ၾကားသိရသမွ်

လောက်ကောင် သူရိယနေဝန်း မိုးဟိန်း (ခ) နိုင်ဝင်း ရဲ့ အရှုပ်ထုတ်များပေါက်ကြား

သူရိယနေဝန်းမိုးဟိန်း(ခ)နိုင်ဝင်း ဆိုတဲ့ကောင်နဲ့ သူ့မိသားစုဝင်တွေကို Social Punishment လုပ်ဖို့မမေ့ကြနဲ့အုံး။မိုးဟိန်းဆိုတာ ၈၈အရေးခင်းမှာ ကျောင်းသားခေါင်းဆောင်ကိုမင်းကိုနိုင်၊လူ့ဘောင်သစ်ပါတီဥက္ကဌဖြစ်တဲ့မိုးသီးဇွန်တို့နဲ့အတူ လူ့ဘောင်သစ်ပါတီမှာအတွင်းရေးမှူးအဖြစ်သူကိုယ်တိုင် နိုင်ငံရေးလုပ်၊ထွက်ပြေးရင်း နဝတကောင်စီကဖမ်းမိခဲ့တာပါ။

နဝတကောင်စီက အင်းစိန်ထောင်ထဲကိုပို့လိုက်တဲ့အခါ ထောင်ထဲမှာနိုင်ငံရေးအကျဉ်းသားတွေများတော့ ထောင်ရွေ့ရင်းနဲ့ထောင်၅ထောင်လောက်ရောက်ခဲ့ရတယ်။အဲလိုထောင်ပြောင်းခဲ့တာကို အခွင့်ရေးယူပြီး ၈၈မှာနိုင်ငံရေးလုပ်လို့ ထောင်၅ထောင်လောက်ကျခဲ့ဖူးတယ်ဆိုပြီး ဂုဏ်ဖော်ပြောနေတာ။

တကယ်တမ်းကျတော့ ထောင်တွင်းစစ်ကြောရေးမှာ နဝတကောင်စီနဲ့ နိုင်ငံရေးမလုပ်ဖို့အပေးအယူမျှခဲ့ကြတယ် အဲဒီနောက်ပိုင်း နဝတ ကောင်စီကတာဝန်ပေးခဲ့တဲ့ တာဝန်အရ ၁၉၉၀ ခုနှစ်အနိုင်ရပါတီဖြစ်တဲ့ NLDပါတီရဲ့ ဆန့်ကျင်ဝေဖန်ရေး ဆောင်းပါးတွေကို နဝတကောင်စီလက်ထက်ကနိုင်ငံပိုင်သတင်းစာတွေမှာ နေ့စဉ်နဲ့အမျှရေးသားပေးခဲ့တယ်။

နဝတကောင်စီကလည်းမိုးဟိန်းရဲ့ရပ်တည်မှုတွေကို ဂုဏ်ပြုတဲ့အနေနဲ့ ပြည်တွင်းမှာလောင်စာဆီရောင်းဝယ်ရေးလုပ်ငန်းကို အခွင့်ရေးပေးလုပ်ကိုင်ခွင့်ပြုခဲ့တယ်။မိုးဟိန်းဟာ ပြည်တွင်းလောင်စာဆီလုပ်ငန်းအဆင်ပြေလာတဲ့အမျှ သူရဲ့ဝါသနာနဲ့ဗီဇကို ဖြည့်ဆည်းပေးဖို့အတွက်ရန်ကုန်မြို့မှာဂန္တဝင် ပုဂံဆိုတဲ့နာမည်နဲ့

စင်တင်တေးဂီတာဖျော်ဖြေရေးဘီယာ၊အရက်ဆိုင်ကို စီးပွားရေးတစ်ခုအနေနဲတိုးချဲ့ဖွင့်ခဲ့တယ်။အဲဒီနောက်ပိုင်း နိုင်ငံရေးအသိုင်းဝိုင်းမှာ မိုးဟိန်းရဲ့ရပ်တည်မှု့က အော့နှလုံးနာစရာ၊နိုင်ငံရေးလောကမှာသစ္စာဖောက်တစ်ယောက်အဖြစ်ရပ်တည်ခဲ့တယ်ဆိုတာ သူကိုယ်တိုင်သိပုံရခဲ့ပြီး နဝတကောင်စီကိုကျောခိုင်းကာ

ထိုင်းနိုင်ငံနယ်စပ်တစ်ခုကို ထွက်ပြေးတိမ်းရှောင်သွားခဲ့တယ်။ထွက်ပြေးတိမ်းရှောင်ခဲ့တဲ့အချိန်မှာ ဂန္တဝင်ပုဂံစင်တင်တေးဂီတ၊ဘီယာ၊အရက်ဆိုင်မှာ ဆုံတွေ့ခဲ့တဲ့ အသက်အရွယ် ၁၇နှစ်သာရှိတဲ့ အမျိုးသမီးငယ်တစ်ယောက်ကိုပါ သွေးဆောင်ဖြားယောင်းပြီးအတူတကွ ထိုင်းနိုင်ငံသို့ထွက်ပြေးလာခဲ့တယ်။အဲဒီအမျိုးသမီးဟာ ယခု သူရဲ့ဇနီးအဖြစ်အတူနေထိုင်တဲ့သူဖြစ်တယ်။

ထိုင်းနိုင်ငံမှတဆင့် အနောက်နိုင်ငံအသီးသီးသို့ ဒုက္ခသည်အဖြစ်ကမ်းလှမ်းခဲ့တယ်။ထိုမှတဆင့်မြန်မာပြည်တွင် နိုင်ငံရေးအတူတကွလုပ်ကိုင်ခဲ့ဖူးသူများနှင့်ချိတ်ဆက်မိကာ အမေရိကန်နိုင်တွင်ဒုက္ခသည်အဖြစ်ခိုလှုံခွင့်ရခဲ့သည်။

ထိုနောက်ပိုင်း အမေရိကန်နိုင်ငံအတွင်းရှိ မြို့ငယ်လေးတစ်ခုတွင် တက္ကစီယာဉ်မောင်းအပြင်အမေရိကန်နိုင်ငံတွင်းထုတ်ပြည်တွင်း မီဒီယာတစ်ခုတွင်အောက်ခြေဝန်ထမ်းအဖြစ် အသက်မွေးဝမ်းကြောင်းပြုပြီး ရပ်တည်ခဲ့သည်။

၂၀၁၀ မှ ၂၀၁၅ခုနှစ် စစ်အစိုးအရမှ အရပ်သားအစိုးရအသွင်ပြောင်း ဗိုလ်ချုပ်သိန်းစိန်သမ္မတတာဝန်ယူသည့်ကာလအတွင်း ၂၀၁၃ ခုနှစ်အတွင်းပြည်ဝင်ခွင့်ပြန်ရခဲ့သည်။ပြည်ဝင်ခွင့်ပြန်လည်ရရှိပြီးနောက် ယခင်ဗိုလ်ချုပ်သိန်းစိန်အစိုးလက်ထက်က စီးပွားကူးသန်းဝန်ကြီးအဖြစ်တာဝန်ယူခဲ့သည့် ဗိုလ်ချုပ်ဝင်းမြင့်(မကွေး)ရဲ့သား

ဗိုလ်ကြီးသူရိန်ဝင်းမြင့်၊၎င်းရဲ့ပါတနာဖြစ်သော ဗိုလ်ချုပ်များနှင့်အလွန်ရင်းနှီးသောဦးယုနိုင်(အထွေထွေစီးပွားရေး)စသည့်ပုဂ္ဂိုလ်များနှင့် အကျိုးတူပူးပေါင်းကာ မြန်မာငွေကျပ် သိန်း(၂၀၀)ကိုယ်စီဖြင့် စုစုပေါင်း သိန်း(၆၀၀)ဖြင့် နေ့စဉ်သတင်းစာထုတ်ရန်ပူးပေါင်းပြင်ဆင်လာခဲ့ကြသည်။

ထိုအချိန်တွင် နေ့စဉ်သတင်းစာထုတ်ဝေခွင့် လျှောက်ထားရသည့်ကာလသာဖြစ်သည်။ထုတ်ဝေခွင့်မပြုသေးသည့်ကာလသာဖြစ်သည်။တရားဝင် ထုတ်ဝေခွင့်ရသည့်ကာလမှာ ၂၀၁၄ ၊ဧပြီ ၁ရက်နေ့သာဖြစ်သည်။ထုတ်ဝေခွင့်မရသည့်ကာလ၊ပြင်ဆင်ချိန်အတွင်းမှာ ဝန်ထမ်းများကိုလစာပေးရတာ၂ လကျော်လာသည့်နှင့်အမျှ

အကျိုးတူပူးပေါင်းသည့်ရှယ်ယာရှင် များမှာ ငွေကြေးနှင့်ပတ်သတ်ပြီးအချေအတင်များဖြစ်ပေါ်လာခဲ့သည်။ထိုနောက်ပိုင်း သူနှင့်အဆင်မပြေသည့်ဝန်ထမ်းအချို့ကို အကြောင်းပြချက်မျိုးစုံဖြင့် အလုပ်မှလစာ (၃)လစာပေးပြီးထုတ်ပယ်ခဲ့သည်။ကျန်သည့်ဝန်ထမ်းများနှင့် သူရိယအလင်းနာမည်ဖြင့် အပတ်စဉ်သတင်းဂျာနယ်ထုတ်ဝေခဲ့သည်။

သူရိယအလင်းဂျာနယ်ထုတ်ဝေခဲ့စဉ် ၁ လအတွင်းဗိုလ်ချုပ်သိန်းစိန် အစိုးရလက်ထက် စက်မှုဝန်ကြီး ဗိုလ်ချုပ်အောင်သောင်း(သေဆုံး)နှင့်ချိတ်ဆက်ရင်းနှီးခဲ့ကြသည်။ထိုအချိန်တွင် ဗိုလ်ချုပ်အောင်သောင်းမှာ နဝတကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် အဆင်မပြေမှု့များစွာရှိခဲ့သည်။

ထိုအဆင်မပြေမှု့များစွာကို အောက်လုံးထိုးရန်အတွက် သူရိယနေဝန်း မိုးဟိန်း(ခ)နိုင်ဝင်း ကိုလက်သတ်မွေးခဲ့ပုံရသည်။မိုးဟိန်းကလည်း ကိုယ်ကျိုးအတွက်ငွေရရင်ဘာမဆိုလုပ်မည်ဟု မပြောသည့်တိုင်အောင် သူ့လုပ်ရပ်များက သူရိယအလင်းဂျာနယ် အပတ်စဉ်(၁)အမှတ်စဉ်၅နောက်ပိုင်းသူရိယအလင်းဂျာနယ်

စာမျက်နှာများပေါ်တွင် ဗိုလ်ချုပ်မှုးကြီးအပါအဝင်သူနှင့်ပတ်သတ်သည့်စစ်ဗိုလ်ချုပ်များနှင့်တကွ၊ခရိုနီများကိုတိုက်ခိုက်သောဆောင်းပါးတချို့ကို ရေးလာခဲ့သည်။ထိုကဲ့သို့ရေးသားမှု့များကြောင့် ဦးသိန်းစိန်အစိုးရအပါအဝင် ကျန်သည့်ဗိုလ်ချုပ်များရဲ့စောင့်ကြည့်မှု့ကိုခံခဲ့ရသေးသည်။

ဗိုလ်ချုပ်ဝင်းမြင့်သား ဗိုလ်မှူးသူရိန်ဝင်းမြင့်မှာလည်၎င်းကိုယ်တိုင် ရှယ်ယာထည့်ဝင်ထားသည့်ဂျာနယ်ဟာယခုလိုရေးသားမှု့များပြုလုပ်သောကြောင့် ဦးသန်းရွှေအပါအဝင်ဗိုလ်ချုပ်အသိုင်းကတွေ့ဆုံကာ နောက်နောင်ထပ်မံရေးသားခြင်းမပြုဖို့ သတိပေးတားမြစ်ခြင်းခံခဲ့ရသည်။

ရှယ်ယာရှင်တွေဖြစ်တဲ့ ဗိုလ်မှူးဝင်းမြင့်အပါအဝင် ဦးယုနိုင်ကလည်း မိုးဟိန်းအားထပ်မံရေးသားခြင်းမပြုရန်ပြောဆိုခဲ့သည်။မိုးဟိန်းကလည်း တဖက်တွင်စက်မှု့ဝန်ကြီးအောင်သောင်းရဲ့ ပံ့ပိုးကူညီမှု့နှင့်အတူ ၎င်းရဲ့ပင်ကိုယ်ဗီဇအရသစ္စာဖောက်လောက်ကောင်ပီပီ ဆက်လက်ရပ်တည်ခဲ့တယ်။

သူရိယအလင်းစာစောင်ရဲ့ မျက်နှာဖုံးပေါ်မှာ မော်စကိုမှာသာတဲ့လဆိုတဲ့ဆောင်းပါးအပါအဝင် ကဒါဖီ၊ဆက်ဒန်ဟူစိန်စသည့် ကမ္ဘာ့လူဆိုးများအသေဆိုးနဲ့သေကြရတဲ့ပုံတွေကို ဦးသန်းရွှေနဲ့နှိုင်းယှဉ်ခဲ့တဲ့ဆောင်းပါးထပ်မံရေးသားခဲ့ရာထိုဆောင်းပါးကြောင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမြေးနှင့်အတူ

သူရိယအလင်းဂျာနယ်ရှယ်ယာရှင်ဖြစ်တဲ့ ဗိုလ်ချုပ်ဝင်းမြင့်သား ဗိုလ်ကြီးသူရိန်ဝင်းမြင်တို့က ယမ်းပုံးမီးပွားကျပြီး ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ သူရိယအလင်းဂျာနယ်တိုက်အား ရှယ်ယာဝင်အဖြစ် သူရဲ့ရင်းနှီးမြုပ်နှံမှုနဲ့အညီ ဂျာနယ်တိုက်အတွင်းရှိ ဂျာနယ်ထုတ်ဝေရန်အထောက်အကူပြုပစ္စည်းများအား

ညအချိန်မတော် ဗိုလ်ချုပ်မှုးကြီးသန်းရွှေမြေး နေရွှေသွေးအောင်အပါအဝင်ဗိုလ်ကြီးသူရိန်ဝင်းမြင့်တို့က ဝင်ရောက်သိမ်းဆည်းသွားခဲ့ကြသည်။ထိုကိစ္စအားနောက်နေ့မနက်ခင်းတွင် သူရိယနေဝန်း(ခ)မိုးဟိန်းမှာသတင်းထောက်များခေါ်ကာသတင်းစာရှင်းလင်းပွဲလုပ်ကာ ပုံကြီးချဲ့ခဲ့သေးသည်။ သူပိုင်ဆိုင်တဲ့ဂျာနယ်တိုက်ကို အနုကြမ်း

ဝင်စီးပြီး ဂျာနယ်တိုက်ပစ္စည်းများကို အတင်းသိမ်းဆည်းကာ တိုက်တွင်းရှိပစ္စည်းများအားဖျက်စီးသွားခဲ့သည်ဟုပြောကာ ၎င်းတို့နှင့်ရှယ်ယာလုပ်ကိုင်နေသည်ကိုဖုံးကွယ်ခဲ့ပြီး သူရိယအလင်းအစား သူရိယနေဝန်းနာမည်နှင့် နောင်လာမည့်အပတ်စဉ်များတွင်စဉ်ဆက်မပြတ်ထုတ်ဝေသွားမည်ဟုလည်းသတင်းစာရှင်းလင်းပွဲတွင်

သတင်းထောက်များအားကြွေးကြော်ခဲ့သည်။သူရိယနေဝန်းဆိုတဲ့ ထုတ်ဝေခွင့်ကဒ်သည် ဗိုလ်ချုပ်အောင်သောင်းအကူအညီဖြင့်ရက်ပိုင်းအတွင်းထုတ်ဝေခွင့်ကဒ်ရခဲ့သည်ဟုလည်းသတင်းများပျံ့နေခဲ့သည်။မိုးဟိန်းရဲ့ရပ်တည်ချက်များမှုမှန်မှု့မရှိသောကြောင့် သူရိယအလင်းဝန်ထမ်းများမှာ မိုးဟိန်းနှင့်လမ်းခွဲခဲ့ကြသည်။

မိုးဟိန်းနှင့်အတူဆက်လက်အလုပ်လုပ်ကိုင်သူများမှာ ၎င်းရဲ့ဆွေမျိုးသာဖြစ်ကြသည်။ထို့နောက် သူရိယနေဝန်းစာမျက်နှာတွေပေါ်တွေ မှာYellow Journalism အရေးအသားများနှင့်အတူဦးသန်းရွှေနှင့်ခရိုနီတေဇအကြောင်းစဉ်ဆက်မပြတ်ရေးသားခဲ့ရာ စာဖတ်ပရိတ်သတ်ခံတွင်းတွေ့ခဲ့ဟန်ရှိခဲ့သည်။

သူရိယနေဝန်းစာစောင်မှာ ဂျာနယ်ရောင်းချသူများကြားတွင် အရောင်းရဆုံးဂျာနယ်အဖြစ် အချိန်ကာလတစ်ခုအဖြစ်ရပ်တည်ခဲ့သည်။ခရိုနီဦးတေဇ နှင့်လည်းငယ်သူငယ်ချင်းများဖြစ်ကာ ခရိုနီဦးတေဇမှာမိုးဟိန်းအားတွေ့ဆုံကာ ၎င်းအကြောင်းဆက်လတ်မရေးသားဖို့အတွက် ငွေကျပ်သိန်း ၃၀၀၀ ပေးကာ

သူငယ်ချင်းတွေကြားနားလည်မှု့ယူခဲ့ကြသည်။ထိုနောက်ပိုင်း ခရိုနီတေဇအကြောင်းကို သူရိယနေဝန်းစာမျက်ပေါ်များတွင် မတွေ့ရတော့ဘဲ ဦးသန်းရွှေအကြောင်းသာဆက်လက်ရေးသားခဲ့သည်။ထိုအချိန်ကာလကလည်း ဦးသန်းရွှေအာဏာမှာကြီးထွားနေဆဲဖြစ်တာမို့ ဦးသိန်းစိန်အစိုးရအား

မိုးဟိန်းကိုဗီဇာပိတ်ပြီး မြန်မာပြည်တွင်နေထိုင်ခွင့်မပေးရန်ဖိအားပေးခဲ့ပုံရသည်။ဦးသိန်းစိန်အစိုးရက ပြည်တွင်းဝင်ခွင့်ဗီဇာကို ပိတ်ခဲ့လို့ မိုးဟိန်းတစ်ယောက် ထိုင်းနိုင်ငံနယ်စပ်ကနေ သတင်းဆောင်းပါးတွေရေး ရပ်တည်ခဲ့ရသည်။

သူရိယနေဝန်းဂျာနယ် ထုတ်ဝေသူနာမည်နေရာမှာ မိုးဟိန်းရဲ့အကိုအရင်းဖြစ်သူ မြန်မာနိုင်ငံသားဖြစ်တဲ့ ရဲအရာရှိပြုတ်ခင်အေးကိုထည့်သွင်းထားခဲ့တာကြောင့် မိုးဟိန်းဂျာနယ်ဟာ ဆက်လက်ရပ်တည်ခွင့်ရခဲ့သည်။မိုးဟိန်းဟာသူရိယနေဝန်းအပြင် သံမဏ္ဏိနှင်းဆီအမည်နဲ့ ဂျာနယ်တစ်စောင်လည်းပိုင်ဆိုင်သေးသည်။

ထိုသံမဏိနှင်းဆီ ဂျာနယ်ဟာလည်းမိုးဟိန်းဦးဆောင်ကာ ၎င်းရဲ့ဆွေမျိုးများနှင့်သာ ထုတ်ဝေနေသောဂျာနယ်ဖြစ်သည်။လွန်ခဲ့သော ၂၀၁၇ခုနစ်ဧပြီလတွင်းက သံမဏိနှင်းဆီဂျာနယ်အယ်ဒီတာ တစ်ဦးဂျာနယ်တိုက်တွင်းအသတ်ခံရပြီး

ပုပ်ပွသေဆုံး ဟူ၍သတင်းထွက်ပေါ်လာခဲ့သည့်အချိန်မှာ လူထုနှင့်တကွစာဖတ်ပရိတ်သတ်အပါအဝင် ဂျာနယ်လောကသားများက များစွာစိတ်မကောင်းကြောင်း တန်ဖိုးရှိတဲ့ကလောင်ရှင်တစ်ဦးကိုရက်စက်စွာအကြံရှိရှိသတ်ဖြတ်သွားတာကို

ရှုံ့ချကြောင်း Eleven Media အပါအဝင်အခြားဂျာနယ်များမှရေးသားခဲ့ကြသည်။ထိုအသတ်ခံရသည့်အမျိုးသားမှာ မိုးဟိန်း၏အမဖြစ်သူကမွေးဖွားသည့် မိုးဟိန်းတူအရင်းဖြစ်သည်။ထိုအသတ်ခံရသည့်ကိစ္စမှာ အိမ်ထောင်နှင့်ကလေးတစ်ယောက်ရှိသူအမျိုးသမီးနှင့် မိုးဟိန်းတူအရင်းဖြစ်သူတို့မှာ

ချစ်ကြိုက်ခဲ့ကြပြီး ဟိုတယ်တွင်အတူတကွ နေထိုင်သည့်သတင်းများကို ၎င်းအမျိုးသမီး၏လင်ယောက်ျားဖြစ်သူမှ သိရှိခဲ့ပြီး မိုးဟိန်းတူအရင်းဖြစ်သူမှာ အသတ်ခံခဲ့ရကြောင်းရဲမှတ်တမ်းများအရပေါ်လွင်ခဲ့သည်။

ထိုအချိန်တွင် စာဖတ်ပရိသတ်နဲ့ဂျာနယ်လောကသားများမှာ အသတ်ခံရသည့်အကြောင်းသိလိုက်ရသည့်အခါ ဆွံ့အ ခဲ့ကြရသည်။၂၀၁၅ ရွေးကောက်ပွဲကျင်းပပြုလုပ်ပြီး NLD အစိုးရတက်လာခဲ့တဲ့နောက်ပိုင်း မိုးဟိန်းခမျာ မျှော်လင့်ချက်များစွာနဲ့သာကူးလာခဲ့တယ်။

သူထင်သလို ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ NLD အစိုးဟာ သူ့ကိုလူရာသွင်းမလားဆိုမျှော်လင့်ချက်တွေကို ဥပေက္ခာပြုခဲ့ပါတယ်။သူရဲ့ သမိုင်းဆိုးနဲ့ သူဘဝနဲ့ထိုက်တန်တဲ့အရာက ယနေ့အာဏာသိမ်းကောင်စီလက်ထက်မှမဟုတ်ဘဲ ယခင်စစ်အစိုးရလက်ထက်တည်းကလက်ကိုင်တုတ် စွမ်းအားရှင် ခေတ်စကားအရ အဘဘောမ အဖြစ်ရပ်တည်လာခဲ့တာဘဲ။Chittmyo

———-

သူရိယေနဝန္းမိုးဟိန္း(ခ)ႏိုင္ဝင္း ဆိုတဲ့ေကာင္နဲ႔ သူ႔မိသားစုဝင္ေတြကို Social Punishment လုပ္ဖို႔မေမ့ၾကနဲ႔အုံး။မိုးဟိန္းဆိုတာ ၈၈အေရးခင္းမွာ ေက်ာင္းသားေခါင္းေဆာင္ကိုမင္းကိုႏိုင္၊လူ႔ေဘာင္သစ္ပါတီဥကၠဌျဖစ္တဲ့မိုးသီးဇြန္တို႔နဲ႔အတူ လူ႔ေဘာင္သစ္ပါတီမွာအတြင္းေရးမႉးအျဖစ္သူကိုယ္တိုင္ ႏိုင္ငံေရးလုပ္၊ထြက္ေျပးရင္း နဝတေကာင္စီကဖမ္းမိခဲ့တာပါ။

နဝတေကာင္စီက အင္းစိန္ေထာင္ထဲကိုပို႔လိုက္တဲ့အခါ ေထာင္ထဲမွာႏိုင္ငံေရးအက်ဥ္းသားေတြမ်ားေတာ့ ေထာင္ေ႐ြ႕ရင္းနဲ႔ေထာင္၅ေထာင္ေလာက္ေရာက္ခဲ့ရတယ္။အဲလိုေထာင္ေျပာင္းခဲ့တာကို အခြင့္ေရးယူၿပီး ၈၈မွာႏိုင္ငံေရးလုပ္လို႔ ေထာင္၅ေထာင္ေလာက္က်ခဲ့ဖူးတယ္ဆိုၿပီး ဂုဏ္ေဖာ္ေျပာေနတာ။

တကယ္တမ္းက်ေတာ့ ေထာင္တြင္းစစ္ေၾကာေရးမွာ နဝတေကာင္စီနဲ႔ ႏိုင္ငံေရးမလုပ္ဖို႔အေပးအယူမွ်ခဲ့ၾကတယ္ အဲဒီေနာက္ပိုင္း နဝတ ေကာင္စီကတာဝန္ေပးခဲ့တဲ့ တာဝန္အရ ၁၉၉၀ ခုႏွစ္အႏိုင္ရပါတီျဖစ္တဲ့ NLDပါတီရဲ႕ ဆန႔္က်င္ေဝဖန္ေရး ေဆာင္းပါးေတြကို နဝတေကာင္စီလက္ထက္ကႏိုင္ငံပိုင္သတင္းစာေတြမွာ ေန႔စဥ္နဲ႔အမွ်ေရးသားေပးခဲ့တယ္။

နဝတေကာင္စီကလည္းမိုးဟိန္းရဲ႕ရပ္တည္မႈေတြကို ဂုဏ္ျပဳတဲ့အေနနဲ႔ ျပည္တြင္းမွာေလာင္စာဆီေရာင္းဝယ္ေရးလုပ္ငန္းကို အခြင့္ေရးေပးလုပ္ကိုင္ခြင့္ျပဳခဲ့တယ္။မိုးဟိန္းဟာ ျပည္တြင္းေလာင္စာဆီလုပ္ငန္းအဆင္ေျပလာတဲ့အမွ် သူရဲ႕ဝါသနာနဲ႔ဗီဇကို ျဖည့္ဆည္းေပးဖို႔အတြက္ရန္ကုန္ၿမိဳ႕မွာဂႏၲဝင္ ပုဂံဆိုတဲ့နာမည္နဲ႔

စင္တင္ေတးဂီတာေဖ်ာ္ေျဖေရးဘီယာ၊အရက္ဆိုင္ကို စီးပြားေရးတစ္ခုအေနနဲတိုးခ်ဲ႕ဖြင့္ခဲ့တယ္။အဲဒီေနာက္ပိုင္း ႏိုင္ငံေရးအသိုင္းဝိုင္းမွာ မိုးဟိန္းရဲ႕ရပ္တည္မႈ႕က ေအာ့ႏွလုံးနာစရာ၊ႏိုင္ငံေရးေလာကမွာသစၥာေဖာက္တစ္ေယာက္အျဖစ္ရပ္တည္ခဲ့တယ္ဆိုတာ သူကိုယ္တိုင္သိပုံရခဲ့ၿပီး နဝတေကာင္စီကိုေက်ာခိုင္းကာ

ထိုင္းႏိုင္ငံနယ္စပ္တစ္ခုကို ထြက္ေျပးတိမ္းေရွာင္သြားခဲ့တယ္။ထြက္ေျပးတိမ္းေရွာင္ခဲ့တဲ့အခ်ိန္မွာ ဂႏၲဝင္ပုဂံစင္တင္ေတးဂီတ၊ဘီယာ၊အရက္ဆိုင္မွာ ဆုံေတြ႕ခဲ့တဲ့ အသက္အ႐ြယ္ ၁၇ႏွစ္သာရွိတဲ့ အမ်ိဳးသမီးငယ္တစ္ေယာက္ကိုပါ ေသြးေဆာင္ျဖားေယာင္းၿပီးအတူတကြ ထိုင္းႏိုင္ငံသို႔ထြက္ေျပးလာခဲ့တယ္။အဲဒီအမ်ိဳးသမီးဟာ ယခု သူရဲ႕ဇနီးအျဖစ္အတူေနထိုင္တဲ့သူျဖစ္တယ္။

ထိုင္းႏိုင္ငံမွတဆင့္ အေနာက္ႏိုင္ငံအသီးသီးသို႔ ဒုကၡသည္အျဖစ္ကမ္းလွမ္းခဲ့တယ္။ထိုမွတဆင့္ျမန္မာျပည္တြင္ ႏိုင္ငံေရးအတူတကြလုပ္ကိုင္ခဲ့ဖူးသူမ်ားႏွင့္ခ်ိတ္ဆက္မိကာ အေမရိကန္ႏိုင္တြင္ဒုကၡသည္အျဖစ္ခိုလႈံခြင့္ရခဲ့သည္။

ထိုေနာက္ပိုင္း အေမရိကန္ႏိုင္ငံအတြင္းရွိ ၿမိဳ႕ငယ္ေလးတစ္ခုတြင္ တကၠစီယာဥ္ေမာင္းအျပင္အေမရိကန္ႏိုင္ငံတြင္းထုတ္ျပည္တြင္း မီဒီယာတစ္ခုတြင္ေအာက္ေျခဝန္ထမ္းအျဖစ္ အသက္ေမြးဝမ္းေၾကာင္းျပဳၿပီး ရပ္တည္ခဲ့သည္။

၂၀၁၀ မွ ၂၀၁၅ခုႏွစ္ စစ္အစိုးအရမွ အရပ္သားအစိုးရအသြင္ေျပာင္း ဗိုလ္ခ်ဳပ္သိန္းစိန္သမၼတတာဝန္ယူသည့္ကာလအတြင္း ၂၀၁၃ ခုႏွစ္အတြင္းျပည္ဝင္ခြင့္ျပန္ရခဲ့သည္။ျပည္ဝင္ခြင့္ျပန္လည္ရရွိၿပီးေနာက္ ယခင္ဗိုလ္ခ်ဳပ္သိန္းစိန္အစိုးလက္ထက္က စီးပြားကူးသန္းဝန္ႀကီးအျဖစ္တာဝန္ယူခဲ့သည့္ ဗိုလ္ခ်ဳပ္ဝင္းျမင့္(မေကြး)ရဲ႕သား

ဗိုလ္ႀကီးသူရိန္ဝင္းျမင့္၊၎ရဲ႕ပါတနာျဖစ္ေသာ ဗိုလ္ခ်ဳပ္မ်ားႏွင့္အလြန္ရင္းႏွီးေသာဦးယုႏိုင္(အေထြေထြစီးပြားေရး)စသည့္ပုဂၢိဳလ္မ်ားႏွင့္ အက်ိဳးတူပူးေပါင္းကာ ျမန္မာေငြက်ပ္ သိန္း(၂၀၀)ကိုယ္စီျဖင့္ စုစုေပါင္း သိန္း(၆၀၀)ျဖင့္ ေန႔စဥ္သတင္းစာထုတ္ရန္ပူးေပါင္းျပင္ဆင္လာခဲ့ၾကသည္။

ထိုအခ်ိန္တြင္ ေန႔စဥ္သတင္းစာထုတ္ေဝခြင့္ ေလွ်ာက္ထားရသည့္ကာလသာျဖစ္သည္။ထုတ္ေဝခြင့္မျပဳေသးသည့္ကာလသာျဖစ္သည္။တရားဝင္ ထုတ္ေဝခြင့္ရသည့္ကာလမွာ ၂၀၁၄ ၊ဧၿပီ ၁ရက္ေန႔သာျဖစ္သည္။ထုတ္ေဝခြင့္မရသည့္ကာလ၊ျပင္ဆင္ခ်ိန္အတြင္းမွာ ဝန္ထမ္းမ်ားကိုလစာေပးရတာ၂ လေက်ာ္လာသည့္ႏွင့္အမွ်

အက်ိဳးတူပူးေပါင္းသည့္ရွယ္ယာရွင္ မ်ားမွာ ေငြေၾကးႏွင့္ပတ္သတ္ၿပီးအေခ်အတင္မ်ားျဖစ္ေပၚလာခဲ့သည္။ထိုေနာက္ပိုင္း သူႏွင့္အဆင္မေျပသည့္ဝန္ထမ္းအခ်ိဳ႕ကို အေၾကာင္းျပခ်က္မ်ိဳးစုံျဖင့္ အလုပ္မွလစာ (၃)လစာေပးၿပီးထုတ္ပယ္ခဲ့သည္။က်န္သည့္ဝန္ထမ္းမ်ားႏွင့္ သူရိယအလင္းနာမည္ျဖင့္ အပတ္စဥ္သတင္းဂ်ာနယ္ထုတ္ေဝခဲ့သည္။

သူရိယအလင္းဂ်ာနယ္ထုတ္ေဝခဲ့စဥ္ ၁ လအတြင္းဗိုလ္ခ်ဳပ္သိန္းစိန္ အစိုးရလက္ထက္ စက္မႈဝန္ႀကီး ဗိုလ္ခ်ဳပ္ေအာင္ေသာင္း(ေသဆုံး)ႏွင့္ခ်ိတ္ဆက္ရင္းႏွီးခဲ့ၾကသည္။ထိုအခ်ိန္တြင္ ဗိုလ္ခ်ဳပ္ေအာင္ေသာင္းမွာ နဝတေကာင္စီဥကၠဌ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊႏွင့္ အဆင္မေျပမႈ႕မ်ားစြာရွိခဲ့သည္။

ထိုအဆင္မေျပမႈ႕မ်ားစြာကို ေအာက္လုံးထိုးရန္အတြက္ သူရိယေနဝန္း မိုးဟိန္း(ခ)ႏိုင္ဝင္း ကိုလက္သတ္ေမြးခဲ့ပုံရသည္။မိုးဟိန္းကလည္း ကိုယ္က်ိဳးအတြက္ေငြရရင္ဘာမဆိုလုပ္မည္ဟု မေျပာသည့္တိုင္ေအာင္ သူ႔လုပ္ရပ္မ်ားက သူရိယအလင္းဂ်ာနယ္ အပတ္စဥ္(၁)အမွတ္စဥ္၅ေနာက္ပိုင္းသူရိယအလင္းဂ်ာနယ္

စာမ်က္ႏွာမ်ားေပၚတြင္ ဗိုလ္ခ်ဳပ္မႈးႀကီးအပါအဝင္သူႏွင့္ပတ္သတ္သည့္စစ္ဗိုလ္ခ်ဳပ္မ်ားႏွင့္တကြ၊ခ႐ိုနီမ်ားကိုတိုက္ခိုက္ေသာေဆာင္းပါးတခ်ိဳ႕ကို ေရးလာခဲ့သည္။ထိုကဲ့သို႔ေရးသားမႈ႕မ်ားေၾကာင့္ ဦးသိန္းစိန္အစိုးရအပါအဝင္ က်န္သည့္ဗိုလ္ခ်ဳပ္မ်ားရဲ႕ေစာင့္ၾကည့္မႈ႕ကိုခံခဲ့ရေသးသည္။

ဗိုလ္ခ်ဳပ္ဝင္းျမင့္သား ဗိုလ္မႉးသူရိန္ဝင္းျမင့္မွာလည္၎ကိုယ္တိုင္ ရွယ္ယာထည့္ဝင္ထားသည့္ဂ်ာနယ္ဟာယခုလိုေရးသားမႈ႕မ်ားျပဳလုပ္ေသာေၾကာင့္ ဦးသန္းေ႐ႊအပါအဝင္ဗိုလ္ခ်ဳပ္အသိုင္းကေတြ႕ဆုံကာ ေနာက္ေနာင္ထပ္မံေရးသားျခင္းမျပဳဖို႔ သတိေပးတားျမစ္ျခင္းခံခဲ့ရသည္။

ရွယ္ယာရွင္ေတြျဖစ္တဲ့ ဗိုလ္မႉးဝင္းျမင့္အပါအဝင္ ဦးယုႏိုင္ကလည္း မိုးဟိန္းအားထပ္မံေရးသားျခင္းမျပဳရန္ေျပာဆိုခဲ့သည္။မိုးဟိန္းကလည္း တဖက္တြင္စက္မႈ႕ဝန္ႀကီးေအာင္ေသာင္းရဲ႕ ပံ့ပိုးကူညီမႈ႕ႏွင့္အတူ ၎ရဲ႕ပင္ကိုယ္ဗီဇအရသစၥာေဖာက္ေလာက္ေကာင္ပီပီ ဆက္လက္ရပ္တည္ခဲ့တယ္။

သူရိယအလင္းစာေစာင္ရဲ႕ မ်က္ႏွာဖုံးေပၚမွာ ေမာ္စကိုမွာသာတဲ့လဆိုတဲ့ေဆာင္းပါးအပါအဝင္ ကဒါဖီ၊ဆက္ဒန္ဟူစိန္စသည့္ ကမာၻ႔လူဆိုးမ်ားအေသဆိုးနဲ႔ေသၾကရတဲ့ပုံေတြကို ဦးသန္းေ႐ႊနဲ႔ႏႈိင္းယွဥ္ခဲ့တဲ့ေဆာင္းပါးထပ္မံေရးသားခဲ့ရာထိုေဆာင္းပါးေၾကာင့္ ဗိုလ္ခ်ဳပ္မႉးႀကီးသန္းေ႐ႊေျမးႏွင့္အတူ

သူရိယအလင္းဂ်ာနယ္ရွယ္ယာရွင္ျဖစ္တဲ့ ဗိုလ္ခ်ဳပ္ဝင္းျမင့္သား ဗိုလ္ႀကီးသူရိန္ဝင္းျမင္တို႔က ယမ္းပုံးမီးပြားက်ၿပီး ကမာၻေအးဘုရားလမ္းေပၚရွိ သူရိယအလင္းဂ်ာနယ္တိုက္အား ရွယ္ယာဝင္အျဖစ္ သူရဲ႕ရင္းႏွီးျမဳပ္ႏွံမႈနဲ႔အညီ ဂ်ာနယ္တိုက္အတြင္းရွိ ဂ်ာနယ္ထုတ္ေဝရန္အေထာက္အကူျပဳပစၥည္းမ်ားအား

ညအခ်ိန္မေတာ္ ဗိုလ္ခ်ဳပ္မႈးႀကီးသန္းေ႐ႊေျမး ေနေ႐ႊေသြးေအာင္အပါအဝင္ဗိုလ္ႀကီးသူရိန္ဝင္းျမင့္တို႔က ဝင္ေရာက္သိမ္းဆည္းသြားခဲ့ၾကသည္။ထိုကိစၥအားေနာက္ေန႔မနက္ခင္းတြင္ သူရိယေနဝန္း(ခ)မိုးဟိန္းမွာသတင္းေထာက္မ်ားေခၚကာသတင္းစာရွင္းလင္းပြဲလုပ္ကာ ပုံႀကီးခ်ဲ႕ခဲ့ေသးသည္။ သူပိုင္ဆိုင္တဲ့ဂ်ာနယ္တိုက္ကို အႏုၾကမ္း

ဝင္စီးၿပီး ဂ်ာနယ္တိုက္ပစၥည္းမ်ားကို အတင္းသိမ္းဆည္းကာ တိုက္တြင္းရွိပစၥည္းမ်ားအားဖ်က္စီးသြားခဲ့သည္ဟုေျပာကာ ၎တို႔ႏွင့္ရွယ္ယာလုပ္ကိုင္ေနသည္ကိုဖုံးကြယ္ခဲ့ၿပီး သူရိယအလင္းအစား သူရိယေနဝန္းနာမည္ႏွင့္ ေနာင္လာမည့္အပတ္စဥ္မ်ားတြင္စဥ္ဆက္မျပတ္ထုတ္ေဝသြားမည္ဟုလည္းသတင္းစာရွင္းလင္းပြဲတြင္

သတင္းေထာက္မ်ားအားေႂကြးေၾကာ္ခဲ့သည္။သူရိယေနဝန္းဆိုတဲ့ ထုတ္ေဝခြင့္ကဒ္သည္ ဗိုလ္ခ်ဳပ္ေအာင္ေသာင္းအကူအညီျဖင့္ရက္ပိုင္းအတြင္းထုတ္ေဝခြင့္ကဒ္ရခဲ့သည္ဟုလည္းသတင္းမ်ားပ်ံ႕ေနခဲ့သည္။မိုးဟိန္းရဲ႕ရပ္တည္ခ်က္မ်ားမႈမွန္မႈ႕မရွိေသာေၾကာင့္ သူရိယအလင္းဝန္ထမ္းမ်ားမွာ မိုးဟိန္းႏွင့္လမ္းခြဲခဲ့ၾကသည္။

မိုးဟိန္းႏွင့္အတူဆက္လက္အလုပ္လုပ္ကိုင္သူမ်ားမွာ ၎ရဲ႕ေဆြမ်ိဳးသာျဖစ္ၾကသည္။ထို႔ေနာက္ သူရိယေနဝန္းစာမ်က္ႏွာေတြေပၚေတြ မွာYellow Journalism အေရးအသားမ်ားႏွင့္အတူဦးသန္းေ႐ႊႏွင့္ခ႐ိုနီေတဇအေၾကာင္းစဥ္ဆက္မျပတ္ေရးသားခဲ့ရာ စာဖတ္ပရိတ္သတ္ခံတြင္းေတြ႕ခဲ့ဟန္ရွိခဲ့သည္။

သူရိယေနဝန္းစာေစာင္မွာ ဂ်ာနယ္ေရာင္းခ်သူမ်ားၾကားတြင္ အေရာင္းရဆုံးဂ်ာနယ္အျဖစ္ အခ်ိန္ကာလတစ္ခုအျဖစ္ရပ္တည္ခဲ့သည္။ခ႐ိုနီဦးေတဇ ႏွင့္လည္းငယ္သူငယ္ခ်င္းမ်ားျဖစ္ကာ ခ႐ိုနီဦးေတဇမွာမိုးဟိန္းအားေတြ႕ဆုံကာ ၎အေၾကာင္းဆက္လတ္မေရးသားဖို႔အတြက္ ေငြက်ပ္သိန္း ၃၀၀၀ ေပးကာ

သူငယ္ခ်င္းေတြၾကားနားလည္မႈ႕ယူခဲ့ၾကသည္။ထိုေနာက္ပိုင္း ခ႐ိုနီေတဇအေၾကာင္းကို သူရိယေနဝန္းစာမ်က္ေပၚမ်ားတြင္ မေတြ႕ရေတာ့ဘဲ ဦးသန္းေ႐ႊအေၾကာင္းသာဆက္လက္ေရးသားခဲ့သည္။ထိုအခ်ိန္ကာလကလည္း ဦးသန္းေ႐ႊအာဏာမွာႀကီးထြားေနဆဲျဖစ္တာမို႔ ဦးသိန္းစိန္အစိုးရအား

မိုးဟိန္းကိုဗီဇာပိတ္ၿပီး ျမန္မာျပည္တြင္ေနထိုင္ခြင့္မေပးရန္ဖိအားေပးခဲ့ပုံရသည္။ဦးသိန္းစိန္အစိုးရက ျပည္တြင္းဝင္ခြင့္ဗီဇာကို ပိတ္ခဲ့လို႔ မိုးဟိန္းတစ္ေယာက္ ထိုင္းႏိုင္ငံနယ္စပ္ကေန သတင္းေဆာင္းပါးေတြေရး ရပ္တည္ခဲ့ရသည္။

သူရိယေနဝန္းဂ်ာနယ္ ထုတ္ေဝသူနာမည္ေနရာမွာ မိုးဟိန္းရဲ႕အကိုအရင္းျဖစ္သူ ျမန္မာႏိုင္ငံသားျဖစ္တဲ့ ရဲအရာရွိျပဳတ္ခင္ေအးကိုထည့္သြင္းထားခဲ့တာေၾကာင့္ မိုးဟိန္းဂ်ာနယ္ဟာ ဆက္လက္ရပ္တည္ခြင့္ရခဲ့သည္။မိုးဟိန္းဟာသူရိယေနဝန္းအျပင္ သံမဏၰိႏွင္းဆီအမည္နဲ႔ ဂ်ာနယ္တစ္ေစာင္လည္းပိုင္ဆိုင္ေသးသည္။

ထိုသံမဏိႏွင္းဆီ ဂ်ာနယ္ဟာလည္းမိုးဟိန္းဦးေဆာင္ကာ ၎ရဲ႕ေဆြမ်ိဳးမ်ားႏွင့္သာ ထုတ္ေဝေနေသာဂ်ာနယ္ျဖစ္သည္။လြန္ခဲ့ေသာ ၂၀၁၇ခုနစ္ဧၿပီလတြင္းက သံမဏိႏွင္းဆီဂ်ာနယ္အယ္ဒီတာ တစ္ဦးဂ်ာနယ္တိုက္တြင္းအသတ္ခံရၿပီး

ပုပ္ပြေသဆုံး ဟူ၍သတင္းထြက္ေပၚလာခဲ့သည့္အခ်ိန္မွာ လူထုႏွင့္တကြစာဖတ္ပရိတ္သတ္အပါအဝင္ ဂ်ာနယ္ေလာကသားမ်ားက မ်ားစြာစိတ္မေကာင္းေၾကာင္း တန္ဖိုးရွိတဲ့ကေလာင္ရွင္တစ္ဦးကိုရက္စက္စြာအႀကံရွိရွိသတ္ျဖတ္သြားတာကို

ရႈံ႕ခ်ေၾကာင္း Eleven Media အပါအဝင္အျခားဂ်ာနယ္မ်ားမွေရးသားခဲ့ၾကသည္။ထိုအသတ္ခံရသည့္အမ်ိဳးသားမွာ မိုးဟိန္း၏အမျဖစ္သူကေမြးဖြားသည့္ မိုးဟိန္းတူအရင္းျဖစ္သည္။ထိုအသတ္ခံရသည့္ကိစၥမွာ အိမ္ေထာင္ႏွင့္ကေလးတစ္ေယာက္ရွိသူအမ်ိဳးသမီးႏွင့္ မိုးဟိန္းတူအရင္းျဖစ္သူတို႔မွာ

ခ်စ္ႀကိဳက္ခဲ့ၾကၿပီး ဟိုတယ္တြင္အတူတကြ ေနထိုင္သည့္သတင္းမ်ားကို ၎အမ်ိဳးသမီး၏လင္ေယာက္်ားျဖစ္သူမွ သိရွိခဲ့ၿပီး မိုးဟိန္းတူအရင္းျဖစ္သူမွာ အသတ္ခံခဲ့ရေၾကာင္းရဲမွတ္တမ္းမ်ားအရေပၚလြင္ခဲ့သည္။

ထိုအခ်ိန္တြင္ စာဖတ္ပရိသတ္နဲ႔ဂ်ာနယ္ေလာကသားမ်ားမွာ အသတ္ခံရသည့္အေၾကာင္းသိလိုက္ရသည့္အခါ ဆြံ႕အ ခဲ့ၾကရသည္။၂၀၁၅ ေ႐ြးေကာက္ပြဲက်င္းပျပဳလုပ္ၿပီး NLD အစိုးရတက္လာခဲ့တဲ့ေနာက္ပိုင္း မိုးဟိန္းခမ်ာ ေမွ်ာ္လင့္ခ်က္မ်ားစြာနဲ႔သာကူးလာခဲ့တယ္။

သူထင္သလို ေဒၚေအာင္ဆန္းစုၾကည္ဦးေဆာင္တဲ့ NLD အစိုးဟာ သူ႔ကိုလူရာသြင္းမလားဆိုေမွ်ာ္လင့္ခ်က္ေတြကို ဥေပကၡာျပဳခဲ့ပါတယ္။သူရဲ႕ သမိုင္းဆိုးနဲ႔ သူဘဝနဲ႔ထိုက္တန္တဲ့အရာက ယေန႔အာဏာသိမ္းေကာင္စီလက္ထက္မွမဟုတ္ဘဲ ယခင္စစ္အစိုးရလက္ထက္တည္းကလက္ကိုင္တုတ္ စြမ္းအားရွင္ ေခတ္စကားအရ အဘေဘာမ အျဖစ္ရပ္တည္လာခဲ့တာဘဲ။Chittmyo

Credit