သတင္း

မသင္းသင္းကို မမွန္မကန္လိမ္လည္ထြက္ဆိုမႈျဖင့္ အေရးယူေပးရန္ ႐ုံးေတာ္တြင္ ေလၽွာက္ထားလိုက္ၿပီ

ဦးေဝဠဳေက်ာ္ေရွ႕ေနမွ မသင္းသင္းဦးအား မမွန္မကန္လိမ္လည္ ထြက္ဆိုမႈျဖင့္ အေရးယူေပးရန္ ႐ုံးေတာ္တြင္ေလၽွာက္ထားလိုက္ၿပီ….

မသင္းသင္းမွတျခားအမ်ိဳးသား တဦးကိုလည္း ကာမလိမ္လည္မႈနဲ႔ တရား စြဲခဲ့ဘူးတဲ့ အေတြ႕အၾကဳံရွိသူ ျဖစ္ေန

မသင္းသင္းဦး VS ကိုေဝဠဳေက်ာ္

ျပန္လွန္စစ္ေမးျခင္း (ဒုတိယ) အႀကိမ္ကိုေဝဠဳေက်ာ္၏ ေရွ႕ေနမွ မသင္းသင္းဦးအား စစ္ေမးခ်က္မ်ား ယခင္ ႐ုံးခ်ိန္းမွအဆက္

ေရွ႕ေနေမး ….စာမ်က္ႏွာ ၂၅၄ မွ ၈၃၉ ထိသက္ေသခံအျဖစ္တင္ျပထားေသာသက္ေသခံ (ည) (ဋ) (ဌ) အသံဖိုင္မ်ား အနက္က်န္ရွိေသာစာမ်က္ႏွာ ၂၅၄ မွ ၈၃၉ ထိ အသံဖိုင္မ်ားတြင္လည္း ကိုေဝဠဳေက်ာ္ မွ က်မအားလက္ထက္ေပါင္းသင္းပါမည္ ဟု ကတိေပးေျပာၾကားထားသည့္ စကားရပ္မ်ား ပါဝင္ျခင္း မရွိဆိုလၽွင္

မသင္းသင္းဦးေၿဖ …..ပါပါသည္

ေရွ႕ေနေမး ……ကိုေဝဠဳေက်ာ္ မွ မည္သည့္ ေန႔ရက္တြင္ လက္ထပ္ေပါင္းသင္းပါမည္ဟု ကတိေပးစကားပါေသာ စာမ်က္ႏွာ အား အတိအက်ေဖာ္ျပပါဆိုလၽွင္

မသင္းသင္းဦးေျဖ…….စာမ်က္နာ(၁)မွ ၈၀၀ ေက်ာ္ထိတင္သြင္းထားသည္ သက္ေသအသံဖိုင္ စာသားမ်ားတြင္ က်မအားယူမည္ဟု အဓိပၸါယ္ေရာက္ေသာစကားမ်ားစြာပါပါသည္ မင္းနဲ႔ ငါ နဲ႔ ယူဖို႔အခ်ိန္ယူရအုံးမယ္ လို႔ ေျပာထားသည္ မ်ားရွိပါသည္ ေဝဠဳေက်ာ္ ႏွင့္က်မ ဟိုတယ္တြင္ ပထမဆုံးေတြ႕သည့္ေန႔က ေဝဠဳေက်ာ္က က်မ၏ ကာမကို ရယူၿပီးေနာက္ လက္ထပ္ယူမည္ ဟုေျပာသျဖင့္ ၎ အေပၚ မုဒိန္းမႈ႔ျဖင့္တရားမစြဲ ခဲ့ျခင္းျဖစ္ပါသည္..

ေရွ႕ေနေမး……..မသင္းသင္းဦး အေနျဖင့္ ကိုေဝဠဳေက်ာ္ကမသင္းသင္းဦးအားလက္ထပ္ေပါင္းသင္းပါမည္ ဟုေသာကတိေပးေျပာစကားအား မသင္းသင္းဦး ၏ ထြက္ ဆိုခ်က္ မ်ားမွလြဲ၍ အျခားသက္ေသထင္ရွား ျပသနိုင္ျခင္းမရွိဟုဆိုလၽွင္

မသင္းသင္းဦးေျဖ…….ရွိပါသည္ ႐ုံးတြင္တင္ျပထားသည့္ စာရြက္ စာတမ္းမ်ားျဖစ္ပါသည္…

ေရွ႕ေနေမး……..မသင္းသင္းဦးအေနျဖင့္ ကိုေဝဠဳေက်ာ္ႏွင့္မေတြ႕ဆုံစဥ္က လူငယ္သဘာဝ ခ်စ္သူရည္းစားထားခဲ့ဖူးပါသလားဆိုလၽွင္

မသင္းသင္းဦးေၿဖ …… ထားခဲ့ဖူးပါသည္ အိမ္ေထာင္သည္မဟုတ္၍ျဖစ္ပါသည္

ေရွ႕ေနေမး…….၎ရည္းစားမ်ားႏွင့္ အိမ္ေထာင္ျပဳဖို႔ ထိရည္ရြယ္၍ခ်စ္ႀကိဳက္ခဲ့ၾကပါသလားလို႔ ဆိုလၽွင္ ဟုေမးရာ

သင္းသင္း၏ေရွ႕ေနမွကန႔္ကြက္ခဲ့ပါသည္႐ုံးေတာ္မွ အမႈႏွင့္ဆက္စပ္ေန၍ ဆက္လက္ေမးျမန္းရန္ခြင့္ျပဳမိန႔္ခ်ခဲ့ပါသည္

ေရွ႕ေနျပန္ေမး… ၎ရည္းစားမ်ားႏွင့္အိမ္ေထာင္ျပဳဖို႔ထိရည္ရြယ္၍ခ်စ္ႀကိဳက္ခဲ့ၾကပါသလားလို႔ဆိုလၽွင္ ဟုျပန္လည္ေမးရာ

မသင္းသင္းဦးေျဖ………လက္ထပ္ဖို႔ရည္ရြယ္၍ခ်စ္ခဲ့သူမ်ားျဖစ္ပါသည္

ေရွ႕ေနေမး ………ထိုသူမ်ားအားလက္ထပ္ေပါင္းသင္းရန္ရည္ရြယ္၍ခ်စ္ခဲ့ေသာ္လည္းထိုသူမ်ားႏွင့္ေပါင္းသင္းရျခင္းမရွိခဲ့၍ထိုရည္းစားေဟာင္းမ်ားအားတရားစြဲဆိုခဲ့ျခင္းရွိခဲ့ဖူးပါသလားဆိုလၽွင္…?

မသင္းသင္းဦးေျဖ……..တရားစြဲဆိုဖူးတာရွိပါသည္

ေရွ႕ေန႔ေမး…….ဘယ္ႏွစ္ေယာက္ခန႔္ရွိလည္းဟုဆိုလၽွင္

မသင္းသင္းဦးေျဖ……တစ္ေယာက္ပါ

ေရွ႕ေနေမး……..မသင္းသင္းဦးစြဲဆိုခဲ့သည့္တရားခံမွာကိုေမာင္စိုးျဖစ္ၿပီး ေရနံေခ်ာင္းၿမိဳ႕ တရား႐ုံး၏ ၂၀၁၁ ခုႏွစ္ျပစ္မႈ႔ႀကီးအမွတ္ ၂၃၆ ျဖစ္သည္ဟုဆိုလၽွင္

မသင္းသင္းဦးေျဖ……မွန္ပါသည္

ေရွ႕ေနေမး……..ကိုေမာင္စိုး အား ကာမလိမ္လည္ရယူမႈ႔ ၄၁ရျဖင့္ တရားစြဲ ၿပီးေနာက္ အျခားမည္သည့္အမႈျဖင့္တရားစြဲ ဆိုခဲ့ေသးလည္ဆိုလၽွင္ဟု ေမးေသာအခါ သင္းသင္းေရွ႕ေနမွကန႔္ကြက္ျပန္ပါသည္႐ုံးေတာ္မွ အမႈႏွင့္ စပ္ဆက္ေနေသာေၾကာင့္ခြင့္ျပဳလိုက္သည္

ေရွ႕ေနျပန္ေမး…ကိုေမာင္စိုးအားကာမလိမ္လည္ရယူမႈ႔ ၄၁၇ ျဖင့္ တရားစြဲၿပီးေနာက္အျခားမည္သည့္အမႈ႔ျဖင့္ တရားစြဲဆို ခဲ့ေသးလည္ဆိုလၽွင္

မသင္းသင္းဦးေျဖ,…….အျခားမည္သည့္အမမႈႏွင့္မွစြဲဆိုခဲ့ျခင္းမရွိပါ ကိုေမာင္စိုး အားစြဲဆိုမႈ႔ ၄၁၇ အမႈတြင္က်မနိုင္ခဲ့ပါသည္အျခား အမႈနဲ႔စြဲဆိုခဲ့ျခင္းမရွိပါ

ေရွ႕ေနေမး…..မသင္းသင္းဦးအေနျဖင့္ ႐ုံးေတာ္ေရွ႕တြင္က်မ္း သစၥာကိုင္၍ထြက္ဆိုေနၿပီး လိမ္လည္ထြက္ဆိုပါက်မ္းသစၥာပါအတိုင္းက်မ္းစူးမည့္အျပင္႐ုံးေတာ္ေရွ႕တြင္လည္းမမွန္မကန္သက္ေသခံမႈ႔ျဖင့္ တရားစြဲဆိုခံရမည္ကို သိပါသလားဟုဆိုလၽွင္

မသင္းသင္းဦးေျဖ……သိပါသည္

ေရွ႕ေနေမး……မသင္းသင္းဦးအေနျဖင့္ ကိုေမာင္စိုးအားကာမလိမ္လည္ရယူမႈ႔စြဲဆိုၿပီးေနာက္ထိုအမႈ႔အနိုင္ရရွိခဲ့ၿပီး ကိုေမာင္စိုး အေပၚတြင္ ေလၽွာ္ေၾကးေငြ သိန္း၃၀ က်ပ္ ေလၽွာ္ေၾကးရလိုေၾကာင္းတရားစြဲဆိုခဲ့ပါသလားဆိုလၽွင္

မသင္းသင္းဦးေျဖ…….လုံးဝစြဲဆိုခဲ့ျခင္းမရွိပါ

ေရွ႕ေနေမး……..မသင္းသင္းဦးသည္ေရနံေခ်ာင္းတရား႐ုံး၏၂၀၁၂ခုႏွစ္ တရားမႀကီးမႈ႔ အမွတ္ ၄၁၇ အမႈ႔တြင္တရားလိုမသင္းသင္းဦး၏ ခြင့္ရကိုစားလွယ္ ဦးတင္စိုး ႏွင့္ တရားၿပိဳင္ ကိုေမာင္စိုး (ခ) ကိုျမင့္စိုး အား ေလၽွာ္ေၾကးေငြက်ပ္ သိန္း ၃၀ ေလၽွာ္ေၾကးရလိုမႈ႔စြဲခဲ့ရာတြင္လည္းအနိုင္ဒီဂရီ ရရွိခဲ့သည္ဟုဆိုလၽွင္

မသင္းသင္းဦးေျဖ…….အဆိုပါအမႈကို က်မစြဲခဲ့ျခင္းမရွိပါ

ထိုအခ်ိန္တြင္ ကိုေဝဠဳေက်ာ္ ၏ ေရွ႕ေန မွ ထိုအမႈ႔၏မိတၱဴ မွန္ စီရင္ခ်က္ အား ႐ုံးေတာ္ သို႔ သက္ေသ အျဖစ္တင္သြင္းရာ မသင္းသင္းဦး ၏ေရွ႕ေန မ်ားမွကန႔္ကြက္ျခင္းမရွိသျဖင့္ ႐ုံးေတာ္ မွသက္ေသခံအျဖစ္ လက္ခံသည္…

တစ္ဆက္တည္း……ကိုေဝဠဳေက်ာ္၏ ေရွ႕ေန မွ႐ုံးေတာ္ ၏ေရွ႕တြင္ မမွန္မကန္ထိန္ခ်န္ထြက္ဆိုေနေသာ မသင္းသင္းဦးအား အေရးယူေပးပါရန္ေလၽွာက္ထားခဲ့သည္….

ယေန႔႐ုံးခ်ိန္းဤတြင္ ၿပီးဆုံး၏ေနာက္အပတ္႐ုံးခ်ိန္းတြင္ ဆက္လက္ေဖာ္ျပပါမည္…

ဟန္ၿငိမ္းဦးဆီမွ ကူးယူေဖာ္ျပျခင္းျဖစ္သည္

Credit to ဟန္ၿငိမ္းဦး

unicode

ဦးဝေဠုကျော်ရှေ့နေမှ မသင်းသင်းဦးအား မမှန်မကန်လိမ်လည် ထွက်ဆိုမှုဖြင့် အရေးယူပေးရန် ရုံးတော်တွင်လျှောက်ထားလိုက်ပြီ….

မသင်းသင်းမှတခြားအမျိုးသား တဦးကိုလည်း ကာမလိမ်လည်မှုနဲ့ တရား စွဲခဲ့ဘူးတဲ့ အတွေ့အကြုံရှိသူ ဖြစ်နေ

မသင်းသင်းဦး VS ကိုဝေဠုကျော်

ပြန်လှန်စစ်မေးခြင်း (ဒုတိယ) အကြိမ်ကိုဝေဠုကျော်၏ ရှေ့နေမှ မသင်းသင်းဦးအား စစ်မေးချက်များ ယခင် ရုံးချိန်းမှအဆက်

ရှေ့နေမေး ….စာမျက်နှာ ၂၅၄ မှ ၈၃၉ ထိသက်သေခံအဖြစ်တင်ပြထားသောသက်သေခံ (ည) (ဋ) (ဌ) အသံဖိုင်များ အနက်ကျန်ရှိသောစာမျက်နှာ ၂၅၄ မှ ၈၃၉ ထိ အသံဖိုင်များတွင်လည်း ကိုဝေဠုကျော် မှ ကျမအားလက်ထက်ပေါင်းသင်းပါမည် ဟု ကတိပေးပြောကြားထားသည့် စကားရပ်များ ပါဝင်ခြင်း မရှိဆိုလျှင်

မသင်းသင်းဦးဖြေ …..ပါပါသည်

ရှေ့နေမေး ……ကိုဝေဠုကျော် မှ မည်သည့် နေ့ရက်တွင် လက်ထပ်ပေါင်းသင်းပါမည်ဟု ကတိပေးစကားပါသော စာမျက်နှာ အား အတိအကျဖော်ပြပါဆိုလျှင်

မသင်းသင်းဦးဖြေ…….စာမျက်နာ(၁)မှ ၈၀၀ ကျော်ထိတင်သွင်းထားသည် သက်သေအသံဖိုင် စာသားများတွင် ကျမအားယူမည်ဟု အဓိပ္ပါယ်ရောက်သောစကားများစွာပါပါသည် မင်းနဲ့ ငါ နဲ့ ယူဖို့အချိန်ယူရအုံးမယ် လို့ ပြောထားသည် များရှိပါသည် ဝေဠုကျော် နှင့်ကျမ ဟိုတယ်တွင် ပထမဆုံးတွေ့သည့်နေ့က ဝေဠုကျော်က ကျမ၏ ကာမကို ရယူပြီးနောက် လက်ထပ်ယူမည် ဟုပြောသဖြင့် ၎င်း အပေါ် မုဒိန်းမှု့ဖြင့်တရားမစွဲ ခဲ့ခြင်းဖြစ်ပါသည်..

ရှေ့နေမေး……..မသင်းသင်းဦး အနေဖြင့် ကိုဝေဠုကျော်ကမသင်းသင်းဦးအားလက်ထပ်ပေါင်းသင်းပါမည် ဟုသောကတိပေးပြောစကားအား မသင်းသင်းဦး ၏ ထွက် ဆိုချက် များမှလွဲ၍ အခြားသက်သေထင်ရှား ပြသနိုင်ခြင်းမရှိဟုဆိုလျှင်

မသင်းသင်းဦးဖြေ…….ရှိပါသည် ရုံးတွင်တင်ပြထားသည့် စာရွက် စာတမ်းများဖြစ်ပါသည်…

ရှေ့နေမေး……..မသင်းသင်းဦးအနေဖြင့် ကိုဝေဠုကျော်နှင့်မတွေ့ဆုံစဉ်က လူငယ်သဘာဝ ချစ်သူရည်းစားထားခဲ့ဖူးပါသလားဆိုလျှင်

မသင်းသင်းဦးဖြေ …… ထားခဲ့ဖူးပါသည် အိမ်ထောင်သည်မဟုတ်၍ဖြစ်ပါသည်

ရှေ့နေမေး…….၎င်းရည်းစားများနှင့် အိမ်ထောင်ပြုဖို့ ထိရည်ရွယ်၍ချစ်ကြိုက်ခဲ့ကြပါသလားလို့ ဆိုလျှင် ဟုမေးရာ

သင်းသင်း၏ရှေ့နေမှကန့်ကွက်ခဲ့ပါသည်ရုံးတော်မှ အမှုနှင့်ဆက်စပ်နေ၍ ဆက်လက်မေးမြန်းရန်ခွင့်ပြုမိန့်ချခဲ့ပါသည်

ရှေ့နေပြန်မေး… ၎င်းရည်းစားများနှင့်အိမ်ထောင်ပြုဖို့ထိရည်ရွယ်၍ချစ်ကြိုက်ခဲ့ကြပါသလားလို့ဆိုလျှင် ဟုပြန်လည်မေးရာ

မသင်းသင်းဦးဖြေ………လက်ထပ်ဖို့ရည်ရွယ်၍ချစ်ခဲ့သူများဖြစ်ပါသည်

ရှေ့နေမေး ………ထိုသူများအားလက်ထပ်ပေါင်းသင်းရန်ရည်ရွယ်၍ချစ်ခဲ့သော်လည်းထိုသူများနှင့်ပေါင်းသင်းရခြင်းမရှိခဲ့၍ထိုရည်းစားဟောင်းများအားတရားစွဲဆိုခဲ့ခြင်းရှိခဲ့ဖူးပါသလားဆိုလျှင်…?

မသင်းသင်းဦးဖြေ……..တရားစွဲဆိုဖူးတာရှိပါသည်

ရှေ့နေ့မေး…….ဘယ်နှစ်ယောက်ခန့်ရှိလည်းဟုဆိုလျှင်

မသင်းသင်းဦးဖြေ……တစ်ယောက်ပါ

ရှေ့နေမေး……..မသင်းသင်းဦးစွဲဆိုခဲ့သည့်တရားခံမှာကိုမောင်စိုးဖြစ်ပြီး ရေနံချောင်းမြို့ တရားရုံး၏ ၂၀၁၁ ခုနှစ်ပြစ်မှု့ကြီးအမှတ် ၂၃၆ ဖြစ်သည်ဟုဆိုလျှင်

မသင်းသင်းဦးဖြေ……မှန်ပါသည်

ရှေ့နေမေး……..ကိုမောင်စိုး အား ကာမလိမ်လည်ရယူမှု့ ၄၁ရဖြင့် တရားစွဲ ပြီးနောက် အခြားမည်သည့်အမှုဖြင့်တရားစွဲ ဆိုခဲ့သေးလည်ဆိုလျှင်ဟု မေးသောအခါ သင်းသင်းရှေ့နေမှကန့်ကွက်ပြန်ပါသည်ရုံးတော်မှ အမှုနှင့် စပ်ဆက်နေသောကြောင့်ခွင့်ပြုလိုက်သည်

ရှေ့နေပြန်မေး…ကိုမောင်စိုးအားကာမလိမ်လည်ရယူမှု့ ၄၁၇ ဖြင့် တရားစွဲပြီးနောက်အခြားမည်သည့်အမှု့ဖြင့် တရားစွဲဆို ခဲ့သေးလည်ဆိုလျှင်

မသင်းသင်းဦးဖြေ,…….အခြားမည်သည့်အမမှုနှင့်မှစွဲဆိုခဲ့ခြင်းမရှိပါ ကိုမောင်စိုး အားစွဲဆိုမှု့ ၄၁၇ အမှုတွင်ကျမနိုင်ခဲ့ပါသည်အခြား အမှုနဲ့စွဲဆိုခဲ့ခြင်းမရှိပါ

ရှေ့နေမေး…..မသင်းသင်းဦးအနေဖြင့် ရုံးတော်ရှေ့တွင်ကျမ်း သစ္စာကိုင်၍ထွက်ဆိုနေပြီး လိမ်လည်ထွက်ဆိုပါကျမ်းသစ္စာပါအတိုင်းကျမ်းစူးမည့်အပြင်ရုံးတော်ရှေ့တွင်လည်းမမှန်မကန်သက်သေခံမှု့ဖြင့် တရားစွဲဆိုခံရမည်ကို သိပါသလားဟုဆိုလျှင်

မသင်းသင်းဦးဖြေ……သိပါသည်

ရှေ့နေမေး……မသင်းသင်းဦးအနေဖြင့် ကိုမောင်စိုးအားကာမလိမ်လည်ရယူမှု့စွဲဆိုပြီးနောက်ထိုအမှု့အနိုင်ရရှိခဲ့ပြီး ကိုမောင်စိုး အပေါ်တွင် လျှော်ကြေးငွေ သိန်း၃၀ ကျပ် လျှော်ကြေးရလိုကြောင်းတရားစွဲဆိုခဲ့ပါသလားဆိုလျှင်

မသင်းသင်းဦးဖြေ…….လုံးဝစွဲဆိုခဲ့ခြင်းမရှိပါ

ရှေ့နေမေး……..မသင်းသင်းဦးသည်ရေနံချောင်းတရားရုံး၏၂၀၁၂ခုနှစ် တရားမကြီးမှု့ အမှတ် ၄၁၇ အမှု့တွင်တရားလိုမသင်းသင်းဦး၏ ခွင့်ရကိုစားလှယ် ဦးတင်စိုး နှင့် တရားပြိုင် ကိုမောင်စိုး (ခ) ကိုမြင့်စိုး အား လျှော်ကြေးငွေကျပ် သိန်း ၃၀ လျှော်ကြေးရလိုမှု့စွဲခဲ့ရာတွင်လည်းအနိုင်ဒီဂရီ ရရှိခဲ့သည်ဟုဆိုလျှင်

မသင်းသင်းဦးဖြေ…….အဆိုပါအမှုကို ကျမစွဲခဲ့ခြင်းမရှိပါ

ထိုအချိန်တွင် ကိုဝေဠုကျော် ၏ ရှေ့နေ မှ ထိုအမှု့၏မိတ္တူ မှန် စီရင်ချက် အား ရုံးတော် သို့ သက်သေ အဖြစ်တင်သွင်းရာ မသင်းသင်းဦး ၏ရှေ့နေ များမှကန့်ကွက်ခြင်းမရှိသဖြင့် ရုံးတော် မှသက်သေခံအဖြစ် လက်ခံသည်…

တစ်ဆက်တည်း……ကိုဝေဠုကျော်၏ ရှေ့နေ မှရုံးတော် ၏ရှေ့တွင် မမှန်မကန်ထိန်ချန်ထွက်ဆိုနေသော မသင်းသင်းဦးအား အရေးယူပေးပါရန်လျှောက်ထားခဲ့သည်….

ယနေ့ရုံးချိန်းဤတွင် ပြီးဆုံး၏နောက်အပတ်ရုံးချိန်းတွင် ဆက်လက်ဖော်ပြပါမည်…

ဟန်ငြိမ်းဦးဆီမှ ကူးယူဖော်ပြခြင်းဖြစ်သည်

Credit to ဟန်ငြိမ်းဦး