ၾကားသိရသမွ်

DR.ဆာဆာ နှင့် ကမ္ဘာ့မီဒီယာ CNN သတင်းဌာန INTERVIEW သတင်းထူး သတင်းကောင်း

Dr.ဆာဆာ နှင့် ကမ္ဘာ့မီဒီယာ CNN သတင်းဌာန Interview သတင်းထူး သတင်းကောင်း

Dr.ဆာဆာ နှင့် ကမ္ဘာ့မီဒီယာ CNN သတင်းဌာန Interview သတင်းထူး သတင်းကောင်းစစ်ကောင်စီကို ကမ္ဘာ့သံတမန်ရေးမှာ နောက်ကောက်ချနိုင်ခဲ့တဲ့ NUGအစိုးရရဲ့အောင်ပွဲ

၁။ မေးခွန်း= Dr.ဆာဆာ အခု မြန်မာပြည်ရဲ့ အခြေနေကဘယ်ဖြစ်နေပြီလဲ? ကမ္ဘာကြီးကိုပြောပြပါအုံး…

အဖြေ= ဒီအချိန်ဟာ ကျွန်တော်တို့ မြန်မာပြည်သူတွေ အဆိုးဆုံး အခြေနေကို ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့်လည် အလှပဆုံး အကောင်းဆုံးအခြေအနေက လက်တစ်ကမ်းမှာဆိုတာ ကျွန်တော် ယုံကြည်ပါတယ်။

၂။မေးခွန်း= အခုဆိုရင် Dr. ဆာဆာတို့ လုပ်ဆောင်ချက်တွေက အောင်မြင်နေတယ်ကမ္ဘာ့အကြီးမာဆုံး အင်အားနှင့် ဖွဲ့စည်းထားတဲ့ G7အဖွဲ့ကတောင် Dr. ဆာဆာတို့ NUG အစိုးရ လက်ခံထားတယ် ဒါဘာကြောင့်လို့ ထင်သလဲ?

အဖြေ= ဒါကတော့ ရိုးရိုးရှင်းရှင်းလေးပါ ကျွန်တော်တို့ NUG အစိုးရက ပြည်သူကနေ ပေါက်ဖွားလာတာပါ( ၅၄) သောပြည်သူက မဲပေးရွေးချယ်ခဲ့တဲ့ လွတ်တော်အမတ်တွေနှင့် ဖွဲ့စည်းထားတာပါ သူတို့အနေနဲ့ ပြည်သူက တင်မြောက်ထားတဲ့ အစိုးရကို ပြစ်ဖယ်လို့မရပါဘူး။ လက်နက်အားကိုးနှင့် အုပ်ချုပ်ကြေးဆိုရင် အမေရိကန်က ကမ္ဘာတစ်ခုလုံးကို အုပ်ချုပ်တော့မှာပေါ့ ပြည်သူလက်ခံဖို့သာ အဓိကပါ။

၃။ မေးခွန်း= စစ်အာဏာသိမ်းအဖွဲ့က သူတို့ ရူံးနေပြီ ရူံးနေမှန်သိလျှက်နှင့် ဘာလို့ စစ်ရာဇာဝတ်မူတွေ ဆက်ကျူးလွန်နေတယ်။ လူ့အခွင့်အရေးတွေလည် ဆက်ချိုးဖောက်နေတယ် ။ ကျွန်မတို့ သတင်းဌာန ဥက္ကဋ္ဌကိုယ်တိုင် မြန်မာပြည်သတင်းသွားယူတော့ သူတို့က ကမ္ဘာကိုလိမ်ဖို့ ကြိုးစားနေတယ် ဒါတွေက သူတို့ ဘာကြောင့်အဲလို လုပ်တယ်ထင်လဲ?

အဖြေ= အဓိက နံပါတ် (၁) ဒီအာဏာရူး စစ်ခေါင်းဆောင်တွေက အဂ်လိပ်စာမတတ်ကြဘူး ကမ္ဘာကြီးက သူတို့ လုပ်ရပ်ကို ဘာပြောနေသလဲ သူတို့သေချာ မှန်အောင်မသိကြဘူး။ သူတို့ရဲ့ စကားပြန်တွေက အမှန်တိုင်းမပြောပြဘူးနှင့်တူပါတယ်။

နံပါတ် (၂)အချက်က သူတို့ရဲ့ ကျူးလွန်မူတွေဟာ ISIS တွေထပ် ပိုဆိုးကြောင်း ကမ္ဘာကြီးကို သက်သေပြလိုက်တာပဲ။အဆိုးဆုံးကတော့ ပြည်သူတွေရဲ့ မဲပေးမူကို အလေးမထား တန်ဖိုးမထားတာပဲ။

၄။မေးခွန်း= အခုဆိုရင် Dr. ဆာဆာတို့ NUGရဲ့ လူပ်ရှားမူတွေ အောင်မြင်နေတယ်။အင်အားလည် ကြီးထွားလာတယ်။ အနောက်ဆုံးသတ်က ဘယ်လိုဖြစ်သွားနိူင်လဲ?

အဖြေ= ဒါကတော့ အာဏာသိမ်း စစ်ခေါင်းဆောင်တွေ ဖမ်းဆီးထားတဲ့ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါဝင် မတရားအဖမ်းခံရတဲ့ပြည်သူတွေ မလွတ်မချင်း၊ တိုင်ပြည် အာဏာကို ပြန်မလွဲမချင်း ကျွန်တော်တို့ဘက်က သေနတ်နဲ့ ထောက်တိုင်း အညံ့ခံပြီး နောက်ဆုတ်မှာမဟုတ်သလို တော်လှန်ရေးကလည် ရပ်သွားမှာမဟုတ်ပါဘူး။

ကျွန်တော် ကိုယ်တိုင်လည် အသက်ရှိနေသ၍ စစ်အာဏာရှင် လက်အောက်မှာ ဘယ်တော့မှနေမှာပါမဟုတ်ပါဘူး အဆုံးထိ တော်လှန်ကြမှာပါပြည်သူတွေ ကလည် ထိုနည်းအတူပါပဲ။ အဆုံးသတ်ကတော့ ပြည်သူတွေပဲ သေချာပေါက်အနိူင်ရမှာပါ။

၅။မေးခွန်း = အခုချိန်ထိ ချီးနာက စစ်တပ်ဘက်က ရပ်တည်ပေးနေသေးတယ်။ကမ္ဘာကြီးကိုလည် ချီးနာက တစ်ခါမှအမှန်တိုင်းပြောလေ့မရှိဘူး။ ဒါဘာကြောင့်လို့ ထင်လဲ?

အဖြေ= ဒါကတော့ ချီးနာက မြန်မာစစ်အာဏာရူး ခေါင်းဆောင်တွေနှင့် ပေါင်းပြီးတော့ ပြည်သူပိုင် အဖိုးတန် ပစ္စည်း ရတနာ တွေကို မှောင်ခိုဈေးနှင့် အရောင်းအဝယ်လုပ်လာကြတာနှစ်ပေါင်း( ၆၀)ကျော်နေပြီ မြန်မာပြည်ရဲ့ ထွက်ကုန်အားလုံးကို သူတို့ လက်အုပ်ကြီး ချုပ်ချင်ကြတာ ဒါကြောင့်လို့ပဲ ထင်ပါတယ်။

အခုလို မေးခွန်းတိုင်းကို ဖြေကြားပေးတဲ့ Dr. ဆာဆာကို ကျွန်မတို့ CNN သတင်းဌာန က ကျေးဇူးအထူးတင်ပါတယ်ရှင်။

ဟုတ်ကဲ့ ကျွန်တော်လည် ထပ်တူကျေးဇူးတင်ပါတယ် ခင်ဗျာ။

မြန်မာတွင် ဒီမိုကရေစီသည် လွှမ်းမို့လိမ့်မည်။

တရားမျှတမူကလွမ်းမိုးလိမ့်မည်။

Federal ပြည်ထောင်စုကြီး ပေါ်ပေါက်လိမ့်မည်။Federal တပ်မတော်သည် ထွန်းကားလိမ့်မည်။အရေးတော်ပုံမုချအောင်ရမည်။

မြန်မာပြည်ကြီး ဘုရားသခင်ကောင်းချီး ပေးပါစေ။

Democracy will prevail in Myanmar.

Justice will prevail.

A federal union will emerge.

The Federal Army will flourish.

The uprising must be won.

God bless Myanmar.

ယူနီကုတ္

“ပြည်သူ့ဘက်ကို ခိုလှုံချင်တဲ့ တပ်မတော်သားများအတွက်” ဒီပို့စ်လေးကို အဆုံးထိ ဖတ်ပြီး ရှယ်ပေးကြဖို့ အရင်ဆုံး မေတ္တာရပ်ခံချင်ပါတယ်

“ပြည်သူ့ဘက်ကို ခိုလှုံချင်တဲ့ တပ်မတော်သားများအတွက်” ဒီပို့စ်လေးကို အဆုံးထိ ဖတ်ပြီး ရှယ်ပေးကြဖို့ အရင်ဆုံး မေတ္တာရပ်ခံချင်ပါတယ်။ ကျွန်တော့်ရဲ့ စာတွေမှာ ဒါမျိုး ပြောလေ့ မရှိတာကို သိမယ်ဆိုရင် ဒီပို့စ်ရဲ့ အရေးကြီးမှုကိုလည်း သဘောပေါက်မယ်လို့ ထင်ပါတယ်။ ၁။ လက်ရှိ စစ်တပ်ရဲ့ လုပ်ရပ်တွေ မှန်သလား။ ယိုင်နဲ့နေတဲ့ ဒီမိုကရေစီကို တည့်မတ်ပေးတာလို့ ဆိုတယ်။ ဟုတ်ရဲ့လား။

လက်ရှိ မြင်ရသလောက်တော့ ဒီမိုကရေစီ မပြောနဲ့၊ အာဏာရှင်တွေထဲမှာတောင် အတော်လေးကို ယုတ်ညံ့တဲ့ အာဏာရှင်မျိုး ဖြစ်နေတယ်။ မဲစာရင်း မှားလို့ အာဏာသိမ်းရတာဆိုလည်း လမ်းပေါ် ထွက်နေတဲ့ လူအရေအတွက်ကိုသာ ကြည့်ကြည့်။ မဲလိမ်ပြီး နိုင်ခဲ့တာ ဟုတ်မဟုတ် အလွယ်လေး သိနိုင်တယ်။ သေချာတာကတော့ လက်ရှိ စစ်တပ်ရဲ့ လုပ်ရပ်တွေဟာ လူများစုရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ် ဆိုတာပဲ။ ◾◾◾◾◾◾◾ ၂။ အနီနဲ့ အစိမ်း တိုက်နေကြတာလား။ NLD ကို ထောက်ခံသူတွေကပဲ တော်လှန်နေကြတယ်လည်း မထင်နဲ့။ တခြားတိုင်းရင်းသားတွေက လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက တော်လှန်နေပြီးသား။

ခုမှသာ ဗမာတွေပါ ပါလာတာ ပြောရမယ်။ ပြည်ထောင်စု မပြိုကွဲအောင် ခင်ဗျားတို့က ထိန်းသိမ်းတဲ့အနေနဲ့ စစ်တိုက်နေရတာ ဆိုတာလည်း မဟုတ်ဘူး။ သူတို့ဒေသက သယံဇာတတွေ၊ သူတို့ရဲ့ ရပိုင်ခွင့်တွေကို ခင်ဗျားတို့ခေါင်းဆောင်တွေက လက်ဝါးကြီး အုပ်ချင်လို့ ဖြစ်နေရတာ။ အဲဒါကို မသိဘဲ ခင်ဗျားတို့ကသာ ပြည်ထောင်စု မပြိုကွဲရေး တို့အရေး ဆိုပြီး တို့တာဝန်အရေး ၃ ပါး ဆိုတဲ့ ချင်းကြီးအောက်ကနေ အသက်တွေ ပေးနေရတာ။ ◾◾◾◾◾◾◾ ၃။ “ဒီလူတွေက ပြည်သူတွေ မဟုတ်ဘူး။ အကြမ်းဖက်တွေ။” … “လူငယ်တွေက ဘာမှ မသိဘူး။ နိုင်ငံရေးမှိုင်းတွေ မိနေတာ။” … “သံဃာတွေ မဟုတ်ဘူး။ သင်္ကန်းဝတ်တွေ။” …

“ငါတို့က အမျိုးဘာသာ သာသနာကို ကာကွယ်ပေးနေတာ။” အဲဒါတွေ အကုန်လုံးဟာ စစ်အာဏာရှင်တွေက ခင်ဗျားတို့ကို ခိုင်းကောင်းအောင် ထည့်ထားတဲ့ ချင်း (ဂျင်း) တွေ၊ မှိုင်းတွေ ဖြစ်ပါတယ်။ သံဃံသရဏံ ဂစ္ဆာမိလို့ နေ့စဉ်နဲ့အမျှ ရွတ်ဖတ်ပူဇော်နေတဲ့သူတွေဟာ ကိုယ်ကိုးကွယ်တဲ့ ရတနာတစ်ပါး ဖြစ်တဲ့ သံဃာတော်တွေကို ဖမ်းဆီးနှိပ်စက်ဖို့ဆိုတာ အင်မတန် ခက်ခဲတဲ့ ကိစ္စပါ။ ဒါကို လုပ်ရဲလာအောင် အဲ့လို ချင်းထည့်လိုက်တာပါ။ “ဒေါ်စုက နိုင်ငံခြားသားကို ယူခဲ့လို့” ဆိုပြီး ပြောတယ်။ သူတို့သားသမီးတွေထဲမှာ နိုင်ငံခြားသား၊ နိုင်ငံခြားသူနဲ့ ယူထားတာတွေ အများကြီး။ သူတို့မြေးတွေဆို နိုင်ငံတကာကျောင်းတွေ တက်ပြီး မြန်မာစကားတောင် မပြောတတ်ကြဘူး။

အနောက်အုပ်စုက ဘာဖြစ်တယ် ညာဖြစ်တယ် ပြောနေတာ ခဏထားဦး။ ခုကိုပဲ တရုတ်ကို ကြောက်နေရတဲ့၊ သူပြုသမျှ နုရတဲ့ လက်ဝေခံနိုင်ငံလို ဖြစ်နေပြီ။ အဲဒါကရော ဘယ်သူတွေကြောင့်လဲ။ လမ်းပေါ် ထွက်လာတဲ့ ပြည်သူတွေ၊ တောထဲမှာ စစ်ပညာသင်နေကြတဲ့ လူငယ်တွေဟာလည်း မှိုင်းမိနေကြတာ မဟုတ်ပါဘူး။ စစ်တပ်ရဲ့ လုပ်ရပ်တွေကို ဘယ်လိုမှ သည်းမခံနိုင်တော့တဲ့အတွက် ဒီလမ်းကို ရွေးခဲ့ကြရတာပါ။

◾◾◾◾◾◾◾ ၄။ ငါတို့တပ်မတော် အုပ်ချုပ်ခဲ့တုန်းက တံတားတွေ ဘယ်နှစင်း၊ ဆည်တွေ ဘယ်နှခုနဲ့ ဘယ်လိုတိုးတက်ခဲ့တာ။ လူတွေဆီကနေ ကောက်လို့ရတဲ့ ငွေတစ်ရာမှာ ၉၉ ကျပ်ကို အိတ်ထဲ ထည့်ပြီး ၁ ကျပ်ဖိုးလောက် လုပ်ပေးသွားတာကို ကျေးဇူးတင်နေတာနဲ့ တူတယ်။ မှန်တယ်။ အဲ့လို တံတားတွေ၊ ဆည်တွေ ဖြစ်လာတယ်။ သို့သော် တစ်တိုင်းပြည်လုံးအနေအထားနဲ့ ပြည်သူပေါင်းများစွာဟာ ဆင်းရဲသွားတယ်။ ပညာရေး၊ ကျန်းမာရေး၊ လူနေမှု အဆင့်အတန်း ဘယ်ဘက်က ကြည့်ကြည့်၊ အောက်တန်းကျသွားတယ်။ အဲဒီထဲမှာ အောက်ခြေစစ်သားတွေလည်း ပါတယ်။

ကျိကျိတက် ချမ်းသာသွားတာဆိုလို့ ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ ခရိုနီတွေပဲ ရှိတာ။ ခင်ဗျားတို့ ကတိသစ္စာ ဆိုခဲ့တာ ပြည်သူရဲ့ အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်ဖို့လား။ ထိပ်ပိုင်းအရာရှိတွေရဲ့ စည်းစိမ်ချမ်းသာကို ကာကွယ်ဖို့ ခင်ဗျားတို့ ဘဝတွေကို စတေးပါမယ် ဆိုပြီးတော့လား။ ပြန်စဉ်းစားကြည့်ပါ။ ဒါကြောင့် အထက်က ပြောသမျှ အဟုတ်ထင်မနေနဲ့။ မြဝတီက သတင်းတွေကိုပဲ မယုံနဲ့။ အပြင်လောကကို ထွက်ကြည့်။ စကားပြောကြည့်။ ပြည်သူ့အသံတွေ နားထောင်ကြည့်။ ခင်ဗျားတို့ လေးစားလှချည်ရဲ့ ဆိုတဲ့ ခေါင်းဆောင်တွေဟာ သူတို့အကျိုးစီးပွားအတွက် ခင်ဗျားတို့ ဦးနှောက်တွေကို ဘယ်လောက်မှိုင်းတိုက်ခဲ့တယ် ဆိုတာ သိလာလိမ့်မယ်။

◾◾◾◾◾◾◾ ၅။ ဒါဖြင့် ဘာဆက်လုပ်သင့်လဲ။ ရှင်းပါတယ်။ ပြည်သူဘက်ကို ခိုလှုံလိုက်ပေါ့။ ခင်ဗျားတို့ ကတိသစ္စာ ဆိုထားတဲ့အတိုင်း တိုင်းပြည်ကို ကာကွယ်ပေးမဲ့ တကယ့်စစ်သားစစ်စစ် လုပ်ပေါ့။ အစားအသောက် ကောင်းကောင်းစား၊ အဆင့်ရှိရှိ နေရထိုင်ရတဲ့ ဘဝမျိုးကို ရွေးပေါ့။ ခင်ဗျားတို့ မိန်းမတွေ ဘယ်ကတော်ကိုမှ အောက်ကျို့စရာမလို၊ သူတို့သမီးတွေ ဈေးဝယ်ထွက်ရင် ခြင်းတောင်းဆွဲပြီး နောက်က တကောက်ကောက် လိုက်စရာမလိုဘဲ လူပီပီသသ နေနိုင်တဲ့ ဘဝမျိုးကို ဖန်တီးပေးပေါ့။ ◾◾◾◾◾◾◾

၆။ အဲ့လို ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။ အရင်ဆုံး ပြောချင်တာက စစ်တပ်ကနေ ထွက်လာဖို့ စဉ်းစားနေတဲ့ စစ်သားဆိုလို့ ခင်ဗျားတစ်ယောက်တည်း ရှိတာ မဟုတ်ဘူး ဆိုတာပါပဲ။ ထွက်လာပြီးတဲ့သူတွေလည်း အများကြီး ရှိသလို ထပ်ထွက်ဖို့ တာစူနေတဲ့သူတွေလည်း ရာနဲ့ ထောင်နဲ့ချီ ရှိနေတယ်။ နားလည်ပါတယ်။ တပ်ကနေ ထွက်လာဖို့ ဘယ်လောက်ခက်တယ် ဆိုတာကို။ အဲ့လို ခက်အောင်၊ ထွက်မရအောင်၊ မထွက်ရဲအောင်လည်း လုပ်ထားကြတာကိုး။ ဒါမှလည်း ခင်ဗျားတို့ သူတို့အတွက် သေတစ်ပန် သက်တစ်ဆုံး အလုပ်အကျွေး ပြုသွားရတော့မှာလေ။

သို့သော်လည်း ကိုယ့်ဘက်ကနေ သတ္တိမွေးဖို့ လိုတယ်။ ကိုယ့်ဂုဏ်သိက္ခာအတွက်၊ ကိုယ့်မိသားစုအတွက်၊ ကိုယ့်သားသမီးတွေရဲ့ နောင်ရေးအတွက် သတ္တိရှိစေချင်တယ်။ ဘာလက်နက်မှ မရှိတဲ့ ပြည်သူကို လက်နက်အားကိုးနဲ့ စိန်ခေါ်ရဲတာ သတ္တိမှ မဟုတ်တာ။ မှန်တဲ့ဘက်ကနေ ရပ်တည်ရဲမှ သတ္တိ ဖြစ်တာပါ။ အဲ့လို ထွက်လာချင်တဲ့သူတွေအတွက် ကူညီပေးနေတဲ့ အဖွဲ့လည်း ရှိနေပြီ။ CDM လုပ်ထားတဲ့ ဗိုလ်ကြီး လင်းထက်အောင် အပါအဝင် တခြားဗိုလ်ကြီးတွေ၊ ဗိုလ်မှူးတွေက ပြည်သူနဲ့ အတူလက်တွဲပြီး ကူညီပေးနေတာ ဖြစ်ပါတယ်။ ◾◾◾◾◾◾◾ ၇။ အဲဒီအဖွဲ့ကို ဘယ်ကနေ ဆက်သွယ်လို့ ရမလဲ။

ဒီ Telegram ကနေ ဆက်သွယ်လို့ ရပါတယ်။ http://t.me/MyanmarPeople လိုအပ်တာအကုန်လုံးကို ချိတ်ဆက်ကူညီပေးနေတယ်။ ကိုယ်တိုင်အတွက်ဖြစ်ဖြစ်၊ အမျိုးသမီးက ဖတ်မိတယ်ဆိုလည်း ကိုယ့်အမျိုးသားအတွက်ဖြစ်ဖြစ်၊ ဒါမှမဟုတ် အမျိုးထဲက စစ်တပ်ထဲ ရောက်နေပြီး ထွက်ချင်ပေမဲ့ မထွက်ရဲ၊ ဘယ်လိုထွက်ရမှန်းမသိ ဖြစ်နေတဲ့သူတွေအတွက် ဒါလေးကို မျှဝေအသိပေးစေချင်ပါတယ်။ ◾◾◾◾◾◾◾

၈။ Telegram ဘယ်လိုသုံးရမလဲ။ တပ်တွေထဲမှာ ကျန်းမာရေး အသိပညာပေး ဟောပြောပွဲတွေ လုပ်ရင်း အောက်ခြေစစ်သားတွေ၊ သူတို့ မိသားစုဝင်တွေနဲ့ ထိတွေ့ဖူး၊ ဆက်ဆံဖူးသူမို့ ကျွန်တော် ကောင်းကောင်းသိတယ်။ ခင်ဗျားတို့ ဘယ်လောက် ရိုးကြ အကြတယ် ဆိုတာ။ အထက်လူကြီးရဲ့ အမိန့်ရယ်၊ မြဝတီက သတင်းတွေရယ်နဲ့ပဲ ခင်ဗျားတို့ဘဝကို ဖြတ်သန်းနေကြရတာ။ အဲ့လို ပြင်ပလောကနဲ့ အထိအတွေ့ မရှိ၊ သတင်းတွေ မကြားရ၊ မမြင်ရမှလည်း သူတို့ မှိုင်းတိုက်သမျှ၊ ပြည်သူနဲ့ သွေးခွဲသမျှ အောင်မြင်မှာကိုး။ ဒီတော့ Telegram ဘယ်လိုသုံးရမယ် မသိတဲ့သူတွေတောင် ရှိနေနိုင်တယ်။

ဒါ အထင်သေးလို့ ပြောတာ မဟုတ်ဘူး။ ခင်ဗျားမဟုတ်တောင် ခင်ဗျားပတ်ဝန်းကျင်က သွေးသောက်ရဲဘော်တွေထဲ ရှိနိုင်တယ်။ မသိရင် သိတဲ့သူကို မေး။ ကိုယ်သိရင် မသိတဲ့သူကို ပြပေး။ အဲ့လို အပြန်အလှန် ကူညီပြီး ကုတ်သွေးစုပ် အမြတ်ထုတ်ခံနေရတဲ့ ဘဝကြီးကနေ ရုန်းထွက်ခဲ့ကြပါ။ ◾◾◾◾◾◾◾

၉။ ပြည်သူတွေကရော ဘာလုပ်ရမလဲ။ ပြည်သူနဲ့ အောက်ခြေစစ်သားကို တစ်ဖက်နဲ့ တစ်ဖက် မယုံအောင် လုပ်တာ စစ်တပ်ရဲ့ ဗျူဟာတွေထဲက တစ်ခုပဲ။ ဒါကြောင့် ပြည်သူကို အကြမ်းဖက်တွေ၊ တာလီဘန်တွေလို ပုံဖော်ပြီး အောက်ခြေစစ်သားတွေကို မှိုင်းတိုက်တယ်။ ဒီစစ်သားတွေ တပ်ကနေ ထွက်မသွားရဲအောင် လုပ်တယ်။ ထွက်သွားလည်း ပြည်သူက လက်ခံမှာ မဟုတ်ဘူးဆိုတဲ့ အသိကို ထည့်ထားတယ်။ တကယ်တော့ စစ်တပ်ကနေ စစ်သားတစ်ယောက် ထွက်လာတယ်ဆိုတာ ကိုယ့်ဘက်က ကျည်တစ်တောင့်မှ မကုန်ဘဲ သူတို့ဘက်မှာ လူတစ်ယောက် လျော့သွားအောင် လုပ်လိုက်တာနဲ့ အတူတူပဲ။

တည့်တည့်ပြောရရင် တိုက်ပွဲမှာ စစ်သားတစ်ယောက် ကျသွားတာလို့ မှတ်ယူနိုင်တယ်။ ဒါကြောင့်လည်း တပ်မတော်သားတွေနဲ့ ပတ်သက်တဲ့ မူဝါဒကို NUG ဘက်က ထုတ်ပြန်ထားတာ ဖြစ်ပါတယ်။ ဒီလိုထွက်လာတိုင်း ကိုယ့်ဘက်က စစ်ရေးဆိုင်ရာ လျှို့ဝှက်ချက်တွေကို ပေးသိနေတာမျိုးလည်း မဟုတ်ပါဘူး။ ဒီအတွက် ကျည်တစ်တောင့် မကုန်ဘဲ တစ်ဖက်အင်အားကို ချည့်နဲ့သွားစေနိုင်တဲ့ ဒီလှုပ်ရှားမှုမှာ ပါဝင်ပေးစေချင်ပါတယ်။

အရင်ဆုံး ဒီပို့စ်လေးကို ရှယ်ပေးပါ။ ဒါမှ ကိုယ့်ရဲ့ Facebook မိတ်ဆွေထဲ စစ်တပ်ကနေ ထွက်လာချင်သူတွေ ရှိရင် မြင်သွားမယ်။ နောက်ပြီး ကိုယ့်အသိ၊ ကိုယ့်အမျိုးထဲမှာ အဲ့လိုလူတွေရှိရင်လည်း ဒီ Telegram link လေးကို လက်ဆင့်ကမ်းပေးပါ။ @PTH Photo credit