လက္ဖဝါးေပၚက “X”အကၡရာ (သို႔) ဂမၻီရ ၾကက္ေျခခတ္ ပါလာသူေတြရဲ႕ နက္နဲေသာ ကံၾကမၼာ…

ဒီေန႔ေျပာျပခ်င္တာက လက္ဖဝါးေပၚက”X”အကၡရာ(သို႔) ဂမၻီရ ၾကက္ေျခခတ္ ပါလာသူေတြရဲ႕ ကံၾကမၼာအေၾကာင္းပါ။ ေယဘု ယ်အားျဖင့္ လူဦးေရရဲ႕ ၃ရာခိုင္ႏႈန္းေလာက္မွာပဲ ဒီအမွတ္လကၡဏာပါလာတတ္တာပါ။

လူဦးေရ၂သန္းေလာက္ကို သုေတသနလုပ္ခဲ့တဲ့ အေနာက္တိုင္းသုေတသီေတြအဆိုအရ ဒီၾကက္ေျခခတ္ပါသူေတြရဲ႕ ကံၾကမၼာဟာ အရာရာမွာ အေကာင္းဆုံးျဖစ္ေနတယ္လို႔ဆိုပါတယ္။

တခ်ိဳ႕သုေတသနေတြကေတ့ာဆိုးက်ိဳးေတြကိုလည္းခ်ျပထားပါတယ္။ကြၽန္ေတာ္ကေတာ့ အေနာက္တိုင္းနဲ႔ ဗမာအယူအဆႏွစ္မ်ိဳးလုံးကို ဒီေဆာင္းပါးမွာေျပာျပသြားပါမယ္….အစီအစဥ္ေတြမခ်ပဲေအာင္ျမင္တဲ့လူေတြျဖစ္တယ္….

သူမ်ားေတြကဘဝမွာ ေအာင္ျမင္ဖို႔အတြက္ အစီအစဥ္ေတြခ်မွတ္ၿပီးခဲရာခဲဆစ္လုပ္ရတတ္ေပမယ့္ ဒီ”x”အမွတ္ပါတဲ့သူေတြက ေတာ့ သူတို႔ဘဝမွာ အစီအစဥ္ေတြ ခ်စရာမလိုပဲ ေအာင္ျမင္ေနတတ္ၾကတာပါ။

သူတို႔ရဲ႕ ကံၾကမၼာအရကို ဘာအစီအစဥ္ေတြခ်ဖို႔မလိုပဲ သူတို႔လုပ္ခ်င္ၿပီေဟ့ဆိုပီး ထလုပ္ရင္” သူတို႔က အႀကီးျမတ္ဆုံးေသာအရာေတြကို လုပ္ႏိုင္စြမ္း ရွိေနၾကတာမ်ိဳးပါ။

ဒီလိုပါရမီရွင္ပုဂၢိဳလ္ေတြက သူတို႔မေသဆုံးခင္မွာ အႀကီးျမတ္ဆုံးေသာလမ္းေၾကာင္းေတြကို ေျပာင္းလဲရွာေဖြေတြ႕ရွိသြားတတ္ၾကပါတယ္။

ထိုးထြင္းသိစိတ္ျမင့္မားတယ္…ဒီလို”x”ပုံစံ ဂမၻီရ ၾကက္ေျခခတ္ပါတဲ့သူေတြက ဝမ္းတြင္းစိတ္ ဒါမွမဟုတ္ အလိုလိုသိစိတ္ ပါလာတတ္ၾကတာပါ။ သူတို႔ကိုလိ မ္လို႔မရပါဘူး။

သူတို႔ကအရာရာတိုင္းကို အေသးစိတ္သတိထားမိတတ္ၿပီး သစၥာတရားကိုတန္ဖိုးထားၾကပါတယ္။ သူတို႔ကိုလိမ္ေနတာနဲ႔ခ်က္ခ်င္းသိေလာက္တဲ့အစြမ္းမ်ိဳးပိုင္ဆိုင္ထားသူေတြပါ။သူတို႔ကထိုးထြင္းသိစိတ္အရမ္းျမင့္မားပါတယ္။ ေျပာရရင္ ဆဌမအာ႐ုံသေဘာမ်ိဳးပါပဲ။

ဘဝနဲ႔ႏွလုံးသားေရးေမာပန္းတယ္…

သူတို႔ကသူတို႔ဘဝကို ေျပာင္းလဲႏိုင္သလို တျခားသူေတြရဲ႕ ဘဝကိုလည္း ေျပာင္းလဲႏိုင္စြမ္းရွိၾကပါတယ္။ သူတို႔ကို ေလးစားအားကိုးၾကတဲ့အတြက္ လူေတြကိုကူညီဖို႔ သူတို႔ေတြ ပင္ပန္းေနရတတ္ပါတယ္။

ငယ္ငယ္က ခ်မ္းခ်မ္းသာသာမေနရရင္ေတာင္သူတို႔ေရာက္ေနတဲ့ေနရာမွာ စိတ္ေရာကိုယ္ပါ က်န္းမာခ်မ္းသာေအာင္ေနရပါတယ္။ အခ်စ္ေရး အိမ္ ေထာင္ေရး သာယာမႈနည္းတတ္ၿပီး သူတို႔ကို သိပ္ခ်စ္ၾကေပမယ့္
ကြဲမေနရင္ေတာင္ ခြဲေနရတတ္ပါတယ္။

လူေတြရဲ႕ေခါင္းေဆာင္ျဖစ္တတ္တယ္….

ဒီအမွတ္အသားပါလာရင္ လူေတြအတြက္ ကိုယ္ပင္ပန္းစိတ္ပင္ပန္းရတတ္ပါတယ္။ လူအမ်ားအားကိုးခံရပါတယ္။ ထူးျခားတဲ့ အိမ္မက္ေတြျမင္မက္တတ္ပါတယ္။ လူေကာင္းဟုတ္မဟုတ္ ခ်က္ျခင္း ခြဲျခားသိျမင္ႏိုင္ပါတယ္။

မေကာင္းတဲ့အလုပ္ေတြလုပ္မရ….

ဒီ”x”လကၡဏာပါလာသူေတြဟာ မေကာင္းတဲ့ သမာအာဇီဝမက်တဲ့အလုပ္ေတြနဲ႔ဆို မေအာင္ျမင္တတ္ၾကပါဘူး။ ေျပာရရင္ အကုသိုလ္အလုပ္ေတြဆို ဘာတစ္ခုမွ အက်ိဳးမေပးပါဘူး။

အက္ဆီးဒန္႔မ်ားႀကဳံမယ္

ဒီၾကက္ေျခခတ္ပါလာသူေတြအတြက္ မေကာင္းတဲ့ သတင္းကေတာ့ အက္ဆီဒန္းေပါင္းစုံႀကဳံႏိုင္ပါတယ္။ ဆိုလိုတာက ေရနစ္တာ၊ မီးေလာင္တာ၊ ဓါတ္လိုက္တာ၊ ဆိုင္ကယ္
ကားအက္ဆီဒန္းျဖစ္တာမ်ိဳးေတြႀကဳံရတတ္ပါတယ္။

ဒါေပမယ့္ သူတို႔က ေသမွာမဟုတ္ပါဘူး။ သူမ်ားလက္ခ်က္နဲ႔ဘယ္ေတာ့မွမေသသလို အက္ဆီးဒန္႔ေတြေၾကာင့္လည္းေသမွာမဟုတ္ပါဘူး။ အခက္အခဲေတြဘယ္ေလာက္ႀကဳံႀကဳံေနာက္ဆုံးမွာ
ကူညီသူေတြေရာက္လာပါတယ္။

သူေတာ္ေကာင္းလက္လို႔ဆိုတယ္….

ေရွးေဟာင္းက်မ္းေတြအဆိုအရေတာ့ ဒီလက္ဟာ သူေတာ္ေကာင္းလက္လို႔ဆိုၾကပါတယ္။ သူတို႔က ေလာကဓံေတြႀကဳံေတြ႕ၿပီးေနာက္ဆုံးမွာ တရားထူးတရားျမတ္ကို ရွာေဖြေတြ႕ရွိသြားတတ္ပါတယ္။

ဆိုလိုတာက တကယ္သာတရားက်င့္ႀကံမယ္ဆို ေသာတပန္အဆင့္ေလာက္ထိသြားႏိုင္တယ္လို႔ဆိုပါတယ္။ တတိယအ႐ြယ္ေလာက္ေရာက္မွ ဘဝရဲ႕ေအးခ်မ္းၿငိမ္သက္မႈေတြကို ခံစားရပါလိမ့္မယ္။

တခ်ိဳ႕ေတြက ဒီလကၡဏာပါရင္ အေကာင္းဆုံးေတြပဲျဖစ္မယ္လို႔ ထင္မွတ္မွားေနတတ္ၾကလို႔ သုေတသနေတြရွာေဖြၿပီးေျပာျပရျခင္းျဖစ္ပါတယ္။

သူတို႔ဟာ သြားပုတ္ေလလြင့္ေျပာတာ၊ မေက်နပ္ အၿငိဳးဖြဲ႕ခံရတာ၊ အခ်ဳပ္အေႏွာင္ခံရတာမ်ိဳးေတြလည္းျဖစ္တတ္ပါတယ္။ ဒါေပမယ့္ ေရွးေဟာင္းက်မ္းေတြအဆိုအရ ဒီလကၡဏာပါလာသူေတြဟာႀကီးျမတ္တဲ့ေနရာတစ္ခုကိုေရာက္ဖို႔ ေမြးဖြားလူသူေတြလို႔ဆိုပါတယ္။

အေနာက္တိုင္းပညာအရ အကၡရာ”x”ပါလာသူေတြကိုေတာ့ ဒီလိုသတ္မွတ္ထားပါတယ္။အလြန္ေအာင္ျမင္ေသာသူ ၊ အားလုံးထဲတြင္အေျပာင္ေျမာက္ဆုံးေသာသူ အႀကီးျမတ္ဆုံးေသာေခါင္းေဆာင္မ်ားေသၿပီးသည့္ေနာက္ေတာင္လူေတြမေမ့ႏိုင္ေသာသူမ်ား ဆိုၿပီးျဖစ္ပါတယ္။

ဒီ သုေတသနကိုေတာ့ ရရွား ေမာ္စကို STI တကၠသိုလ္က လူေပါင္း ၂သန္းေက်ာ္ကို သုေတသနလုပ္ခဲ့တာျဖစ္ပါတယ္။ “Xအကၡရာနဲ႔နက္နဲေသာကံၾကမၼာမ်ား”ဆိုၿပီးလုပ္ခဲ့တဲ့ သုေတသနအရဆိုဒီ”X”လကၡဏာပါသူေတြဟာ ႆမန္လူေတြထက္ အထူးျခားဆုံး အနက္နဲဆုံး အဆန္းၾကယ္ဆုံးေသာ ကံၾကမၼာေတြကိုပိုင္ဆိုင္ထားၾကတယ္လို႔ဆိုပါတယ္။

ကဲ..ဒီေလာက္ဆို “X”အကၡရာ (သို႔) ဂမၻီရၾကက္ေျခခတ္အေၾကာင္းသိေလာက္ၿပီထင္ပါတယ္။ သင့္မွာေရာပါလား။ တကယ္လို႔ပါခဲ့ရင္ ကြၽန္ေတာ္ေျပာျပခဲ့တာေတြနဲ႔တူရဲ႕လား မွ်ေဝေပးသြားပါဦး.

#Lifestyle_Myanmar / #Mg_Htet /

Unicode Version

ဒီနေ့ပြောပြချင်တာက လက်ဖဝါးပေါ်က”X”အက္ခရာ(သို့) ဂမ္ဘီရ ကြက်ခြေခတ် ပါလာသူတွေရဲ့ ကံကြမ္မာအကြောင်းပါ။ ယေဘု ယျအားဖြင့် လူဦးရေရဲ့ ၃ရာခိုင်နှုန်းလောက်မှာပဲဒီအမှတ်လက္ခဏာပါလာတတ်တာပါ။

လူဦးရေ၂သန်းလောက်ကို သုတေသနလုပ်ခဲ့တဲ့ အနောက်တိုင်းသုတေသီတွေအဆိုအရ ဒီကြက်ခြေခတ်ပါသူတွေရဲ့ ကံကြမ္မာဟာ အရာရာမှာ အကောင်းဆုံးဖြစ်နေတယ်လို့ဆိုပါတယ်။

တချို့သုတေသနတွေကတေ့ာဆိုးကျိုးတွေကိုလည်းချပြထားပါတယ်။ကျွန်တော်ကတော့ အနောက်တိုင်းနဲ့ ဗမာအယူအဆနှစ်မျိုးလုံးကို ဒီဆောင်းပါးမှာ

ပြောပြသွားပါမယ်….အစီအစဉ်တွေမချပဲအောင်မြင်တဲ့လူတွေဖြစ်တယ်….

သူများတွေကဘဝမှာ အောင်မြင်ဖို့အတွက် အစီအစဉ်တွေချမှတ်ပြီးခဲရာခဲဆစ်လုပ်ရတတ်ပေမယ့် ဒီ”x”အမှတ်ပါတဲ့သူတွေက တော့ သူတို့ဘဝမှာ အစီအစဉ်တွေ ချစရာမလိုပဲ အောင်မြင်နေတတ်ကြတာပါ။

သူတို့ရဲ့ ကံကြမ္မာအရကို ဘာအစီအစဉ်တွေချဖို့မလိုပဲ သူတို့လုပ်ချင်ပြီဟေ့ဆိုပီး ထလုပ်ရင်” သူတို့က အကြီးမြတ်ဆုံးသောအရာတွေကို လုပ်နိုင်စွမ်း ရှိနေကြတာမျိုးပါ။

ဒီလိုပါရမီရှင်ပုဂ္ဂိုလ်တွေက သူတို့မသေဆုံးခင်မှာ အကြီးမြတ်ဆုံးသောလမ်းကြောင်းတွေကို ပြောင်းလဲရှာဖွေတွေ့ရှိသွားတတ်ကြပါတယ်။

ထိုးထွင်းသိစိတ်မြင့်မားတယ်…ဒီလို”x”ပုံစံ ဂမ္ဘီရ ကြက်ခြေခတ်ပါတဲ့သူတွေက ဝမ်းတွင်းစိတ် ဒါမှမဟုတ် အလိုလိုသိစိတ် ပါလာတတ်ကြတာပါ။ သူတို့ကိုလိ မ်လို့မရပါဘူး။

သူတို့ကအရာရာတိုင်းကို အသေးစိတ်သတိထားမိတတ်ပြီး သစ္စာတရားကိုတန်ဖိုးထားကြပါတယ်။ သူတို့ကိုလိမ်နေတာနဲ့ချက်ချင်းသိလောက်တဲ့အစွမ်းမျိုးပိုင်ဆိုင်ထားသူတွေပါ။

သူတို့ကထိုးထွင်းသိစိတ်အရမ်းမြင့်မားပါတယ်။ ပြောရရင် ဆဌမအာရုံသဘောမျိုးပါပဲ။

ဘဝနဲ့နှလုံးသားရေးမောပန်းတယ်…

သူတို့ကသူတို့ဘဝကို ပြောင်းလဲနိုင်သလို တခြားသူတွေရဲ့ ဘဝကိုလည်း ပြောင်းလဲနိုင်စွမ်းရှိကြပါတယ်။ သူတို့ကို လေးစားအားကိုးကြတဲ့အတွက် လူတွေကိုကူညီဖို့ သူတို့တွေ ပင်ပန်းနေရတတ်ပါတယ်။

ငယ်ငယ်က ချမ်းချမ်းသာသာမနေရရင်တောင်သူတို့ရောက်နေတဲ့နေရာမှာ စိတ်ရောကိုယ်ပါ ကျန်းမာချမ်းသာအောင်နေရပါတယ်။ အချစ်ရေး အိမ် ထောင်ရေး သာယာမှုနည်းတတ်ပြီး သူတို့ကို သိပ်ချစ်ကြပေမယ့်

ကွဲမနေရင်တောင် ခွဲနေရတတ်ပါတယ်။

လူတွေရဲ့ခေါင်းဆောင်ဖြစ်တတ်တယ်….

ဒီအမှတ်အသားပါလာရင် လူတွေအတွက် ကိုယ်ပင်ပန်းစိတ်ပင်ပန်းရတတ်ပါတယ်။ လူအများအားကိုးခံရပါတယ်။ ထူးခြားတဲ့ အိမ်မက်တွေမြင်မက်တတ်ပါတယ်။ လူကောင်းဟုတ်မဟုတ် ချက်ခြင်း

ခွဲခြားသိမြင်နိုင်ပါတယ်။

မကောင်းတဲ့အလုပ်တွေလုပ်မရ….

ဒီ”x”လက္ခဏာပါလာသူတွေဟာ မကောင်းတဲ့ သမာအာဇီဝမကျတဲ့အလုပ်တွေနဲ့ဆို မအောင်မြင်တတ်ကြပါဘူး။ ပြောရရင် အကုသိုလ်အလုပ်တွေဆို ဘာတစ်ခုမှ အကျိုးမပေးပါဘူး။

အက်ဆီးဒန့်များကြုံမယ်

ဒီကြက်ခြေခတ်ပါလာသူတွေအတွက် မကောင်းတဲ့ သတင်းကတော့ အက်ဆီဒန်းပေါင်းစုံကြုံနိုင်ပါတယ်။ ဆိုလိုတာက ရေနစ်တာ၊ မီးလောင်တာ၊ ဓါတ်လိုက်တာ၊ ဆိုင်ကယ်

ကားအက်ဆီဒန်းဖြစ်တာမျိုးတွေကြုံရတတ်ပါတယ်။

ဒါပေမယ့် သူတို့က သေမှာမဟုတ်ပါဘူး။ သူများလက်ချက်နဲ့ဘယ်တော့မှမသေသလို အက်ဆီးဒန့်တွေကြောင့်လည်းသေမှာမဟုတ်ပါဘူး။ အခက်အခဲတွေဘယ်လောက်ကြုံကြုံနောက်ဆုံးမှာ

ကူညီသူတွေရောက်လာပါတယ်။

သူတော်ကောင်းလက်လို့ဆိုတယ်….

ရှေးဟောင်းကျမ်းတွေအဆိုအရတော့ ဒီလက်ဟာ သူတော်ကောင်းလက်လို့ဆိုကြပါတယ်။ သူတို့က လောကဓံတွေကြုံတွေ့ပြီးနောက်ဆုံးမှာ တရားထူးတရားမြတ်ကို ရှာဖွေတွေ့ရှိသွားတတ်ပါတယ်။

ဆိုလိုတာက တကယ်သာတရားကျင့်ကြံမယ်ဆို သောတပန်အဆင့်လောက်ထိသွားနိုင်တယ်လို့ဆိုပါတယ်။ တတိယအရွယ်လောက်ရောက်မှ ဘဝရဲ့အေးချမ်းငြိမ်သက်မှုတွေကို ခံစားရပါလိမ့်မယ်။

တချို့တွေက ဒီလက္ခဏာပါရင် အကောင်းဆုံးတွေပဲဖြစ်မယ်လို့ ထင်မှတ်မှားနေတတ်ကြလို့ သုတေသနတွေရှာဖွေပြီးပြောပြရခြင်းဖြစ်ပါတယ်။

သူတို့ဟာ သွားပုတ်လေလွင့်ပြောတာ၊ မကျေနပ် အငြိုးဖွဲ့ခံရတာ၊ အချုပ်အနှောင်ခံရတာမျိုးတွေလည်းဖြစ်တတ်ပါတယ်။ ဒါပေမယ့် ရှေးဟောင်းကျမ်းတွေအဆိုအရ ဒီလက္ခဏာပါလာသူတွေဟာ

ကြီးမြတ်တဲ့နေရာတစ်ခုကိုရောက်ဖို့ မွေးဖွားလူသူတွေလို့ဆိုပါတယ်။

အနောက်တိုင်းပညာအရ အက္ခရာ”x”ပါလာသူတွေကိုတော့ ဒီလိုသတ်မှတ်ထားပါတယ်။အလွန်အောင်မြင်သောသူ ၊ အားလုံးထဲတွင်အပြောင်မြောက်ဆုံးသောသူ အကြီးမြတ်ဆုံးသောခေါင်းဆောင်များ

သေပြီးသည့်နောက်တောင်လူတွေမမေ့နိုင်သောသူများ ဆိုပြီးဖြစ်ပါတယ်။

ဒီ သုတေသနကိုတော့ ရရှား မော်စကို STI တက္ကသိုလ်က လူပေါင်း ၂သန်းကျော်ကို သုတေသနလုပ်ခဲ့တာဖြစ်ပါတယ်။ “Xအက္ခရာနဲ့နက်နဲသောကံကြမ္မာများ”ဆိုပြီးလုပ်ခဲ့တဲ့ သုတေသနအရဆို

ဒီ”X”လက္ခဏာပါသူတွေဟာ ဿမန်လူတွေထက် အထူးခြားဆုံး အနက်နဲဆုံး အဆန်းကြယ်ဆုံးသော ကံကြမ္မာတွေကိုပိုင်ဆိုင်ထားကြတယ်လို့ဆိုပါတယ်။

ကဲ..ဒီလောက်ဆို “X”အက္ခရာ (သို့) ဂမ္ဘီရကြက်ခြေခတ်အကြောင်းသိလောက်ပြီထင်ပါတယ်။ သင့်မှာရောပါလား။ တကယ်လို့ပါခဲ့ရင် ကျွန်တော်ပြောပြခဲ့တာတွေနဲ့တူရဲ့လား မျှဝေပေးသွားပါဦး.

#Lifestyle_Myanmar / #Mg_Htet /