ၾကားသိရသမွ်

အဆိုတော်ထူးအယ်လင်း တင်ထားတဲ့ ထူးခြားနေတဲ့ ကဗျာစာသားလေး

ပရိတ်သတ်ကြီးရေ…အဆိုတော် ထူးအယ်လင်းတစ်ယောက် လက်ရှိမှာ ပရဟိတအလုပ်တွေကို အားကြိုးမာန်တက် လုပ်ကိုင် ဆောင်ရွက်နေသူ တစ်ဦးဖြစ်ပါတယ်။ လတ်တလော အခြေအနေများကြောင့် စားဝတ်နေရေး ခက်ခဲနေကြသော ပြည်သူများနဲ့ စစ်ဘေးရှောင်တွေကို ကိုယ် တိုင်သွားရောက်ကာ လှူဒါန်းပေးနေတာလည်း ဖြစ်ပါတယ်။

စစ်ဘေးရှောင်နေကြရတဲ့ မင်းတပ်မြို့က ပြည်သူတွေအတွက် ပြီးခဲ့တဲ့လပိုင်းတွေက လိုအပ်တာတွေ သွားရောက်ကူညီပေးခဲ့တဲ့အပြင် ဒီကနေ့မှာလည်း စားနပ်ရိက္ခာတွေအပြင် အခြားလိုအပ်တာတွေကို ထပ်မံပြီး လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ ပရိသတ်တွေကလည်း ထူးအယ်လင်းရဲ့ မွန်မြတ်လှတဲ့ ကူညီထောက်ပံ့မှုတွေအတွက် ချီးကျူး လေးစားနေကြတာ ဖြစ်ပါတယ်။

ယခု ပြောမှာက တော့ အဆို တော် ထူးအယ်လင်း တင်ထားခဲ့တဲ့ ကဗျာ စာသားလေး တစ်ခု အ ကြောင်းပါ။ အဲဒီ့ ကဗျာစာသားလေးကို တင်ပြီး နောက်မှာတစ်ခုခု ထူးခြား နေတာကြောင့် သူ့ရဲ့ပရိသတ်တွေနဲ့ comment မှာ စည်ကားနေကာ အဲဒီ့စာသား အ ကြောင်းကို ပြောဆို နေကြခြင်းဖြစ်ပါတယ်။ အဲဒီ့စာသားလေးက တော့…

“လူစွမ်းလူစ ရှိ မရှိ စစ်ဆေးပေးနိုင်သော အခက်အခဲတို့ကို ဖန်တီးပေးတတ်သည့် အမြင်ဆိုး နားဝမှာကြားရဆိုးသော ကိုဒုက္ခ မဒုက္ခ အကြောင်းကိစ္စဟူသမျှသည် ဘဝအတွက် အကျည်းတန် လက်တွဲဖေါ် ဟုခေါ်သည်…တဲ့ ”

ဆရာနန္ဒာသိန်းဇံ ရဲ့စာသားလေးကို ပြန်တင်ထားတာပဲဖြစ်ပါတယ်။ သူဘာကို ဆိုလိုလည်းဆိုတာကိုတော့ သူ့ပရိသတ်တွေ အမျိုးမျိုးဝေ ဖန် ပြောဆို နေကြလို့ ပြန်လည်မျှဝေလိုက်ခြင်းဖြစ်ပါတယ်။ ဖတ်ရှု့ပေးတဲ့ ပရိသတ်အားလုံး ကျန်းမာရွှင်လန်း ဘေးကင်းကြပါစေ။

Na Nge (Rangoon Times)

zawgyi

ပရိတ္သတ္ႀကီးေရ…အဆိုေတာ္ ထူးအယ္လင္းတစ္ေယာက္ လက္ရွိမွာ ပရဟိတအလုပ္ေတြကို အားႀကိဳးမာန္တက္ လုပ္ကိုင္ ေဆာင္ရြက္ေနသူ တစ္ဦးျဖစ္ပါတယ္။ လတ္တေလာ အေျခအေနမ်ားေၾကာင့္ စားဝတ္ေနေရး ခက္ခဲေနၾကေသာ ျပည္သူမ်ားနဲ႔ စစ္ေဘးေရွာင္ေတြကို ကိုယ္ တိုင္သြားေရာက္ကာ လႉဒါန္းေပးေနတာလည္း ျဖစ္ပါတယ္။

စစ္ေဘးေရွာင္ေနၾကရတဲ့ မင္းတပ္ၿမိဳ႕က ျပည္သူေတြအတြက္ ၿပီးခဲ့တဲ့လပိုင္းေတြက လိုအပ္တာေတြ သြားေရာက္ကူညီေပးခဲ့တဲ့အျပင္ ဒီကေန႔မွာလည္း စားနပ္ရိကၡာေတြအျပင္ အျခားလိုအပ္တာ​ေတြကို ထပ္မံၿပီး လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။ ပရိသတ္ေတြကလည္း ထူးအယ္လင္းရဲ့ မြန္ျမတ္လွတဲ့ ကူညီေထာက္ပံ့မႈေတြအတြက္ ခ်ီးက်ဴး ေလးစားေနၾကတာ ျဖစ္ပါတယ္။

ယခု ေျပာမွာက ေတာ့ အဆို ေတာ္ ထူးအယ္လင္း တင္ထားခဲ့တဲ့ ကဗ်ာ စာသားေလး တစ္ခု အ ေၾကာင္းပါ။ အဲဒီ့ ကဗ်ာစာသားေလးကို တင္ၿပီး ေနာက္မွာတစ္ခုခု ထူးျခား ေနတာေၾကာင့္ သူ႔ရဲ့ပရိသတ္ေတြနဲ႔ comment မွာ စည္ကားေနကာ အဲဒီ့စာသား အ ေၾကာင္းကို ေျပာဆို ေနၾကျခင္းျဖစ္ပါတယ္။ အဲဒီ့စာသားေလးက ေတာ့…

“လူစြမ္းလူစ ရွိ မရွိ စစ္ေဆးေပးနိုင္ေသာ အခက္အခဲတို႔ကို ဖန္တီးေပးတတ္သည့္ အျမင္ဆိုး နားဝမွာၾကားရဆိုးေသာ ကိုဒုကၡ မဒုကၡ အေၾကာင္းကိစၥဟူသမၽွသည္ ဘဝအတြက္ အက်ည္းတန္ လက္တြဲေဖၚ ဟုေခၚသည္…တဲ့ ”

ဆရာနႏၵာသိန္းဇံ ရဲ့စာသားေလးကို ျပန္တင္ထားတာပဲျဖစ္ပါတယ္။ သူဘာကို ဆိုလိုလည္းဆိုတာကိုေတာ့ သူ႔ပရိသတ္ေတြ အမ်ိဳးမ်ိဳးေဝ ဖန္ ေျပာဆို ေနၾကလို႔ ျပန္လည္မၽွေဝလိုက္ျခင္းျဖစ္ပါတယ္။ ဖတ္ရႈ႔ေပးတဲ့ ပရိသတ္အားလုံး က်န္းမာရႊင္လန္း ေဘးကင္းၾကပါေစ။

Na Nge (Rangoon Times)