ရေမွန်ဟာ ဇွန် ၂၃ ရက်မနက်ပိုင်း က အစာအိမ်သွေးကြောပေါက်ရောဂါနဲ့ ဆုံးပါးခဲ့ တာဖြစ်ပါတယ် ရေမွန်ရဲ့ နောက်ဆုံးခရီးလေး ကိုတောင် လိုက်မပို့ပေးနိုင်တဲ့ရေမွန်ရဲ့ချစ်သူကောင်မလေး ဟာဆိုရင် ပရိတ်သတ်တွေရဲ့ ဝေဖန်မှုတွေကို ခံနေရတာပဲဖြစ်ပါတယ်နော်။ အဲ့ဒီကိစ္စနဲ့ပတ်သက်ပြီးတော့ ချစ်သူကောင်မလေးရဲ့မိခင်က အခုလိုပဲပြန်လည်ဖြေရှင်း လာခဲ့တာပဲဖြစ်ပါတယ်နော်
ကျမ သမီးလေးကို အပြစ်ပြောနေသူများရှင် သမီးကို ကျမက မလွှတ်တာပါသူ အရမ်းသွားချင်ခဲ့ပါတယ်သူ အခု အရမ်းပင်ပန်းပြီး ဖျားနေပါတယ်အဖျား ၁၀၂ F က ကျလိုက် တက်လိုက်နဲ့ အရမ်းလဲ အားနည်းနေပါတယ် အချိန်တိုင်းလည်း ငိုနေရလို့ ပင်ပန်းလှပါပြီကျမက သူ့ကို memory ကောင်းကောင်းလေးနဲ့ပဲရှိနေစေချင်တာလည်း ပါပါတယ်
ဟိုကိုလိုက်သွားဖို့ရာ လမ်းခရီး နေရာတို့ကိုလည်း ကျမ စိတ်မချတာပါကျမလည်း လိုက်မပို့နိုင် သူ့ကိုလည်း လွှတ်လိုက်ရမှာ စိတ်မချနဲ့မို့ကျမလဲ တော်တော်လေး စိတ်ပင်ပန်းရပါတယ်၊ ပြောချင်တာလေးကလေ ဆုံးဖြတ်ချက်တိုင်းက နှလုံးသားနဲ့ ဆုံးဖြတ်ရတာ ရှိသလို ဦးနှောက်နဲ့ ဆုံးဖြတ်ရတာလဲ ရှိပါတယ်
အရမ်းလဲ နာကျင်ရပါတယ်နောက်တစ်ခုက သမီးလေး တခါတလေ ပိုစ့်တွေ တင်ခဲ့ရင်လည်း နားလည်ပေးကြပါနော် အပြစ်ပြောနေကြသူများ ကလည်း သားတို့ သမီးတို့ကို ချစ်လို့ ပြောကြတာပဲလို့ကျမ မှတ်ယူနားလည်ပေး ပါတယ်၊ သားတို့ သမီးတို့ကို ချစ်ပေးကြလို့ မေတ္တာ စေတနာထားပေးကြလို့လည်း ကျေးဇူးအထူးတင်ပါတယ်နားလည်ခွင့်လွှတ်ပေးကြပါရှင်
ကျမ သမီးလေး အမေပါ ဆိုပြီးရေးသားလာ ခဲ့တာပဲဖြစ်ပါတယ်နော်။ပရိတ်သတ်ကြီး ကလည်း ရေမွန်ရဲ့ချစ်သူကောင်မလေးအပေါ် နားလည်ပေးနိုင်လိမ့်မယ်လို့မျှော်လင့်ပါတယ် ဖတ်ရှုပေးတဲ့ ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်
crd Samm Mya Aye , Celebrity Platforms
Zawgyi