1998ခုနှစ်တွင်မှန်ကန်မှုကြောင့်လက္ခဏာကြည့်ပရိသတ်၏ရ၅%.ထောက်ခံမှုကိုရရှိထားပြီး၊ထိပ်သီးပုဂ္ဂိုလ်များ၊အရာရှိကြီးများ၊သူဌေးကြီးများ၊အောင်မြင်နေသော အနှပညာရှင်များဆရာတ်ာကြီးများ၏ထောက်ခံအားပေးမှုလက်မှတ်များကိုရရှိထားသောလက္ခဏာဆရာဖြစ်သည်။
unicode
သိန်းသောင်းချီပိုင်ဆိုင်နိုင်သော တနင်္ဂနွေဂြိုလ်ခုံပေါ်ကငါးရုပ်
(မြန်မာနိုင်ငံလက္ခဏာဆရာလောကတွင်) လက္ခဏာပညာရပ်ကိုအသက်အငယ်ဆုံး အောင်မြင်ခဲ့ပြီးလက္ခဏာကြည့်ပရိသတ်၏ ၇၅%ထောက်ခံချက်ကိုရရှိထားကာ လက္ခဏာတွင် ထီပေါက်ကံပါလာပါက ထီပေါက်သူ အများဆုံးရွေးထုတ်ပေး သောဆရာဖြစ်သည်။
ကျွန်ုပ်ဆီမှာ ဘုတ်ကင်ကြိုယူမယ်ဆို လမ်းဘေးစျေးနဲ့ဟောတဲ့ဆရာမဟုတ်တဲ့အတွက် လမ်းဘေးစျေးပေးခြင်း၊ဉာဏ်ပူဇော်ခကို အာလူး၊ကြက်သွန် ကုန်စျေးတန်းမှာဝယ်သလို စျေးဆစ်ခြင်းများမပြုလုပ်ကြပါရန်။လက္ခဏာကြည့်ပရိသတ်အားလေးစားစွာဖြင့်အသိပေးအပ်ပါသည်။
သိန်းသောင်းချီပိုင်ဆိုင်နိုင်သော တနင်္ဂနွေဂြိုလ်ခုံပေါ်ကငါးရုပ်
ကျွန်ုပ်သည် လက္ခဏာပညာကို အသက်၁၃နှစ်ထဲကလေ့လာလိုက်စားခဲ့သည် သင်ယူခဲ့သောပညာရပ်များကိုလဲ အပြင်တွင် လက်တွေ့ကျကျလေ့လာသုံးသပ်ပြီးမှ လက္ခဏာဆရာလောကသို့ဝင်လာခဲ့တာပါ …
လက္ခဏာပညာဟာ လူတစ်ယောက်ရဲ့ဘဝကို ၇၅% လောက်မီးမောင်းထိုးပြထားသလိုပါပဲ…..ပိုစ့်အသစ်တွေလဲမတင်ဖြစ်တာအတော် ကြာသွားပါပြီ …ဘုတ်ကင်ယူသူလဲတအားများနေလို့ ဒီလတော့လက်ဝါးပြင် တနင်္ဂနွေဂြိုလ်ခုံမှာရှိတဲ့ငါးရုပ်နဲ့ပတ်သက်၍တင်ပြပေးသွားမယ် ။
လက်ဝါးပြင်ရဲ့လက်သူကြွယ်အောက်မှာ အောင်မြင်ရေးလမ်းကြောင်းနဲ့မှားတတ်တဲ့ငါးရုပ်သင်္ကေတတခုပါတတ်တယ် …သေချာကြည့်ရင်တော့ကွဲပါတယ်….အောင်မြင်ရေးလမ်းကြောင်းကဖြောင့်မတ်တယ် ….
ငါးရုပ်ကတော့အချွန်အတက်လေးတွေပါတယ် …ငါးရုပ် သင်္ကေတကတော့ လက်ဝါးမှာထင်ရှားရင်ထင်ရှားသလို အောင်မြင်ရေးလမ်းကြောင်းထက် ပိုကောင်းတတ်တယ်…
လက္ခဏာကြည့်ပရိသတ်ရဲ့လက်ဝါးမှာ ငါးရုပ်သင်္ကေတပါလာပြီဆိုရင် လက္ခဏာပိုင်ရှင်ဟာ ရုတ်တရတ်ချမ်းသာတဲ့ဘဝကိုပြောင်းလဲသွားတဲ့အထိ ငါးရုပ်ကပေးစွမ်းနိုင်ပါတယ် ….
တနင်္ဂနွေဂြိုလ်ခုံမှာပါလာခဲ့ရင် အောင်မြင်ရေး သင်္ကေတလိုပဲအကျိုးပေးမယ်….ထူးခြားသွားတာက အမွေတွေ ထီတွေ ရုတ်တရတ်ရတာပေါက်တာထက် လက္ခဏာပိုင်ရှင်ဟာမိမိအစွမ်းအစနဲ့ အောင်မြင်ချမ်းသာခြင်းကိုရုတ်တရက် ရလာတတ်ပါတယ်….
ကိုယ်ပိုင်အစွမ်းအစကိုယ်ပိုင်လုပ်ငန်းနဲ့ပဲ အဆင်ပြေတတ်ပါတယ်….သူများလက်အောက်ခံဘဝကြာကြာမနေရပါ ….အစိုးရဝန်ထမ်းဆိုလဲ အာဏာ ရာထူးထိပ်ဆုံးထိရောက်တတ်တယ် ….
အသက်အရွယ်ရတာနဲ့ပိုအောင်မြင်တတ်ပါတယ် ….မျော်လင့်မထားတဲ့ ချမ်းသာတဲ့ဘဝကိုရုတ်တရတ်ပိုင်ဆိုင်လာရတတ်ပါတယ် …အိုဇာတာကောင်း၍ အသက်ကြီးရင်ချမ်းချမ်းသာသာနေရတတ်ပါတယ်။
ငါးရုပ်ကြီးရင်ကြီးသလို အကျိုးပေးခံစားရများတတ်တယ်။လက္ခဏာကြည့်ပရိသတ်ရဲ့လက်ဝါးတွင် ကံကောင်းခြင်းနှင့်ပတ်သက်သော သင်္ကေတများရှိသလို ကံဆိုးခြင်းနှင့်ပတ်သက်သောသင်္ကေတများလဲရှိ တတ်ကြသည်။
ကံကောင်းခြင်းသင်္ကေတပါလာရင်အကျိုးရှိပေမဲ့ကံဆိုးခြင်း သင်္ကေတပါလာရင်မိမိအတွက်ပြင် ဆင်ဖို့အချိန်ရအောင် တတ်သိနားလည်တဲ့ဆရာတွေနဲ့ပြထားသင့်ပါတယ်….ဒီလတော့ဒီပိုစ့်နဲ့ပဲဗဟုသုတအဖြစ်သင်ပေးလိုက်ပါတယ်။
လက္ခဏာလမ်းကြောင်းများနဲ့ပါတ်သက်၍လေ့လာစရာတွေကလိုက်မကုန်နိုင်ပါ ကျွန်ုပ်အားရင်အားသလိုလက္ခဏာကြည့်ပရိသတ်များကိုတင်ပြပေးသွားပါမည်။
လက္ခဏာပညာရပ်သည်၊ လေ့လာလိုက်စားလေနက်နဲလေဖြစ်သောပညာရပ်ဖြစ်ပါသည်၊လက်ဖဝါးပေါ်က လမ်းကြောင်းကလေးများသည့် သင့်ဘဝရဲ့အနာဂတ် ပစ္စုပန်များဖော်ပြပေးနေသော ၇၅%မြေပုံအမှတ်အသားဆိုမမှားနိုင်ပါဘူး ….
ထိုကြောင့်သင့်ဘဝရဲ့ အနာဂတ်မှာ ပညာရေး၊လူမှုရေး၊စီးပွားရေး၊ကျန်းမာရေး၊အိမ်ထောင်ရေးနှင့်တခြားလူမှုအခက်ခဲများ၊သားသမီးပညာရေးများကိုကြိုတင်သိရှိနိုင်ပြီးဘဝကိုဘယ်လိုစီမံဆောင်ရွက်ရမလဲဆိုတာကိုသိရအောင် သင့်လက္ခဏာကိုအွန်လိုင်းမှတဆင့်ပေးပို့၍တွက်ချက်နိုင်ပါသည်။
အသေးစိတ်တွက်ချက်လိုပါက သင်တို့ရဲ့ လက်ဖဝါးပုံစံဘယ်၊ညာတစ်စုံကို ကြည်လင်စွာ ဓာတ်ပုံရိုက်၍ အမည်၊မွေးသက္ကရာဇ်၊မွေးလ၊မွေးရက်နှင့်နေ့နံတို့ကို Viber မှတစ်ဆင့် ပေးပို့၍ စာရင်းယူနိုင်ပါသည်။
၁.၁.၂၀၁၉ ခုနှစ်မှစ၍အွန်လိုင်းတွင် စတင်တွက်ချက်ခဲ့ရာ တနေ့ထက်တနေ့ လူဦးရေစာရင်းပေးဘုံကင်ယူမှု တနေ့လျင်လူ၈ဝကျော်သည်အထိစာရင်းပေးတွက်ချက်လာသည်ဖြစ်ရာ ကျွန်ုပ်၏ကျန်းမာရေးကြောင့်တနေ့လျင်လူ၃ဝကျော်အထိသာတွက်ချက်ပေးနိုင်ပါသည်။
သို့ပါသောကြောင့်တွက်ချက်သောလက္ခဏာကြည့်ပရိသတ်အနေနဲ့ရက်စောင့်ရသည်ကိုစိတ်ရှည်ကြပါရန်နှင့်သင်တို့နှင့်တွက်ချက်သည့်အခါတွင်လည်း ကျွန်ုပ်ဘက်မှစိတ်ရှည်၍ အချိန်ကိုအတိကျသတ်မှတ်ထားခြင်းမရှိသည်ကို တွက်ဖူးတဲ့သူတိုင်းသိပါလိမ့်မည်။
ထို့ကြောင့်တုံကင်ပေးနောက်ကျ၍ရက်စောင့်ရသည်ကိုအဓိကမထားပဲကျွန်ုပ်နှင့်တွက်ချက်ဖို့ကိုသာအဓိကထားပေးကြပါရန်။တိကျမှန်ကန်မှုတွေနဲ့သင့်ဘဝရဲ့ရှေရေးကိုကောင်းခြင်းဆိုးခြင်းအဖြေများကိုရ၅%သင်သိရှိသွားလိမ့်မယ်။
1998ခုနှစ်တွင်မှန်ကန်မှုကြောင့်လက္ခဏာကြည့်ပရိသတ်၏ရ၅%.ထောက်ခံမှုကိုရရှိထားပြီး၊ထိပ်သီးပုဂ္ဂိုလ်များ၊အရာရှိကြီးများ၊သူဌေးကြီးများ၊အောင်မြင်နေသော အနှပညာရှင်များဆရာတာ်ကြီးများ၏ထောက်ခံအားပေးမှုလက်မှတ်များကိုရရှိထားသောလက္ခဏာဆရာဖြစ်သည်။
မှတ်ချက်။ ။အွန်လိုင်းတွင်လက္ခဏာတွက်ချက်သူများအားဉာဏ်ပူဇော်ခကို အခြေခံလူတန်းစားများကအစတွက်ချက်နိုင်ရန် ဉာဏ်ပူဇော်ခကိုအခြေခံမှစ၍အစားစားသတ်မှတ်ထားပါသည်။
လူတစ်ယောက်ရဲ့အောင်မြင်မှုတွင်သူ့ရဲ့လုပ်ဆောင်ချက်ဟာငွေရဖို့ကိုအဓိကမထားပဲ ကိုယ်တတ်ကျွမ်းတဲ့လုပ်ငန်းပေါ်မှာ အလေးထားအနစ်နာခံမယ်ဆိုရင်ကိုယ်ရဲ့အောင်မြင်မှုဟာတစ်နေ့မှာကိုယ့်အိမ်တံခါးပေါက်ကိုလာခေါက်ပါလိမ့်မယ်….
အဲဒီအချိန်မှာသင်ဟာငွေနောက်ကိုလိုက်စရာမလိုတော့ပါဘူး ငွေကသာသင့်နောက်ကိုလိုက်လာလိမ့်မယ်အဲဒါသင့်ရဲ့တတ်မြောက်ထားတဲ့အလုပ်ပေါ်မှာ ပေးဆပ်မှုအတွက်ရလဒ်ပဲ။
လက္ခဏာဆရာမင်းခန့် (သင့်ဘဝကို မီးမောင်းထိုးပြလိုက်ပြီ) Viber.09694506705