့္ရံုေရာျပိးညက္ေအာင္ ေထာင္းပါ။ ညက္လွ်င္ဇြန္း(၁)ေခ်ာင္းျဖင့္ ခပ္ယူ၍ ကိုက္သည့္ သြားေခါင္းေပါက္တြင္းသို႔ထည့္ျခင္း၊သြားဖံုးရင္းသို႔ သိပ္ေပးလိုက္ပါ။

(၄)တမာရြက္ကိုေနလွန္းျပာခ်ပါ။ဆားမွဳန္႔ညက္ညက္နွင့္ေရာျပီး တိုက္ေပးျခင္း၊တမာရြက္ကိုျပဳတ္၍ငံုျခင္းလုပ္ေပးပါ။

(၅) ယုဇနပန္းအရိုးႏွစ္ထြာခန္႔ကို ေရႏွင့္ျပဳတ္ျပိး ခပ္ေႏြးေနြးေလးငံုေပးပါ။

(၆) ရွာေးစးမွဳန္႔ကို သံပုရာရည္ႏွင့္ေတ၍ နံနက္တစ္ၾကိမ္ညေနတစ္ၾကိမ္ သြားတိုက္ေပးပါက နဲ႔ေနေသာသြား မ်ားျပန္ခိုင္းေစပါသည္။

(၇) အုန္းမွဳတ္ခြက္ခြံရင့္ရင့္ သံျပားေပၚတင္၍မီးရွဳိ႕ပါ။ ရရွိေသာျပာမွဳန္႔ကို ပုလင္းျဖင့္ေဆာင္ထားျပိး သြားတိုက္ေပးပါ။

(၈) ဒန္႔ဒလြန္ပင္စည္ကို ဓားျဖင့္ခုတ္ထစ္လိုက္ပါ။(၃/၄)ရက္ၾကာလွ်င္ အေစးအခဲမ်ားက်လာပါမည္။ ထိုအေစးကို ငံုေထြးေပးပါ။

Credit ; ရဲမ်ိဳးသူ(ေဗာဓိၿမိဳင္)