တရားေတာ္

မနက်အိပ်ရာထမှာ ကုဋေ တစ်သိန်းမျှကြီးမားသော ကုသိုလ် ယူနည်း

မနက်အိပ်ရာထမှာ ကုဋေ တစ်သိန်းမျှကြီးမားသော ကုသိုလ် ယူနည်း

တစ်စက္ကန့်အတွင်း ကုဋေ တစ်သိန်းလောက်ကြီးမားတဲ့ ကုသိုလ်တွေရရှိသွား နိုင်မည့် နေနည်းများ

၁။ နိုးနိုးချင်း….မြတ်စွာဘုရားရှင် ဟောကြားဆုံးမသည့်အတိုင်းနိုးနိုးချင်း ထထချင်း အနေအထား မပြောင်းမရွေ့ပဲဝင်လေ ထွက်လေလေးကိုသတိကပ်မှတ် နေလိုက်ပါမယ်။

ဒါဆိုကြီးမားတဲ့ကုသိုလ်တွေက တစ်စက္ကန့်မှာကုဋေတစ်သိန်းနှုန်းဖြင့် ရရှိသွားပြီးလည်းဖြစ်ပါတယ်။

ခါတိုင်းလို သောကဖြင့် နိုးထခြင်းမဟုတ်တော့သည့်အတွက် မင်္ဂလာတရားဖြင့်စတင်သည့် နေ့လေးဖြစ်သွားပါတယ်။

၂။ လှုပ်လှုပ်ရွရွ ဟူသမျှ….အိမ်သာသွားရာ၊ သွားတိုက်ရာ၊ မျက်နှာသစ်ရာတစ်မိနစ်ပဲဖြစ်ပါရစေ၊ သတိကပ်၍ သိနေရန်ကြိုးစားနေလိုက်ကြပါမယ်။

၃။ သက်ရှိထင်ရှား မြတ်စွာဘုရားအား…

၃.၁. မပြုမီ ဝမ်းသာ….ရေတစ်ခွက်ပဲဖြစ်ဖြစ်၊ ပြည့်ပြည့်စုံစုံပဲဖြစ်ဖြစ်ဘုရားရှင်အားကပ်လှုရန် ပြင်ဆင်ရာမှာကုသိုလ်ပြုရတော့မယ်ဟု ဝမ်းသာပီတိတွေဖြစ်နေပါ့မယ်။

၃.၂. ပြုဆဲဝမ်းသာ….ဘုရားကပ်လှုရာမှာ သက်တော်ထင်ရှားရှိသည်ဟု မှန်းဆပြီး ကုသိုလ် ပြုရပြီဟုဝမ်းမြောက် ဝမ်းသာဖြစ်နေပါ့မယ်။ ဒါဆိုကုသိုလ်က အများကြီး ဖြစ်နေပါပြီ။

၃.၃. ပြုပြီး ဝမ်းသာ….ကုသိုလ်တို့ကို ပြုခဲ့ရလေပေပြီဟုပြန်လည်ဆင်ခြင်ပြီး ဝမ်းမြောက်ဝမ်းသာ ဖြစ်နေလိုက်ပါ။

၃.၄. ဉာဏ်ထဲ့လိုက်ပါ….ကုသိုလ်ပြုလျှင် ကုသိုလ်ရချေမည်ဟုကံ၏အကျိုးကို ယုံကြည်သော ဉာဏ်လေးထည့်လိုက်ပါ။ အမြတ်ဆုံး တိဟိတ်ကုသိုလ်ရရှိသွားပေသည်။

၃.၅. ဝိပဿနာဆင်ခြင်….ဘုရားရှိခိုးချင်တဲ့စိတ်ကလေးကို သိနေအောင်ကြိုးစားပါမယ်။ (စိတ္တာနုပဿနာ)….ထိုင်ချ ရှိခိုးအမူအယာတွေ သိနေအောင် ကြိုးစားနေပါမယ်။

(ကာယာနုပဿနာ)….ခြေမှာလက်မှာ နာကျင်နေတာ သိအောင် ကြိုးစားပါမယ်။ (ဝေဒနာနုပဿနာ)….သည်ဖြစ်စဉ်လေးတွေကို ပြန်လည်ဆင်ခြင်နေရင် (ဓမ္မာနုပဿနာ)….

ဒါဆိုအိမ်မှာ ပဲ၊ သိန်းထောင်ချီမလှုနိုင်ပေမဲ့ ကုသိုလ်ထူးတွေများစွာ ရရှိနေပြီ ဖြစ်ပါတယ်။

၄။ သန့်ရှင်း ချက်ပြုတ်…,အိမ်သူအိမ်သားများအစစ အရာရာ အဆင်ပြေပါစေ၊တရားအားထုတ်နိုင်ရန်အလို့ငှာစားသုံးနိုင်ကြပါစေ၊နိဗ္ဗာန်၏ အထောက်အပံ့ ဖြစ်ပါစေလို့မေတ္တာ ပွားနေရင်အလွန်အားကြီးတဲ့ ကုသိုလ် ရရှိသွားပြန်ပါပြီ။

၅။ ထွေထွေစုစု…. ထမင်းဆာလာရင် ချက်ချင်းမထပဲထချင်တဲ့စိတ်၊ စားချင်တဲ့စိတ်ကို တစ်မိနစ်ခန့်၊ ရေချိုးချင်လာရင် ချက်ချင်းမထပဲချိုးချင်စိတ်ကို တစ်မိနစ်ခန့် သိနေလိုက်ပါ။

အိပ်ချင်လာရင်၊ သွားချင်ရာတွင်နည်းတူပြုလိုက်ပါ။ ဘာဝနာ ကုသိုလ်မို့စွမ်းအားအလွန်ကြီးမားပါတယ်။ဖိနပ်ကိုညီညီညာညာ သတိနဲ့ချွတ်မယ်၊ ဝတ်ပါမယ်။

စကားကိုအေးအေးဆေးဆေး နူးနူးညံ့ညံ့ ပြောပါမယ်။ T.V ကြည့်ခြင်း၊ စကားများများပြောခြင်း၊သီချင်းနားထောင်ခြင်းတွေကအကုသိုလ်များစေတာမို့နည်းနည်းချင်း တိုး၍ တိုး၍ လျော့ပါမယ်။

အတင်းမပြောဖြစ်အောင် ကြိုးစားထူထောင်ပါ။မကောင်းမြင်ဝါဒ ၊မကောင်းသည့်ဘက်တွေးခြင်း လျော့ပါ။

ဥပမာ– သည်လူ တရားစာတွေသာ ရေးနေတာတရားအားထုတ်မှာ မဟုတ်ပါဘူးလို့ မတွေးပဲ၊ ကိုယ်မသိတာဖြစ်လို့တရားလည်းအားထုတ်မှာပါဟုတွေးလိုက်ပါ။

၆။ အိပ်ယာဝင်….၅မိနစ်ခန့် ဝင်လေ ထွက်လေကိုဖြစ်စေ၊ဘိုက်ပေါ်လက်တင်ပြီး ဖောင်းတယ် ပိန်တယ်သတိကပ်၍ မှတ်နေလိုက်ပါ။အားကြီးသောကုသိုလ်များ ထပ်ဆင့် ထပ်မံရရှိနေပြီဖြစ်ပါတယ်။

၇။ အကုသိုလ်များလှ လူ့ဘဝ….အဘိဓမ်မာအရ သတိမပါပဲ စားတာ၊ နတော၊ထိုင်တာ အကုသိုလ်တရားတွေမို့လူဘဝပြန်ရဖို့ အလွန်ခဲယဉ်လှပါတယ်တဲ့။

အထက်က အတိုင်းနေမယ် ဆိုရင်တော့ အကုသိုလ်ပါးလို့ ကုသိုလ်များကြမှာ ဖြစ်ပါတယ်။

ပါမောက္ခချုပ်ဆရာတော်

မနက္အိပ္ရာထမွာ ကုေဋ တစ္သိန္းမၽွႀကီးမားေသာ ကုသိုလ္ ယူနည္း

တစ္စကၠန႔္အတြင္း ကုေဋ တစ္သိန္းေလာက္ႀကီးမားတဲ့ ကုသိုလ္ေတြရရွိသြား နိုင္မည့္ ေနနည္းမ်ား

၁။ နိုးနိုးခ်င္း….ျမတ္စြာဘုရားရွင္ ေဟာၾကားဆုံးမသည့္အတိုင္းနိုးနိုးခ်င္း ထထခ်င္း အေနအထား မေျပာင္းမေရြ႕ပဲဝင္ေလ ထြက္ေလေလးကိုသတိကပ္မွတ္ ေနလိုက္ပါမယ္။

ဒါဆိုႀကီးမားတဲ့ကုသိုလ္ေတြက တစ္စကၠန႔္မွာကုေဋတစ္သိန္းႏႈန္းျဖင့္ ရရွိသြားၿပီးလည္းျဖစ္ပါတယ္။

ခါတိုင္းလို ေသာကျဖင့္ နိုးထျခင္းမဟုတ္ေတာ့သည့္အတြက္ မဂၤလာတရားျဖင့္စတင္သည့္ ေန႔ေလးျဖစ္သြားပါတယ္။

၂။ လႈပ္လႈပ္ရြရြ ဟူသမၽွ….အိမ္သာသြားရာ၊ သြားတိုက္ရာ၊ မ်က္ႏွာသစ္ရာတစ္မိနစ္ပဲျဖစ္ပါရေစ၊ သတိကပ္၍ သိေနရန္ႀကိဳးစားေနလိုက္ၾကပါမယ္။

၃။ သက္ရွိထင္ရွား ျမတ္စြာဘုရားအား…

၃.၁. မျပဳမီ ဝမ္းသာ….ေရတစ္ခြက္ပဲျဖစ္ျဖစ္၊ ျပည့္ျပည့္စုံစုံပဲျဖစ္ျဖစ္ဘုရားရွင္အားကပ္လႈရန္ ျပင္ဆင္ရာမွာကုသိုလ္ျပဳရေတာ့မယ္ဟု ဝမ္းသာပီတိေတြျဖစ္ေနပါ့မယ္။

၃.၂. ျပဳဆဲဝမ္းသာ….ဘုရားကပ္လႈရာမွာ သက္ေတာ္ထင္ရွားရွိသည္ဟု မွန္းဆၿပီး ကုသိုလ္ ျပဳရၿပီဟုဝမ္းေျမာက္ ဝမ္းသာျဖစ္ေနပါ့မယ္။ ဒါဆိုကုသိုလ္က အမ်ားႀကီး ျဖစ္ေနပါၿပီ။

၃.၃. ျပဳၿပီး ဝမ္းသာ….ကုသိုလ္တို႔ကို ျပဳခဲ့ရေလေပၿပီဟုျပန္လည္ဆင္ျခင္ၿပီး ဝမ္းေျမာက္ဝမ္းသာ ျဖစ္ေနလိုက္ပါ။

၃.၄. ဉာဏ္ထဲ့လိုက္ပါ….ကုသိုလ္ျပဳလၽွင္ ကုသိုလ္ရေခ်မည္ဟုကံ၏အက်ိဳးကို ယုံၾကည္ေသာ ဉာဏ္ေလးထည့္လိုက္ပါ။ အျမတ္ဆုံး တိဟိတ္ကုသိုလ္ရရွိသြားေပသည္။

၃.၅. ဝိပႆနာဆင္ျခင္….ဘုရားရွိခိုးခ်င္တဲ့စိတ္ကေလးကို သိေနေအာင္ႀကိဳးစားပါမယ္။ (စိတၱာႏုပႆနာ)….ထိုင္ခ် ရွိခိုးအမူအယာေတြ သိေနေအာင္ ႀကိဳးစားေနပါမယ္။

(ကာယာႏုပႆနာ)….ေျခမွာလက္မွာ နာက်င္ေနတာ သိေအာင္ ႀကိဳးစားပါမယ္။ (ေဝဒနာႏုပႆနာ)….သည္ျဖစ္စဥ္ေလးေတြကို ျပန္လည္ဆင္ျခင္ေနရင္ (ဓမၼာႏုပႆနာ)….

ဒါဆိုအိမ္မွာ ပဲ၊ သိန္းေထာင္ခ်ီမလႈနိုင္ေပမဲ့ ကုသိုလ္ထူးေတြမ်ားစြာ ရရွိေနၿပီ ျဖစ္ပါတယ္။

၄။ သန႔္ရွင္း ခ်က္ျပဳတ္…,အိမ္သူအိမ္သားမ်ားအစစ အရာရာ အဆင္ေျပပါေစ၊တရားအားထုတ္နိုင္ရန္အလို႔ငွာစားသုံးနိုင္ၾကပါေစ၊နိဗၺာန္၏ အေထာက္အပံ့ ျဖစ္ပါေစလို႔ေမတၱာ ပြားေနရင္အလြန္အားႀကီးတဲ့ ကုသိုလ္ ရရွိသြားျပန္ပါၿပီ။

၅။ ေထြေထြစုစု…. ထမင္းဆာလာရင္ ခ်က္ခ်င္းမထပဲထခ်င္တဲ့စိတ္၊ စားခ်င္တဲ့စိတ္ကို တစ္မိနစ္ခန႔္၊ ေရခ်ိဳးခ်င္လာရင္ ခ်က္ခ်င္းမထပဲခ်ိဳးခ်င္စိတ္ကို တစ္မိနစ္ခန႔္ သိေနလိုက္ပါ။

အိပ္ခ်င္လာရင္၊ သြားခ်င္ရာတြင္နည္းတူျပဳလိုက္ပါ။ ဘာဝနာ ကုသိုလ္မို႔စြမ္းအားအလြန္ႀကီးမားပါတယ္။ဖိနပ္ကိုညီညီညာညာ သတိနဲ႔ခၽြတ္မယ္၊ ဝတ္ပါမယ္။

စကားကိုေအးေအးေဆးေဆး ႏူးႏူးညံ့ညံ့ ေျပာပါမယ္။ T.V ၾကည့္ျခင္း၊ စကားမ်ားမ်ားေျပာျခင္း၊သီခ်င္းနားေထာင္ျခင္းေတြကအကုသိုလ္မ်ားေစတာမို႔နည္းနည္းခ်င္း တိုး၍ တိုး၍ ေလ်ာ့ပါမယ္။

အတင္းမေျပာျဖစ္ေအာင္ ႀကိဳးစားထူေထာင္ပါ။မေကာင္းျမင္ဝါဒ ၊မေကာင္းသည့္ဘက္ေတြးျခင္း ေလ်ာ့ပါ။

ဥပမာ– သည္လူ တရားစာေတြသာ ေရးေနတာတရားအားထုတ္မွာ မဟုတ္ပါဘူးလို႔ မေတြးပဲ၊ ကိုယ္မသိတာျဖစ္လို႔တရားလည္းအားထုတ္မွာပါဟုေတြးလိုက္ပါ။

၆။ အိပ္ယာဝင္….၅မိနစ္ခန႔္ ဝင္ေလ ထြက္ေလကိုျဖစ္ေစ၊ဘိုက္ေပၚလက္တင္ၿပီး ေဖာင္းတယ္ ပိန္တယ္သတိကပ္၍ မွတ္ေနလိုက္ပါ။အားႀကီးေသာကုသိုလ္မ်ား ထပ္ဆင့္ ထပ္မံရရွိေနၿပီျဖစ္ပါတယ္။

၇။ အကုသိုလ္မ်ားလွ လူ႔ဘဝ….အဘိဓမ္မာအရ သတိမပါပဲ စားတာ၊ နေတာ၊ထိုင္တာ အကုသိုလ္တရားေတြမို႔လူဘဝျပန္ရဖို႔ အလြန္ခဲယဥ္လွပါတယ္တဲ့။

အထက္က အတိုင္းေနမယ္ ဆိုရင္ေတာ့ အကုသိုလ္ပါးလို႔ ကုသိုလ္မ်ားၾကမွာ ျဖစ္ပါတယ္။

ပါေမာကၡခ်ဳပ္ဆရာေတာ္