မဂ်လာပါ ပရိတ်သတ်ကြီးရေ
Aya bankက ငွေထုတ်မရလို့ သူအသက်ဆုံးပါးသွားခဲ့ရင် AyA ကြောင့် ပါဆိုပြီးပြောထားတဲ့ ညီလေး တကယ် ဆုံးပါးသွားပါပြီ
“ဘာကြောင့်ပဲဖြစ်ဖြစ် ဘဏ်အနေနဲ့ သူများပိုက်ဆံယူပီးရင် ပြန်ပေးရမှာပဲ။
အားလုံးကို မပေးနိုင်ရင်တောင် ကျန်းမာရေးကြောင့် လိုအပ်နေသူတွေကို ဘယ်လို ကူညီနိုင်မလဲဆိုတာ manage လုပ်ထားဖို့လိုတယ်လို့မြင်ပါတယ်။ management ညံ့တာပါ။
ကိုယ်တွေကို ပိုက်ဆံအပ်တုန်းက နိုင်ငံရေး အခြေအနေမကောင်းရင် မထုတ်ပေးနိုင်ဘူးလို့လဲ ကြိုမပြောခဲ့ဘူးနော်။
ပြောခဲ့ရင်တော့ တမျိုးပေါ့။
တာဝန်ယူမှုမရှိတဲ့ ဘဏ်ပါ။” ဆိုပြီးလည်း ပြည်သူတွေ အားလုံးက ပြစ်တင် ပြောဆိုနေကြပါတယ်။
ဆေးကုဖို့ ပိုက်ဆံထုတ် တာထုတ်မရလို့ညီလေး AYA bankနဲ့ ပက်သက်ပြီး နောက်ဆုံး post ကိုအခုလို တင်သွားခဲ့တာကြောင့်လည်း ပါပါတယ်။
“ဝိုင်းရှဲပေးကြစမ်းပါဗျာ စောက်ရှက် မရှိတဲ့ AYA Bank
ကိုယ့်ပိုက်ဆံကိုထုတ်ဖို့ ခခယယအကူညီတောင်းတာ တောင်မှ နဲနဲလေးတောင် ကိုယ်ချင်းစာစိတ်မရှိဘူး
Ph ဆက်မှရမှာတဲ့ ဆက်တဲ့ Phတေက တစ်လုံးမှ မကိုင်ဘူး
၂ပတ်ခွဲရှိပီ ဆက်နေတာ အဲ့အတွက်ကို အချိန် ၃ နာရီလောက် ပေးရတယ်
နေပါစေ သေ သွားရင် AYA bank ကြောင့်ဆိုတာ လူတိုင်းသိပါစေ
ကျွန်တော့်လို တခြားရောဂါသည် ဒီလိုခံစားရမှာပဲ AYA Bank ကိုယ်ချင်းစာတတ်ပါစေ”ဆိုပြီး လွန်ခဲ့တဲ့ ၅လပိုင်း ၂၈ရက်နေ့က သူရဲ့ fb accမှာ postတင်ထား ခဲ့ တာ ပဲ ဖြစ်ပါတယ်။
နောင်ဘဝဆိုတာများ ရှိခဲ့ရင်တော့ ညီးလေးတစ်ယောက် ဒီထက်ကောင်းတဲ့ ဘဝသစ် ကို ပိုင် ဆိုင် နိုင် ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။
အခုလို ဝင် ရောက် ဖတ်ရှု့ပေးကြတဲ့ ပရိတ်သတ်တစ်ယောက်ခြင်းစီတိုင်း
ကျန်းမာ ပျော်ရွှင် သောနေ့ရက်များပို င်ဆိုင် နိုင်ကြပါစေ လို့ ဆုတောင်း ပေးလိုက် ပါ တယ် ။ c r d