ၾကားသိရသမွ်

မအလ ရုရှားရောက်နေချိန် ဒုကာချုပ်စိုးဝင်း ရန်ကုန်မြို့တွင်း ခြေရှုပ်နေပြီ

အာဏာလု စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ယနေ့ နေ့လယ် ကမ္ဘာအေးဘုရားသို့ လာရောက်မည်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်ရက်မှစတင်ကာ ကမ္ဘာအေး ဘုရားဝင်းအတွင်း လုံခြုံရေး တင်းကျပ်ထားခဲ့ပြီး မနေ့ကနှင့် ယနေ့ နံနက်ပိုင်းများတွင် လုံခြုံရေးယူရန် စစ်သားများ ရောက်ရှိနေခဲ့သည်ဟု မျက်မြင်တွေ့ရှိသူများက ဆိုသည်။

ဒုချုပ် စိုးဝင်းသည် ယမန်နေ့ကလည်း ဦးဝိစာရလမ်း၊ ကန်တော်မင် (ဦးဥတ္တမ ပန်းခြံ) အနီးရှိ စစ်ဆေးရုံ (၂) သို့ လာရောက်ခဲ့သေးသည်။
——-

ရန်ကုန်မြို့ အင်းလျားလမ်းရှိ ၎င်းနေထိုင်ရာ အိမ်နှင့် မင်းအောင်လှိုင်နေထိုင်ရာ အိမ်ဝန်းကျင်တွင် ယမန်နေ့ညက လုံခြုံရေး စစ်ကားများ အများအပြား ရောက်ရှိနေခဲ့ကြသည်။

ယခုကဲ့သို့ ဒုချုပ်စိုးဝင်း ရန်ကုန်မြို့တွင်း ခြေရှုပ်နေချိန်တွင် မင်းအောင်လှိုင်မှာ ရုရှားသို့ ရောက်ရှိနေသည်။

အာဏာလု စစ္ေကာင္စီ ဒုတိယဥကၠ႒၊ ဒုဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္း ယေန႕ ေန႕လယ္ ကမၻာေအးဘုရားသို႔ လာေရာက္မည္ဟု သိရသည္။

ၿပီးခဲ့သည့္ ႏွစ္ရက္မွစတင္ကာ ကမၻာေအး ဘုရားဝင္းအတြင္း လုံၿခဳံေရး တင္းက်ပ္ထားခဲ့ၿပီး မေန႕ကႏွင့္ ယေန႕ နံနက္ပိုင္းမ်ားတြင္ လုံၿခဳံေရးယူရန္ စစ္သားမ်ား ေရာက္ရွိေနခဲ့သည္ဟု မ်က္ျမင္ေတြ႕ရွိသူမ်ားက ဆိုသည္။

ဒုခ်ဳပ္ စိုးဝင္းသည္ ယမန္ေန႕ကလည္း ဦးဝိစာရလမ္း၊ ကန္ေတာ္မင္ (ဦးဥတၱမ ပန္းၿခံ) အနီးရွိ စစ္ေဆး႐ုံ (၂) သို႔ လာေရာက္ခဲ့ေသးသည္။

ရန္ကုန္ၿမိဳ႕ အင္းလ်ားလမ္းရွိ ၎ေနထိုင္ရာ အိမ္ႏွင့္ မင္းေအာင္လွိုင္ေနထိုင္ရာ အိမ္ဝန္းက်င္တြင္ ယမန္ေန႕ညက လုံၿခဳံေရး စစ္ကားမ်ား အမ်ားအျပား ေရာက္ရွိေနခဲ့ၾကသည္။

ယခုကဲ့သို႔ ဒုခ်ဳပ္စိုးဝင္း ရန္ကုန္ၿမိဳ႕တြင္း ေျခရႈပ္ေနခ်ိန္တြင္ မင္းေအာင္လွိုင္မွာ ႐ုရွားသို႔ ေရာက္ရွိေနသည္။