ၾကားသိရသမွ်

ရန်ကုန်ကို မကြာခင် ကျိန်းသေ ပြန်လာတော့မယ်လို့ သတိပေးပြောကြားလိုက်တဲ့ PDF တပ်ဖွဲ့ဝင်များရဲ့ ဗီဒီယိုဖိုင်

ဒီမိုကရေစီ အစစ်အမှန်ကို လိုချင်ကြတဲ့ နိုင်ငံသားတိုင်းမှာ မြန်မာနိုင်ငံက ပြည်သူ ပြည်သားတွေလည်း အပါအဝင်ပါပဲ ။ ဒါကြောင့်လည်း ရုတ်တရက် အာဏာသိမ်းခံလိုက်ရတဲ့ အချိန်မှာ ပြည်သူတိုင်း လမ်းမပေါ်ထွက်ကာ ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ ။

ဒီလိုတွေ အချိန်ကာလ တစ်ခုအထိ ဆန္ဒထုတ်ဖော်ခဲ့ကြပေမယ့် မထူးခြားလာတဲ့ အခြေအနေတွေမှာ စိတ်ဆန္ဒပြင်းပြတဲ့ လူငယ်တွေကတော့ အရဲစွန့်ပြီး လွတ်မြောက်နယ်မြေတွေကို သွားကာ လက်နက်ကိုင် တိုက်ခိုက်ဖို့ စစ်ပညာရပ်တွေကို သင်ယူနေကြပါပြီ ။

လူငယ်လေးတွေ အနေနဲ့လည်း ဒီတော်လှန်ရေးကြီးမှာ အရာရာပေးဆပ်ခဲ့ကြရတာပါ ။ (၅၀၅) စာရင်းပါလို့ ထွက်ပြေးတိမ်ရှောင်ရင်း အဆင်မပြေမှုတွေကို ခါးစည်းခံရင်း တက်သစ်စ သူတို့ရဲ့ ဘဝတွေကို ရင်းခဲ့ကြရပါတယ် ။

တစ်ချို့ကလည်း သူတို့ရဲ့ အသက်တွေကို ပေးဆပ် သွားသည်အထိ ခုခံတိုက်ပွဲ ဝင်ခဲ့ကြတာပါ ။ ခုဆိုရင် လွတ်မြောက်နယ်မြေက လူငယ်လေးတွေက သူတို့သက်ဆိုင်ရာ မြို့နယ်တွေ ၊ ဒေသတွေနဲ့ ပြည်သူတွေကို ကာကွယ်ဖို့ တိုက်ရေး ခိုက်ရေးတွေကို ပြင်းပြင်ထန်ထန်လေ့ကျင့်နေကြပါတယ် ။

ခုလည်း လွတ်မြောက်နယ်မြေ တစ်ခုကိုရောက်ရှိနေတဲ့ PDF လူငယ်လေးတွေက ရန်ကုန်ကို မကြာခင်မှာ အရောက်လာတော့မယ့်အကြောင်းကို ဗီဒီယိုလေး ရိုက်ကာ အသိပေးပြောကြားထားတာတွေ့ရပါတယ် ။

ဗီဒီယိုလေးနဲ့ အတူ ” တရားသောစစ်ကို တိုက်ဖို့အတွက် ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိပဲ ယုံကြည်ချက်အပြည့်နဲ့ အခုဆော်ခွင့်ရရင်တောင် ဆော်မယ့် တက်ကြွသော အသံ… အတွေ့အကြုံသာ နုပြီး အသက်သာ ငယ်ရင် ငယ်မယ်.. သို့သော် စိတ်ဓာတ်နဲ့ ခံယူချက်မှာ လားလားမှ ဖက်ဆစ်တပ်နဲ့ ယှဉ်လို့ကိုမရတာ..

တစ်နေ့ ရောက်ရှိလာမယ့် ဒို့တွေ အားလုံးစောင့်မျှော်နေတဲ့ ရက်အတွက် မြို့ပေါ်မှပြည်သူတွေလည်း စိတ်လှုပ်ရှားစွာ နိုင်ရာဝန်ထမ်းပေးဖို့ အသင့်ပါပဲ။” ဆိုပြီး ပြောကြားထားရာ ပရိသတ်ကြီးလည်း လူငယ်လေးတွေရဲ့ ပြင်းထန် ခိုင်မာတဲ့ စိတ်ဓာတ်တွေကို သိရှိနိုင်စေရန် ပြန်လည်ဝေမျှပေးလိုက်ပါတယ် ။

&;