က်မၼာေရး ဗဟုသုတ

သွားဖုံးနာခြင်း၊ ရောင်ခြင်းကို သက်သာစေတဲ့ အလွယ်နည်းများ

သွားဖုံးနာခြင်း၊ ရောင်ခြင်းကို သက်သာစေတဲ့ အလွယ်နည်းများ

သွားဖုံးနာခြင်း၊ ရောင်ခြင်းခံစားရရင် အိမ်မှာတင် အလွယ်တကူ သက်သာအောင်ပြုလုပ်နိုင်တဲ့နည်းများကို ဖော်ပြပေးလိုက်ပါတယ်။

သွားဖုံးနာခြင်း နှင့် ရောင်ခြင်းကို သက်သာလျော့ပါးစေဖို့အတွက် ဆားရည်နှင့် မိနစ်ဝက်လောက် ပလုတ်ကျင်းပါ။

ဆားလက်ဖက်ရည် ဇွန်းတစ်ဇွန်းစာကို ရေနွေးတစ်ဖန်ခွက်ထဲ ထည့်မွှေပါ။

ဆားရည်အစား ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ်ဖျော်ရည် (Hydrogen Peroxide) နှင့်လည်း ပလုတ်ကျင်းနိုင်ပါတယ်။

ဟိုက်ဒြိုဂျင်ပါရောက်ဆိုဒ် ဖျော်ရည်တစ်ဆ၊ ရေနွေးတစ်ဆ ရောထားတဲ့ ဖျော်ရည်ကို သုံးပါ။

နာနေတဲ့ သွားဖုံးနေရာမှာ တစ်ခါသောက် လက်ဖက်ခြောက်ထုပ် (Tea bag) ကပ်ထားပါ။ ထိုလက်ဖက်ခြောက်ထဲမှာ Tannic acid ပါဝင်တယ်။ ထိုဓာတ်ပစ္စည်းက အစွမ်းထက်တဲ့ ချုပ် ဆေးဖြစ်တဲ့အတွက် အရောင်ကျစေပြီး သွေးတိတ်စေတယ်။ သွေးထွက်နေပြီး ရောင်နေသေးတယ်ဆိုရင် လက်ဖက်ခြောက်အိတ်ငယ်ကို ခေါက်ချိုးချိုးပြီး သွားများနှင့် ကိုက်ထားပါ။

ပိတ်စနှင့်ထုပ်ထားတဲ့ ရေခဲကြပ်ထုပ်ကို နာနေတဲ့နေရာအနီး ပါးပြင်ပေါ် အုံပေးပါ။ ရေခဲက အရောင်ကျစေပြီး အအေးဓာတ်က ထုံဆေးလို ဆောင်ရွက်ပေးကာ အနာသက်သာစေပါတယ်။

သြားဖုံးနာျခင္း၊ ေရာင္ျခင္းကို သက္သာေစတဲ့ အလြယ္နည္းမ်ား

သြားဖုံးနာျခင္း၊ ေရာင္ျခင္းခံစားရရင္ အိမ္မွာတင္ အလြယ္တကူ သက္သာေအာင္ျပဳလုပ္နိုင္တဲ့နည္းမ်ားကို ေဖာ္ျပေပးလိုက္ပါတယ္။

သြားဖုံးနာျခင္း ႏွင့္ ေရာင္ျခင္းကို သက္သာေလ်ာ့ပါးေစဖို႔အတြက္ ဆားရည္ႏွင့္ မိနစ္ဝက္ေလာက္ ပလုတ္က်င္းပါ။

ဆားလက္ဖက္ရည္ ဇြန္းတစ္ဇြန္းစာကို ေရေႏြးတစ္ဖန္ခြက္ထဲ ထည့္ေမႊပါ။

ဆားရည္အစား ဟိုက္ၿဒိဳဂ်င္ပါေရာက္ဆိုဒ္ေဖ်ာ္ရည္ (Hydrogen Peroxide) ႏွင့္လည္း ပလုတ္က်င္းနိုင္ပါတယ္။

ဟိုက္ၿဒိဳဂ်င္ပါေရာက္ဆိုဒ္ ေဖ်ာ္ရည္တစ္ဆ၊ ေရေႏြးတစ္ဆ ေရာထားတဲ့ ေဖ်ာ္ရည္ကို သုံးပါ။

နာေနတဲ့ သြားဖုံးေနရာမွာ တစ္ခါေသာက္ လက္ဖက္ေျခာက္ထုပ္ (Tea bag) ကပ္ထားပါ။ ထိုလက္ဖက္ေျခာက္ထဲမွာ Tannic acid ပါဝင္တယ္။ ထိုဓာတ္ပစၥည္းက အစြမ္းထက္တဲ့ ခ်ဳပ္ ေဆးျဖစ္တဲ့အတြက္ အေရာင္က်ေစၿပီး ေသြးတိတ္ေစတယ္။ ေသြးထြက္ေနၿပီး ေရာင္ေနေသးတယ္ဆိုရင္ လက္ဖက္ေျခာက္အိတ္ငယ္ကို ေခါက္ခ်ိဳးခ်ိဳးၿပီး သြားမ်ားႏွင့္ ကိုက္ထားပါ။

ပိတ္စႏွင့္ထုပ္ထားတဲ့ ေရခဲၾကပ္ထုပ္ကို နာေနတဲ့ေနရာအနီး ပါးျပင္ေပၚ အုံေပးပါ။ ေရခဲက အေရာင္က်ေစၿပီး အေအးဓာတ္က ထုံေဆးလို ေဆာင္ရြက္ေပးကာ အနာသက္သာေစပါတယ္။