ၾကားသိရသမွ်

စုထက်ဝိုင်းရဲ့မိခင်ကို အချုပ်ကားနဲ့တင်ဆောင်ပြီး ဘယ်ခေါ်သွားမှန်းမသိလို့ ဇနီးအတွက် အရမ်းစိတ်ပူနေရတဲ့ မိုးကုတ်မြို့ကကိုစိုးဌေး

လက်ရှိဖြစ်ပေါ်နေတဲ့အခြေအနေ စတင်ချိန်ကတည်းက လူကြီး၊လူငယ်တွေအပြင် ကလေးတွေကပါတစ်တပ်တစ်အားပါဝင်လှုပ်ရှားခဲ့ကြတာဖြစ်ပါတယ်။

မိုးကုတ်မြို့က ကိုစိုးဌေးရဲ့ သမီးငယ်လေး စုထက်ဝိုင်း ဆိုရင်လည်း (၅)နှစ်အရွယ်လေးနဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့သူဖြစ်ပါတယ်။

ကိုစိုးဌေးကလည်း တက်ကြွလှုပ်ရှားသူတစ်ယောက်ဖြစ်တာကြောင့် ဖမ်းဝရမ်းထုတ်ခံထားရသူဖြစ်လို့ လုံခြုံမယ့်နေရာမှာ ရှောင်တိမ်းနေထိုင်နေရတာဖြစ်ပါတယ်။

ကိုစိုးဌေးကို ဖမ်းလို့မမိတာကြောင့် သူ့ရဲ့ဇနီးသည်နဲ့ သမီးကြီး၊သမီးငယ်တို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပါတယ်။သမီးငယ်လေး စုထက်ဝိုင်းဆိုရင် (၅)နှစ်အရွယ်လေးနဲ့ ထောင်ထဲမှာ နေခဲ့ရတာဖြစ်ပါတယ်။

ဇွန်လ (၃၀)ရက်နေ့မှာ သမီးငယ်လေး စုထက်ဝိုင်းကို ပြန်လွှတ်ပေးလိုက်ပေမယ့် ဇနီးသည်နဲ့ သမီးကြီးကိုတော့ အခုချိန်ထိဖမ်းဆီးထားဆဲပဲဖြစ်ပါတယ်။ကိုစိုးဌေးကလည်း သမီးကြီးရဲ့ ကျန်းမာရေးအခြေအနေအရမ်းဆိုးနေတယ်လို့ကြားတာကြောင့် စိတ်ပူနေရတာဖြစ်ပါတယ်။

အခုဆိုရင်လည်း ကိုစိုးဌေးက သူ့ရဲ့ ဇနီးသည်ကို အချုပ်ကားနဲ့ တင်ပြီး ဘယ်နေရာကိုခေါ်သွားမှန်းမသိဘူးလို့ ဖွင့်ဟလာတာဖြစ်ပါတယ်။

ကိုစိုးဌေးရဲ့ဇနီးကလည်း လမ်းပေါ်မှာတွေ့တဲ့ မိုးကုတ်ကလူအချို့ကို လက်ဟန်ခြေဟန်နဲ့ပြောသွားခဲ့တယ်လို့ သိရပါတယ်။

ကိုစိုးဌေးခမျာ ဇနီးသည်ကို ဘယ်ခေါ်သွားမှန်းလဲမသိရတဲ့အပြင် သမီးကြီးလည်း အချုပ်ထဲမှာ အသက်ရှင်လျှက်ရှိနေသေးလား ဆိုတာလည်း မသိရလို့ အရမ်းစိတ်ပူနေရတဲ့အကြောင်းလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။