က်မၼာေရး ဗဟုသုတ

COVID တတိယလှိုင်းကို မထိန်းနိုင်တော့ဘူးဆိုတာ မဟုတ်ပါ။

COVID တတိယလှိုင်းကို မထိန်းနိုင်တော့ဘူးဆိုတာ မဟုတ်ပါ။ Mask တပ်ခြင်း၊ လူစုလူဝေးရှောင်ခြင်း၊ လက်ဆေးခြင်းဖြင့် ထိန်းလို့ရပါမည်။
မတော်တဆ ကူးစက်မိတဲ့အခါ ခံနိုင်ရည်ရှိအောင် လိုအပ်တဲ့ အဟာရတွေကို မြန်မြန်ဖြည့်ပေးဖို့ ဖြည့်စွက်စာအကြောင်းရေးနေခြင်းဖြစိပါတယ်။
လာလတ္တံသောရောဂါကပ်ကိုမြင်လို့ လွန်ခဲ့တဲ့ လ အနည်းငယ်တည်းက သတိပေးပြီးဖြစ်ပါတယ်

အခုကာလမှာ ကိုဗစ်အကြောင်းသေချာရေးပေးပါမည်။ သေချာဖတ်ပါ။ သေချာလိုက်နာပါ
ခုခံစွမ်းအားစနစ်ဆိုတာ ပေါင်းစုလုပ်ငန်းဖြစ်ပြီး ကိုယ်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာတဲ့ ရန်သူကို တိုက်ဖို့ဖြစ်ပါတယ်။ ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်ကောင်းကောင်း အလုပ်လုပ်နေသရွေ့ ဗိုင်းရပ်တွေကြာရှည်နေနိုင်ဖို့ ခက်ပါတယ်။ ကူးစက်မှုတစ်ခုကို လူနှစ်ယောက်ကြုံရပေမည့် immune system ကောင်းကောင်းအလုပ်လုပ်တဲ့သူမှာ ရောဂါကူးစက်မှုနည်းလေ့ရှိတယ်


ခန္ဓာကိုယ်ရဲ့ ခုခံစွမ်းအားမြင့်စေဖို့ အောက်ပါအချက်တွေကိုလိုက်နာပေးနိုင်ပါတယ်။

✅ သကြားလျော့စားပါ
သကြားစားတဲ့အခါ ကိုယ်ခန္ဓာကိုယ်အတွင်း ဆီလိုတိုနင်မြင့်တက်လာပြီး စိတ်ကျေနပ်မှုရစေနိုင်ပါတယ်။ ဒါပေမယ့် သကြားစားသုံးခြင်းက ရောဂါကာကွယ်ပေးတဲ့ သွေးဖြူဥတွေကို ခဏတာ ( နာရီအချို့ထိကြာနိုင်ပါတယ်) တက်ကြွမှုနေးကွေးသွားစေပါတယ်။ တက်ကြွမှုမရှိတဲ့စစ်သားတွေက ရောဂါကို မကာကွယ်နိုင်သလို ရောဂါကူးစက်ပြီးတဲ့အခါ ကောင်းစွာမတိုက်ထုတ်နိုင်ကြပါ။ အချိန်တိုင်း သကြားစားနေမည်ဆိုလျှင် ကျွန်တော်တို့ရဲ့ခုခံအားစနစ်ချို့ယွင်းသွားပြီး ရောဂါပိုး ကူးစက်နိုင်ချေ နှင့် ကူးစက်ခံရပြီး ဝေဒနာပြင်းထန်နှုန်း မြင့်တက်သွားနိုင်တယ်လို့ အမူအကျင့်သမားတော် အဟာရပညာရှင် Dr. Blescenda Varona က ပြောပါတယ်။ လေ့လာမှုတွေမှာ သကြားစားပြီးတစ်နာရီအကြာမှာ ကျွန်တော်တို့ရဲ့ခုခံအားစနစ် (immune system) က ရှိနေတဲ့ အစွမ်းအောက် ၃၈% လောက် ကျဆင်းသွားတယ်လို့ Dr. Blescenda Varona က ဆိုပါတယ်

✅ ရေပိုသောက်ပါ
ကိုယ်ခန္ဓာရဲ့ ၆၀% က ရေတွေပါ။ ရေလုံလောက်အောင်မသောက်တဲ့အခါ ခုခံအားစနစ်အပေါ် ဆိုးကျိုးသက်ရောက်နိုင်ပါတယ်။ “” ရေဓာတ်ချိုတဲ့မှု နည်းနည်းရှိတာ နဲ့ ဗိုင်းရပ်အသက်ရှင်နိုင်ချေ ပိူမြင့်သွားတယ်လို့ ဒေါက်တာ Varona ကပြောပါတယ်။ အမျိုးသားတွေက ရေ ၁၀ ခွက်ကနေ ၁၂ ခွက်ကြား၊ အမျိုးသမီးတွေက ရေ ၈ ခွက်ကနေ ၁၀ ခွက်ကြားသောက်ပါ

✅ နေရောင်ခံပါ
မနက်နေရောင်က ပျော်ရွှင်ခြင်း ဟိုမုန်းတွေ ထွက်စေပြီး နေ့လည် ( 10 a.m နှင့် 2 p.m ) နေရောင်က ကိုယ်တွင်း ဗိုက်တာမင် D ပမာဏကိုမြင့်စေပါတယ်။ မွန်းတည့်ချိန် နေရောင်ခံဖို့ အကြံမပေးပါ။ တစ်ပတ် နှစ်ကြိမ်အနည်းဆုံးနေရောင်ခံပါ။ တစ်ကြိမ်နေရောင်ခံတဲ့အခါ ၁၀-၁၅ မိနစ်လောက် နေရောင်ခံရပါမည်

✅ လှုပ်လှုပ်ရှားရှားနေပါ
လေ့ကျင့်ခန်းလုပ်ခြင်းက ကိုယ်အလေးချိန်ကျဆင်းစေရုံသာမက ခရောဂါဖြစ်စေတဲ့ပိုးတွေကို အဆုတ်က ထုတ်ပစ်နိုင်တယ်လို့ဆိုပါတယ်။ ခုခံစွမ်းအားလည်းမြင့်စေတယ်ရေးပါတယ်။ သွေးလှည့်ပတ်မှုကောင်းလာပြီး ရောဂါပိုးရှိတဲ့နေရာကို ရောဂါတိုက်ထုတ်ပေးတဲ့ သွေးဖြူဥဆဲလ်တွေ မြန်မြန်ရောက်စေတယ်လို့ ဆိုပါတယ်

✅ စိတ်ဖိစီးမှု ( stress ) လျော့ချပါ
စိတ်ဖိစီးမှုဒဏ် အကြာကြီးခံရတဲ့အခါ ခန္ဓာကိုယ်က ကော်တီဆောဟိုမုန်းတွေ လိုတာထက်ပိုပြီး ထုတ်ပေးလိမ့်မည်။ ဒါပြင် ကလပ်စည်းတွေ ကော်တီဆောဟိုမုန်းကို အာရုံခံနိုင်စွမ်းကျလာမည်။ ကော်တီဆောဟိုမုန်းရဲ့ ရောင်ရမ်းခြင်းကို ထိန်းချုပ်နိုင်စွမ်း နှင့် ခုခံစွမ်းအားပေါ်အကျိုးသက်ရောက်မှုကို အားပျော့သွားစေတယ်။
” Stress ( စိတ်ဖိစီးမှု ) ဒဏ် ခံစားနေရတဲ့လူတွေရဲ့ ခုခံအားပြုလုပ်ပေးတဲ့ ကလပ်စည်းတွေက ကော်တီဆောဟိုမုန်းကို အာရုံခံနိုင်မှု လျော့နည်းလာမည်။ ရောင်ကိုင်းခြင်းတုန့်ပြန်မှုကို မထိန်းချုပ်နိုင်တော့ဘူး။ ဒါကြောင့် ဗိုင်းရပ်ကူးစက်မှုရှိတဲ့အခါ ဖျားနာကြတယ်။ ” လို့ Carnegie Mellon တက္ကသိုလ်က စိတ်ပညာပါမောက္ခ Sheldon Cohen ကပြောပါတယ်

Stress ( စိတ်ဖိစီးမှု )ဒဏ် ခံနေရတဲ့အခါ HIV ကူးစက်နေသူတွေမှာ HIV ပိုးပွားများမှု ပိုလာတယ်လို့ရေးတယ်။ Herpes Simplex ဗိုင်းရပ် ( HSV-1 နှင့် HSV-2 ) လည်း ပြန်လည်ဖြစ်ပေါ်မှုလည်း မြင့်လာတယ်။ ဒါကြောင့် ကျန်းမာရေးအတွက် စိတ်ဖိစီးမှု ( stress ) ရှိမနေဖို့ အရေးကြီးတယ်

✅ ကောင်းကောင်းအိပ်ပါ
တစ်ရက် ၇-၈ နာရီလောက်အိပ်ပါ။ အလင်းမရှိတဲ့ အိပ်ခန်းက ပိုကောင်းပါတယ်။ လိုအပ်လျှင် မျက်စိအကာတပ်ပါ။ အလင်းမရှိတဲ့အခါ ခန္ဓာကိုယ်က မယ်လတိုနင်ဟိုမုန်းထွက်လာပြီး အိပ်ပျော်စေပါတယ်။ မယ်လတိုနင်ဟိုမုန်းက ခုခံအားကို ထိန်းညှိပေးနိုင်ပါတယ်။ မယ်လတိုနင်မြင့်မားစွာထွက်လာတဲ့အခါ ကူးစက်မှုကို တိုက်ခိုက်ပေးတဲ့ antibodies ပိုထွက်စေပါတယ်။ အိပ်ရေးပျက်တဲ့အခါ သို့မဟုတ် အိပ်စက်ပုံမမှန်တဲ့အခါ ရောင်ရမ်းခြင်း နှင့် ကူးစက်မှုတွေ ပိုလာနိုင်တယ်လို့ ဒေါက်တာ Varona ကရေးပါတယ်။ နေ့စဉ် ည ၁၁ လောက်မှာ အိပ်နိုင်လျှင် ပိုကောင်းပါတယ်

ဒေါက်တာဖြိုးမောင်မောင်