လက်ရှိအခြေအနေတွေမှာ ပြည်တွင်းရေးအခြေအနေတွေပြင်းထန်နေသလို ပြည်သူတွေမှာ ဗီဇပြောင်း Covid 19 ရဲ့ တတိယလှိုင်းရိုက်ခတ်မှုကြောင့် ကျန်းမာရေးအတွက်လည်း စိုးရိမ်စိတ်ပူနေရတဲ့ အနေအထားမှာ ရှိနေပါတယ်..။
ဆိုးရွားစွာပြန့်နှံ့နေပြီဖြစ်တဲ့ ဗီဇပြောင်း ကိုဗစ်ရောဂါဟာ ကလေးမြို့အပါအဝင် အခြားမြို့တွေမှာလည်း တော်တော်များများဖြစ်ပွားနေပြီး သေဆုံးလူနာတွေလည်းရှိနေတာ တွေ့ရပါတယ်..။
စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့မှာ ကိုဗစ်ရောဂါကြောင့် သေဆုံးလူနာတွေအပြင် နေအိမ်တွေမှာလည်း အောက်စီဂျင်နဲ့ အသက်ဆက်နေရတဲ့ လူနာတွေလည်း ရှိနေတယ်လို့ သိပါတယ်..။
ကျန်းမာရေးကုသမှုတွေ မနိုင်တော့ဘဲ ပြည်သူတွေအနေနဲ့ မိမိတို့ရဲ့နေအိမ်တွေမှာ အောက်ဆီဂျင်ရှုရင်း ကုသဆဲလူနာ အများအပြားရှိနေကြတဲ့အတွက် အောက်ဆီဂျင်ဖြည့်ဖို့ တနေကုန် တန်းစီစောင့်ဆိုင်းကြရတာလည်း တွေ့ရပါတယ်..။
ကလေးမြို့နယ်မှာ COVID-19 ရောဂါ ဖြစ်ပွားမှုများပြားနေပြီး သေဆုံးနေသလို ဆေးကုသမှုခံယူနေသည့်လူနာများအတွက် အောက်ဆီဂျင်ပြတ်လပ်မှုနဲ့လည်း ရင်ဆိုင်နေရကြောင်း ဒေသခံများက ပြောပြထားပါတယ်..။
ပုံမှန်ကိုဗစ်လူနာများကို အိတ်စွပ် Covid Positive Center တွင်ထားရှိပြီး အခြေအနေစိုးရိမ်ရတဲ့ လူနာတွေကိုတော့ ဆေးရုံကြီးတွင်ထားရှိပြီး ကုသပေးနေကြောင်း သိရတယ်..။
Photo Credit – ပျော်ဘွယ်ဟစ်တိုင် fb