ၾကားသိရသမွ်

မုန့်ထုပ်လာပေးတာတွေ့လို့ အိမ်ပေါ်ကနေ အပြေးအလွှားလေးဆင်းပြီး လာထွက်ယူတဲ့ စစ်ဘေးရှောင်ကလေးတစ်ယောက်ရဲ့ချစ်စရာဗီဒီယိုလေး…..

တစ်ချို့ဒေသတွေမှာရှိတဲ့ ပြည်သူတွေကတော့ စစ်ဘေးဒဏ်ကို အလူးအလဲခံစားနေရပြီး ဒုက္ခမျိုးစုံကို ရင်ဆိုင်ကြုံတွေ့နေရတာ ဖြစ်ပါတယ် ။ စစ်ဘေးရှောင်ရတဲ့ ပြည်သူတွေထဲမှာ သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်တွေပါဝင်သလို ငယ်ရွယ်နုနယ်သေးတဲ့ ကလေးငယ်လေးတွေလည်း ပါဝင်နေတာ ဖြစ်ပါတယ် ။

ဘာမှသိတတ်နားမလည်သေးတဲ့ ကလေးငယ်လေးတွေပါစစ်ဘေးရှောင်နေရတာကြောင့် ပြည်သူတွေလည်း စိတ်မကောင်းဖြစ်နေရတာ ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီလိုစိတ်အပြည့်ရှိကြတဲ့ ပြည်သူတွေက စစ်ဘေးရှောင်တွေကို တတ်စွမ်းသလောက် ကူညီနေတာ ဖြစ်ပါတယ် ။

အခုလည်း စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့အကူအညီတွေပေးနေတဲ့ အမျိုးသမီးတစ်ဦးက ဗီဒီယိုဖိုင်တစ်ခုကို မျှဝေခဲ့တာ ဖြစ်ပါတယ် ။ ဒီဗီဒီယိုထဲမှာတော့ အိမ်ထဲကနေ မုန့်ထွက်ယူတဲ့ ကလေးငယ်တစ်ယောက်ကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

မုန့်ထုပ်လာပေးတာတွေ့လို့ အိမ်ပေါ်ကနေ အပြေးအလွှားလေးဆင်းပြီး လာထွက်ယူတဲ့ ကလေးလေးကတော့ တကယ့်ကို ချစ်စရာလေးပဲ ဖြစ်ပါတယ် ။ အပြစ်ကင်းစင်လွန်းတဲ့ ကလေးလေးရဲ့အမူအရာကိုကြည့်ရင်း ပြည်သူတွေပါ ကြည်နူးပီတိဖြစ်ခဲ့ရတာ ဖြစ်ပါတယ် ။

ဒီဗီဒီယိုကို မျှဝေခဲ့တဲ့ အမျိုးသမီးကတော့ “ပြေးလာတာလေးချစ်လို့ ကလေးဝတ်လေးတွေ အရုပ်လေးတွေ ကျွန်တော့်ကိုပေးကြပါဦး” ဆိုပြီး တင်ပေးထားတာပဲ ဖြစ်ပါတယ် ။

&;

Source & Video Credit-Original Uploader






