ၾကားသိရသမွ်

စစ်ကောင်စီမှကိုဗစ်ထိန်းချုပ်ရန်ဟုဆိုကာအပစ်ရပ်တစ်လထပ်တိုးကြောင်းကြေညာ

ငြိမ်းချမ်းရေးနဲ့ ကိုဗစ်တားဆီးကာကွယ်ရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်ဖို့ တပ်မတော်က အပစ် တစ်လ ထပ်ရပ်တယ်လို့ ဒီကနေ့ မြန်မာ့အသံနဲ့ ရုပ်မြင်သံကြားကနေ ကြေညာပါတယ်။

အစိုးရရဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေး ယန္တရားတွေ နှောင့်ယှက်ထိပါး တိုက်ခိုက်ချိန်မှအပ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဇူလိုင် ၁ ရက် ကနေ ၃၀ ရက်နေ့ထိ ရပ်ဆိုင်းထားမယ်လို့ ကြေညာတာဖြစ်ပါတယ်။

စစ်ကောင်စီက အာဏာ သိမ်းပြီးနောက် အပစ်ရပ်ဆိုင်းကြောင်း တစ်လစီ ကြေညာနေတာ ဒီကနေ့ ဇွန်လ ၃၀ ရက်မှာ ရက်ပြည့်ခဲ့ပြီး အခုလို သက်တမ်းတိုးတာ ဖြစ်ပါတယ်။

အပစ်ရပ်တယ်လို့ ကြေညာတဲ့ နေ့မှာပဲ ကချင်ပြည်နယ်မှာ ကေအိုင်အေနဲ့ စစ်ကောင်စီ တပ်တွေ တိုက်ခိုက်မှုတွေ ရှိနေပြီး ရန်ကုန်မြို့မှာ ပေါက်ကွဲမှု ဖြစ်လို့ စစ်ကောင်စီ တပ်တွေက စစ်ဆေးတာ စတာတွေ ရှိနေပါတယ်။

တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပေမဲ့ ကပ်ရောဂါ ကာကွယ်ထိန်းချုပ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ဆိုပြီး စစ်ကောင်စီတပ်က ဇူလိုင် ၁ ရက်ကနေ ၃၁ ရက် အထိ ထပ်မံ အပစ်အခတ် ရပ်စဲကြောင်း ဇူလိုင်လ ၂ရက်နေ့ ညက ကြေညာလိုက်ပါတယ်။

ၿငိမ္းခ်မ္းေရးနဲ႔ ကိုဗစ္တားဆီးကာကြယ္ေရး လုပ္ငန္းေတြ လုပ္ေဆာင္ႏိုင္ဖို႔ တပ္မေတာ္က အပစ္ တစ္လ ထပ္ရပ္တယ္လို႔ ဒီကေန႔ ျမန္မာ့အသံနဲ႔ ႐ုပ္ျမင္သံၾကားကေန ေၾကညာပါတယ္။

အစိုးရရဲ႕ လုံၿခဳံေရးနဲ႔ အုပ္ခ်ဳပ္ေရး ယႏၲရားေတြ ေႏွာင့္ယွက္ထိပါး တိုက္ခိုက္ခ်ိန္မွအပ တပ္မေတာ္ရဲ႕ စစ္ေရးလႈပ္ရွားမႈေတြကို ဇူလိုင္ ၁ ရက္ ကေန ၃၀ ရက္ေန႔ထိ ရပ္ဆိုင္းထားမယ္လို႔ ေၾကညာတာျဖစ္ပါတယ္။

စစ္ေကာင္စီက အာဏာ သိမ္းၿပီးေနာက္ အပစ္ရပ္ဆိုင္းေၾကာင္း တစ္လစီ ေၾကညာေနတာ ဒီကေန႔ ဇြန္လ ၃၀ ရက္မွာ ရက္ျပည့္ခဲ့ၿပီး အခုလို သက္တမ္းတိုးတာ ျဖစ္ပါတယ္။

အပစ္ရပ္တယ္လို႔ ေၾကညာတဲ့ ေန႔မွာပဲ ကခ်င္ျပည္နယ္မွာ ေကအိုင္ေအနဲ႔ စစ္ေကာင္စီ တပ္ေတြ တိုက္ခိုက္မႈေတြ ရွိေနၿပီး ရန္ကုန္ၿမိဳ႕မွာ ေပါက္ကြဲမႈ ျဖစ္လို႔ စစ္ေကာင္စီ တပ္ေတြက စစ္ေဆးတာ စတာေတြ ရွိေနပါတယ္။

တိုက္ပြဲေတြ ဆက္လက္ ျဖစ္ပြားေနေပမဲ့ ကပ္ေရာဂါ ကာကြယ္ထိန္းခ်ဳပ္ေရးနဲ႔ ၿငိမ္းခ်မ္းေရး လုပ္ငန္းစဥ္အတြက္ ဆိုၿပီး စစ္ေကာင္စီတပ္က ဇူလိုင္ ၁ ရက္ကေန ၃၁ ရက္ အထိ ထပ္မံ အပစ္အခတ္ ရပ္စဲေၾကာင္း ဇူလိုင္လ ၂ရက္ေန႔ ညက ေၾကညာလိုက္ပါတယ္။