အခ်စ္ေရး

လက်ရှိသင့်အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူးဆိုတာ သိသာနေတဲ့ အချက် (၆)ချက်

လက်ရှိသင့်အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ဘူးဆိုတာ သိသာနေတဲ့ အချက် (၆)ချက်

အချစ်ဆိုတာ ရေရှည်ခံပြီး သက်ဆုံးထိခိုင်မြဲတာလည်း ရှိသလို၊ အချိန်တိုအတွင်း လွယ်လွယ်လေး အဆုံးသတ်သွားတာမျိုးလည်းရှိပါတယ်။

လူတိုင်းကတော့ ကိုယ်ချစ်တဲ့သူနဲ့ အချိန်တွေ အကြာကြီးအတူရှိသွားချင်၊ ကိုယ်တည်ဆောက်ခဲ့တဲ့အချစ်ကို အဆုံးထိ ခိုင်မြဲချင်ကြတာချည်းပါပဲ။ဒါပေမယ့် အခုဖော်ပြမယ့် အချက်တွေ ကြုံနေရပြီဆိုရင်တော့ သင့်ရဲ့ အချစ်ရေးဟာ ရေရှည်မခိုင်မြဲနိုင်တော့ပါဘူး။

၁ မပွင့်လင်းကြဘူး

လူတိုင်းမှာ လျှို့ဝှက်ချက်လေးတွေ ကိုယ်စီရှိကြပါတယ်။ အရာအားလုံးတော့ ကိုယ့်ချစ်သူကို ဖွင့်မပြောကြပါဘူး။

ဒါပေမယ့် သင်တို့နှစ်ယောက်လုံးက တစ်နေ့တစ်နေ့ ကိုယ်ကြုံတွေ့ရတဲ့ အဖြစ်အပျက်လေးတွေကစလို့၊ အဆင်မပြေတာလေးတွေကိုပါ ရင်မဖွင့်ကြတော့ဘူး၊

အရာအားလုံးကို ကိုယ်ဘာသာ တစ်ယောက်တည်းပဲ ခံစားနေတယ် ဖြေရှင်းနေတယ်ဆိုရင်တော့ နှစ်ယောက်သား မပွင့်မလင်းဖြစ်နေကြပါပြီ။ဒီလိုသာဆို ရေရှည်မြဲဖို့ မလွယ်ပါဘူး။

၂ မပျော်ကြဘူး

ချစ်သူတွေဆိုတာ ရန်ဖြစ်တာ၊ စိတ်ကောက်တာတွေ ဘယ်လောက်ရှိရှိ နှစ်ယောက်သားတွေ့ရင်တော့ ပျော်နေကြတာပါပဲ။

တကယ်လို့ သင်တို့နှစ်ယောက်က အတူတူရှိချိန်၊ တွေ့ဆုံချိန်တွေမှာ မပျော်တော့ဘူးဆိုရင်တော့ ဒီအခြေအနေနဲ့ပတ်သက်လို့ စဉ်းစားသင့်နေပါပြီ။

၃ ရှေ့ဆက်ကြဖို့ မဖြစ်နိုင်ဘူးလို့ ခံစားရတယ်

နှစ်ယောက်လုံးက လက်တွဲဖို့ ခက်ခဲတာမျိုးလည်းမရှိ၊ ဘယ်သူမှလည်း ကြားဝင်နှောင့်ယှက်တာတွေ မရှိပါဘဲ၊ ရှေ့ဆက်ဖို့ သိပ်မဖြစ်နိုင်တော့သလို ခံစားရတယ်၊

သူနဲ့အတူတူဆိုရင် ပျော်ရွှင်ရပါ့မလားလို့ သံသယတွေဝင်နေတယ် ဆိုရင်လည်း ဒါဟာ ရေရှည်မခိုင်မြဲတော့မယ့် သဘောတစ်ခုပါပဲ။

၄ စတွေ့ချိန်ကနဲ့လုံးဝမတူတော့ဘူးလို့ထင်နေတယ်

သူ့ဘက်ကလည်း ကိုယ့်အပေါ် စတွေ့တုန်းကလောက် မချစ်တော့ဘူးလို့ စိတ်ထဲမှာ ထင်နေသလို၊ ကိုယ့်ဘက်ကလည်း သူ့အပေါ် ချစ်သေးရဲ့လားဆိုတာ မရေမရာဖြစ်နေတယ်။

ထွေထွေထူးထူး ရင်ခုန်တာတွေဘာတွေ မရှိတော့လို့ လက်ရှိအချိန်ခံစားချက်ဟာ အချစ်လား၊ သံယောဇဉ်လား မသဲကွဲဘူးဆိုတာမျိုးပေါ့။

၅ ပူလိုက် အေးလိုက်ဖြစ်နေတယ်

ဒါပေမယ့် ပြတ်ကြမလားဆိုတော့လည်း မပြတ်နိုင်ဘူး။ခွဲပြီးနေရင်တော့ သတိရတယ်၊ လွမ်းတယ်၊ တခါတခါကျပြန်တော့လည်း သူမရှိဘဲ နေနိုင်သလို အေးစက်နေတတ်တယ်။

ကိုယ့်ကိုယ်ကိုလည်း နားမလည်နိုင်သလိုဖြစ်နေတယ်။ ဒီလိုဖြစ်နေတာက ကောင်းတဲ့အနေအထားတော့မဟုတ်ဘူး၊ လမ်းခွဲကြဖို့အစပြုနေတာမျိုး ဖြစ်နိုင်တယ်။

၆ တစ်ဖက်သတ်ဆန်တဲ့ အနေအထား

သူကပဲ သူ့ကို ဂရုစိုက်နေတာမျိုး၊ စိတ်ပူနေတာမျိုး၊ သဝန်တွေတိုနေတာမျိုး၊ နှစ်ယောက်သားဆက်ဆံရေး ပျက်စီးသွားမှာစိုးလို့ကိုယ့်ဘက်ကပဲ လိုက်ပြီး ညှိနှိုင်းနေတာမျိုးဖြစ်နေမယ်၊

ဒါမှမဟုတ် ကိုယ့်ဘက်က အေးစက်နေပြီး သူ့ဘက်က အဲ့ဒီလိုတွေဖြစ်နေမယ်ဆိုရင် ဒီဆက်ဆံရေးက တစ်ဖက်သတ်ဖြစ်နေပါပြီ။ ဒီလိုဆိုရင်လည်း သင်တို့နှစ်ယောက်က ရေရှည်အဆင်ပြေဖို့ မလွယ်တော့ပါဘူး။

RAY

Zawgyi

လက္ရွိသင့္အခ်စ္ေရးဟာ ေရရွည္မခိုင္ျမဲႏိုင္ေတာ့ဘူးဆိုတာ သိသာေနတဲ့ အခ်က္ (၆)ခ်က္

အခ်စ္ဆိုတာ ေရရွည္ခံၿပီး သက္ဆုံးထိခိုင္ၿမဲတာလည္း ရွိသလို၊ အခ်ိန္တိုအတြင္း လြယ္လြယ္ေလး အဆုံးသတ္သြားတာမ်ိဳးလည္းရွိပါတယ္။

လူတိုင္းကေတာ့ ကိုယ္ခ်စ္တဲ့သူနဲ႕ အခ်ိန္ေတြ အၾကာႀကီးအတူရွိသြားခ်င္၊ ကိုယ္တည္ေဆာက္ခဲ့တဲ့အခ်စ္ကို အဆုံးထိ ခိုင္ၿမဲခ်င္ၾကတာခ်ည္းပါပဲ။ဒါေပမယ့္ အခုေဖာ္ျပမယ့္ အခ်က္ေတြ ႀကဳံေနရၿပီဆိုရင္ေတာ့ သင့္ရဲ႕ အခ်စ္ေရးဟာ ေရရွည္မခိုင္ၿမဲနိုင္ေတာ့ပါဘူး။

၁ မပြင့္လင္းၾကဘူး

လူတိုင္းမွာ လွ်ိဳ႕ဝွက္ခ်က္ေလးေတြ ကိုယ္စီရွိၾကပါတယ္။ အရာအားလံုးေတာ့ ကိုယ့္ခ်စ္သူကို ဖြင့္မေျပာၾကပါဘူး။

ဒါေပမယ့္ သင္တို႕နွစ္ေယာက္လံုးက တစ္ေန႕တစ္ေန႕ ကိုယ္ၾကံဳေတြ႕ရတဲ့ အျဖစ္အပ်က္ေလးေတြကစလို႕၊ အဆင္မေျပတာေလးေတြကိုပါ ရင္မဖြင့္ၾကေတာ့ဘူး၊

အရာအားလံုးကို ကိုယ္ဘာသာ တစ္ေယာက္တည္းပဲ ခံစားေနတယ္ ေျဖရွင္းေနတယ္ဆိုရင္ေတာ့ နွစ္ေယာက္သား မပြင့္မလင္းျဖစ္ေနၾကပါျပီ။

ဒီလိုသာဆို ေရရွည္ျမဲဖို႕ မလြယ္ပါဘူး။

၂ မေပ်ာ္ၾကဘူး

ခ်စ္သူေတြဆိုတာ ရန္ျဖစ္တာ၊ စိတ္ေကာက္တာေတြ ဘယ္ေလာက္ရွိရွိ နွစ္ေယာက္သားေတြ႕ရင္ေတာ့ ေပ်ာ္ေနၾကတာပါပဲ။

တကယ္လို႕ သင္တုိ႕နွစ္ေယာက္က အတူတူရွိခ်ိန္၊ ေတြ႕ဆံုုခ်ိန္ေတြမွာ မေပ်ာ္ေတာ့ဘူးဆိုရင္ေတာ့ ဒီအေျခအေနနဲ႕ပတ္သက္လို႕ စဉ္းစားသင့္ေနပါျပီ။

၃ ေရွ႕ဆက္ၾကဖို႔ မျဖစ္နိုင္ဘူးလို႔ ခံစားရတယ္

နွစ္ေယာက္လံုးက လက္တြဲဖို႕ ခက္ခဲတာမ်ိဳးလည္းမရွိ၊ ဘယ္သူမွလည္း ၾကားဝင္ေနွာင့္ယွက္တာေတြ မရွိပါဘဲ၊ ေရွ႕ဆက္ဖို႕ သိပ္မျဖစ္နိုင္ေတာ့သလို ခံစားရတယ္၊

သူနဲ႕အတူတူဆိုရင္ ေပ်ာ္ရႊင္ရပါ့မလားလို႕ သံသယေတြဝင္ေနတယ္ ဆိုရင္လည္း ဒါဟာ ေရရွည္မခိုင္ျမဲေတာ့မယ့္ သေဘာတစ္ခုပါပဲ။

၄ စေတြ႕ခ်ိန္ကနဲ႕လုံးဝမတူေတာ့ဘူးလို႔ထင္ေနတယ္

သူ႕ဘက္ကလည္း ကိုယ့္အေပၚ စေတြ႕တုန္းကေလာက္ မခ်စ္ေတာ့ဘူးလို႕ စိတ္ထဲမွာ ထင္ေနသလို၊ ကိုယ့္ဘက္ကလည္း သူ႕အေပၚ ခ်စ္ေသးရဲ႕လားဆုိတာ မေရမရာျဖစ္ေနတယ္။

ေထြေထြထူးထူး ရင္ခုန္တာေတြဘာေတြ မရွိေတာ့လုိ႕ လက္ရွိအခ်ိန္ခံစားခ်က္ဟာ အခ်စ္လား၊ သံေယာဇဉ္လား မသဲကြဲဘူးဆိုတာမ်ိဳးေပါ့။

၅ ပူလိုက္ ေအးလိုက္ျဖစ္ေနတယ္

ဒါေပမယ့္ ျပတ္ၾကမလားဆိုေတာ့လည္း မျပတ္နိုင္ဘူး။ခြဲျပီးေနရင္ေတာ့ သတိရတယ္၊ လြမ္းတယ္၊ တခါတခါက်ျပန္ေတာ့လည္း သူမရွိဘဲ ေနနိုင္သလို ေအးစက္ေနတတ္တယ္။

ကိုယ့္ကိုယ္ကိုလည္း နားမလည္နိုင္သလိုျဖစ္ေနတယ္။ ဒီလိုျဖစ္ေနတာက ေကာင္းတဲ့အေနအထားေတာ့မဟုတ္ဘူး၊ လမ္းခြဲၾကဖို႕အစျပဳေနတာမ်ိဳး ျဖစ္နိုင္တယ္။

၆ တစ္ဖက္သတ္ဆန္တဲ့ အေနအထား

သူကပဲ သူ႕ကို ဂရုစိုက္ေနတာမ်ိဳး၊ စိတ္ပူေနတာမ်ိဳး၊ သဝန္ေတြတိုေနတာမ်ိဳး၊ နွစ္ေယာက္သားဆက္ဆံေရး ပ်က္စီးသြားမွာစိုးလို႕ကိုယ့္ဘက္ကပဲ လိုက္ျပီး ညွိနိႈင္းေနတာမ်ိဳးျဖစ္ေနမယ္၊

ဒါမွမဟုတ္ ကိုယ့္ဘက္က ေအးစက္ေနျပီး သူ႕ဘက္က အဲ့ဒီလိုေတြျဖစ္ေနမယ္ဆိုရင္ ဒီဆက္ဆံေရးက တစ္ဖက္သတ္ျဖစ္ေနပါျပီ။ ဒီလိုိဆိုရင္လည္း သင္တို႕နွစ္ေယာက္က ေရရွည္အဆင္ေျပဖို႕ မလြယ္ေတာ့ပါဘူး။

RAY