ၾကားသိရသမွ်

မြန်မာပြည်သူများရဲ့ ပြစ်တင်သော စာရင်းတွင် ထိပ်ဆုံးမှပါဝင်လာတဲ့တရုတ်နှင့် ရုရှား အပြင်အိမ်နီးချင်းများ

မြန်မာပြည်သူများရဲ့ ပြစ်တင်သော စာရင်းတွင် ထိပ်ဆုံးမှပါဝင်လာတဲ့တရုတ်နှင့် ရုရှား အပြင်အိမ်နီးချင်းများ

အဖြေမှာ လွန်စွာ ရှင်းလင်းလှသည်။တရုတ် နှင့် ရုရှားအပြင် မြန်မာ့ အိမ်နီးချင်များသည် မြန်မာပြည်သူများက ဖွင့်ချ အပြစ်တင်သော စာရင်းတွင် ထိပ်ဆုံးမှ ပါဝင်ကြမည်ဖြစ်သည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ရုရှားသို့ တပတ်ခန့်ကြာ သွားရောက်ပြီးနောက် တနင်္ဂနွေနေ့ညတွင် မြန်မာနိုင်ငံသို့ ပြန်လာသည်။

ထိုခရီးအတွင်း သူက ရုရှားသည် မြန်မာ၏ ထာဝရမိတ်ဆွေဟု ချီးကျူးသည်။ နှစ်နိုင်ငံအကြား စစ်ဖက်ဆက်ဆံရေးကြောင့် အာ ဏာသိမ်းခေါင်းဆောင်သည် ထိုစကားကိုပြောသည်။

ထို့အပြင် ရုရှားသည်တရုတ်ပြီးလျှင် မြန်မာ သို့လက်နက်ရောင်းချမှု ဒုတိယ အများဆုံး နိုင်ငံဖြစ်ပြီး မော်စကိုနှင့်

ဘေ့ဂျင်းတို့သည် စစ်အာဏာသ်ိမ်းမှုကို မရှုတ်ချရုံသာမက စစ်ကောင်စီကို ကုလသ မဂ္ဂ အရေးယူမှုများမှ သံတမန်ရေး အကာ အ ကွယ် ဆက်လက်ပေးကြသည်။

ဒေသတွင်းတွင် ထိုင်း၊ အိန္ဒိယကဲ့သို့သော အိမ်နီးချင်းများသည်လည်း စစ်အာဏာ သိမ်းမှုနှင့်ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေကြသည်။

တရုတ်ပြီးလျှင် မြန်မာ၏အကြီးမားဆုံး အိမ်နီးချင်းနှင့် ကမ္ဘာ့အကြီးမားဆုံး ဒီမိုကရေစီနိုင်ငံဖြစ်သော အိန္ဒိယ ရေငုံနှုတ်ပိတ်နေခြင်းမှာ မြန်မာစစ်တပ်နှင့်

စစ်ဖက်ဆက်ဆံရေးအပြင် အာဏာသိမ်းခေါင်းဆောင်နှင့် အိန္ဒိယဝန်ကြီးချုပ် နာရန်ဒရာ မိုဒီအကြား ကောင်းမွန်သော ဆက်ဆံရေးကြောင့်ဖြစ်သည်ဟု ဆိုနိုင်သည်။

ထိုင်းနိုင်ငံသည်လည်း အလားတူပင်ဖြစ် သည်။ ထိုင်းဒုတိယ ဝန်ကြီးချုပ် ပရာဝစ် ဝေါင်ဆူဝန်က ခေါင်းရှောင်သော နည်းကို သုံးပြီး မြန်မာမှ စစ်အာဏာသိမ်းမှုသည် ပြည်တွင်းရေး ကိစ္စသာဖြစ်ကြောင်း ပြောသည်။

မြန်မာန်ိုင်ငံသို့ လက်နက်ရောင်းချမှု ပိတ်ပင်ရန်တောင်းဆိုသည့် ဆုံးဖြတ်ချက်ကို ကုလ သမဂ္ဂအထွေထွေညီလာခံတွင် အိန္ဒိယနှင့် ထိုင်းတို့က မဲမပေးဘဲ စစ်ကောင်စီ ရာဇ ဝတ်မှုများတွင် ကြံရာပါလုပ်ခဲ့သည်ကိုလည်း မှတ်သားသင့်ပေသည်။

Source Irrawaddy