ၾကားသိရသမွ်

မြန်မာနိုင်ငံတွင် NUG မှလွဲ၍ အခြားအစိုးရမရှိ၊ NUG အစိုးရကို ကူညီမည်ဟု ဂျပန်အမတ်များပြော

မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို ကမ္ဘာက အသိအမှတ်ပြုလက်ခံပြီး NUG အမျိုးသားညီညွတ်ရေးအစိုးရကို ယုံကြည်ကာ မြန်မာနိုင်ငံတွင် အခြားအစိုးရမရှိဟု လက်ခံထားကြောင်း

ဂျပန်နိုင်ငံအောက်လွှတ်တော်အမတ် လည်းဖြစ်၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး ပါလီမန်အမတ်များအဖွဲ့ ဥက္ကဋ္ဌလည်းဖြစ်၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များ အဖွဲ့ ဒုတိယဥက္ကလည်းဖြစ်သူ Mr.Ichiro Aisawa က ပြောဆိုသည်။

၂၀၂၁ခုနှစ် ဇူလိုင်လ (၆)ရက်နေ့တွင် အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၏ ပြည်ထောင်စု ဝန်ကြီးများနှင့် ဂျပန်လွှတ်တော် အမတ်များ အွန်လိုင်း တွေ့ဆုံ ဆွေးနွေးမှုတွင် ၎င်းက အထက်ပါအတိုင်းပြောဆိုလိုက်ခြင်းဖြစ်သည်။

ဂျပန် အောက်လွှတ်တော် အမတ် Mr.Ichiro Aisawa က စစ်တပ်က မဲမသမာမှု အကြောင်းပြချက်ဖြင့် အာဏာသိမ်းခဲ့မှုသည် လက်ခံနိုင်စရာမရှိကြောင်း၊ မြန်မာနိုင်ငံ၏ နိုဝင်ဘာ ရွေးကောက်ပွဲသည် တရားမျှတသည်ကို ကမ္ဘာက လက်ခံကြောင်း၊

ရွေးကောက်ခံ ကိုယ်စားလှယ်များအပါအဝင် တိုင်းရင်းသား လူနည်းစုများ ပါဝင်ဖွဲ့စည်းထားသော အမျိုးသားညီညွတ်ရေး အစိုးရ (NUG) ကို ယုံကြည်ပြီး၊ အခြားအစိုးရ မြန်မာနိုင်ငံတွင်မရှိဟု ယုံကြည်ကြောင်း ပြောဆိုသည်။

၎င်းက စစ်အာဏာရှင် မဟုတ်သော NUG အစိုးရက လက်တွေ့ကျသော အစိုးရဖြစ်ကြောင်း သက်သေကို မြန်မာပြည်သူများ၏ ပြသမှုကြောင့် ဂျပန်က ကူညီမည်ဖြစ်ကြောင်း၊

ဂျပန်၏ ODA အထောက်အပံ့သည် စစ်တပ်ကို ကူညီရန် မဟုတ်၊ လက်နက်ပံ့ပိုးမှုအတွက် မဟုတ်ဘဲ ပညာရေး၊ ဆေးဝါးကုသရေး၊ အတတ်ပညာပိုင်းဆိုင်ရာ အကူအညီနှင့် အစားအသောက်အတွက် ကူညီရန် ဖြစ်ကြောင်း၊

ဂျပန်၏ ODA အထောက်အပံ့ ရပ်ဆိုင်းမှုသည် စစ်တပ်ကို အကျိုးမပြုစေရန်သာ ဖြစ်ပြီး ပြည်သူ့အကျိုးကို ထိခိုက်မည်ကို စိုးရိမ်ကြောင်း၊ ပြည်သူကို တိုက်ရိုက် အကျိုးဖြစ်စေမည့် နည်းလမ်းများ ရှာဖွေလုပ်ဆောင်ရန် ဖြစ်ကြောင်း ပြောကြားသည်။

အလားတူ ဂျပန်အထက်လွှတ်တော် အမတ်လည်းဖြစ်၊ မြန်မာ့ ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များအဖွဲ့၏ အထွေထွေ အတွင်းရေးမှူးလည်းဖြစ်သူ Mr.Michihiro Ishibashi က စစ်တပ်ကို ဆန့်ကျင့်ရှုတ်ချခြင်း

အတည်ပြုသင့်ကြောင်းနှင့် ပတ်သက်၍ အားလုံးက အတည်ပြုခဲ့ကြောင်း၊ အတိုက်အခံ နှင့် အာဏာရပါတီအားလုံးက တစ်ပြိုင်နက် ထောက်ခံ့ခဲ့ကြခြင်း ဖြစ်၍ မြန်မာပြည်သူများအတွက် အထောက်အကူပြုမည်ဟု ယုံကြည်ကြောင်း၊ စစ်တပ်ကို လက်နက်ရောင်းချခြင်း မပြုကြရန်နှင့် ဒုက္ခရောက်နေသော မြန်မာပြည်သူများကို အစားအသောက် ဆေးဝါးထောက်ပံ့ကူညီရန်လည်း အတည်ပြုခဲ့ကြကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ ဂျပန်နိုင်ငံမှ အောက်လွှတ်တော် အမတ် Mr.Ichiro Aisawa (ဥက္ကဌ၊ ဂျပန်-မြန်မာ ချစ်ကြည်ရေး ပါလီမန်အမတ်များအဖွဲ့၊ ဒုဥက္ကဌ၊ မြန်မာ့ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များ အဖွဲ့)၊ အထက် လွှတ်တော် အမတ် Mr.Michihiro Ishibashi (အထွေထွေ အတွင်းရေးမှူး၊ မြန်မာ့ ဒီမိုကရေစီအရေးကို အားပေးသော ပါလီမန်အမတ်များအဖွဲ့)၊

Mr. Yutaka Nagasugi ( Vice President, Japan Myanmar Friendship Association, CEO, MYANMAR JAPON CO.,LTD.)၊ Mr. Toshio Tanabe (အလွတ်တန်း သတင်းထောက်) နှင့် NUG အစိုးရတာဝန်ရှိသူများ တက်ရောက်ကြောင်း သိရှိရသည်။

Source : KhitThitMedia

ျမန္မာႏိုင္ငံတြင္ ၂၀၂၀ ေ႐ြးေကာက္ပြဲရလဒ္ကို ကမာၻက အသိအမွတ္ျပဳလက္ခံၿပီး NUG အမ်ိဳးသားညီၫြတ္ေရးအစိုးရကို ယုံၾကည္ကာ ျမန္မာႏိုင္ငံတြင္ အျခားအစိုးရမရွိဟု လက္ခံထားေၾကာင္း

ဂ်ပန္ႏိုင္ငံေအာက္လႊတ္ေတာ္အမတ္ လည္းျဖစ္၊ ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရး ပါလီမန္အမတ္မ်ားအဖြဲ႕ ဥကၠ႒လည္းျဖစ္၊ ျမန္မာ့ဒီမိုကေရစီအေရးကို အားေပးေသာ ပါလီမန္အမတ္မ်ား အဖြဲ႕ ဒုတိယဥကၠလည္းျဖစ္သူ Mr.Ichiro Aisawa က ေျပာဆိုသည္။

၂၀၂၁ခုႏွစ္ ဇူလိုင္လ (၆)ရက္ေန႔တြင္ အမ်ိဳးသား ညီၫြတ္ေရးအစိုးရ (NUG)၏ ျပည္ေထာင္စု ဝန္ႀကီးမ်ားႏွင့္ ဂ်ပန္လႊတ္ေတာ္ အမတ္မ်ား အြန္လိုင္း ေတြ႕ဆုံ ေဆြးေႏြးမႈတြင္ ၎က အထက္ပါအတိုင္းေျပာဆိုလိုက္ျခင္းျဖစ္သည္။

ဂ်ပန္ ေအာက္လႊတ္ေတာ္ အမတ္ Mr.Ichiro Aisawa က စစ္တပ္က မဲမသမာမႈ အေၾကာင္းျပခ်က္ျဖင့္ အာဏာသိမ္းခဲ့မႈသည္ လက္ခံႏိုင္စရာမရွိေၾကာင္း၊ ျမန္မာႏိုင္ငံ၏ ႏိုဝင္ဘာ ေ႐ြးေကာက္ပြဲသည္ တရားမွ်တသည္ကို ကမာၻက လက္ခံေၾကာင္း၊

ေ႐ြးေကာက္ခံ ကိုယ္စားလွယ္မ်ားအပါအဝင္ တိုင္းရင္းသား လူနည္းစုမ်ား ပါဝင္ဖြဲ႕စည္းထားေသာ အမ်ိဳးသားညီၫြတ္ေရး အစိုးရ (NUG) ကို ယုံၾကည္ၿပီး၊ အျခားအစိုးရ ျမန္မာႏိုင္ငံတြင္မရွိဟု ယုံၾကည္ေၾကာင္း ေျပာဆိုသည္။

၎က စစ္အာဏာရွင္ မဟုတ္ေသာ NUG အစိုးရက လက္ေတြ႕က်ေသာ အစိုးရျဖစ္ေၾကာင္း သက္ေသကို ျမန္မာျပည္သူမ်ား၏ ျပသမႈေၾကာင့္ ဂ်ပန္က ကူညီမည္ျဖစ္ေၾကာင္း၊

ဂ်ပန္၏ ODA အေထာက္အပံ့သည္ စစ္တပ္ကို ကူညီရန္ မဟုတ္၊ လက္နက္ပံ့ပိုးမႈအတြက္ မဟုတ္ဘဲ ပညာေရး၊ ေဆးဝါးကုသေရး၊ အတတ္ပညာပိုင္းဆိုင္ရာ အကူအညီႏွင့္ အစားအေသာက္အတြက္ ကူညီရန္ ျဖစ္ေၾကာင္း၊

ဂ်ပန္၏ ODA အေထာက္အပံ့ ရပ္ဆိုင္းမႈသည္ စစ္တပ္ကို အက်ိဳးမျပဳေစရန္သာ ျဖစ္ၿပီး ျပည္သူ႔အက်ိဳးကို ထိခိုက္မည္ကို စိုးရိမ္ေၾကာင္း၊ ျပည္သူကို တိုက္႐ိုက္ အက်ိဳးျဖစ္ေစမည့္ နည္းလမ္းမ်ား ရွာေဖြလုပ္ေဆာင္ရန္ ျဖစ္ေၾကာင္း ေျပာၾကားသည္။

အလားတူ ဂ်ပန္အထက္လႊတ္ေတာ္ အမတ္လည္းျဖစ္၊ ျမန္မာ့ ဒီမိုကေရစီအေရးကို အားေပးေသာ ပါလီမန္အမတ္မ်ားအဖြဲ႕၏ အေထြေထြ အတြင္းေရးမႉးလည္းျဖစ္သူ Mr.Michihiro Ishibashi က စစ္တပ္ကို ဆန္႔က်င့္ရႈတ္ခ်ျခင္း

အတည္ျပဳသင့္ေၾကာင္းႏွင့္ ပတ္သက္၍ အားလုံးက အတည္ျပဳခဲ့ေၾကာင္း၊ အတိုက္အခံ ႏွင့္ အာဏာရပါတီအားလုံးက တစ္ၿပိဳင္နက္ ေထာက္ခံ့ခဲ့ၾကျခင္း ျဖစ္၍ ျမန္မာျပည္သူမ်ားအတြက္ အေထာက္အကူျပဳမည္ဟု ယုံၾကည္ေၾကာင္း၊ စစ္တပ္ကို လက္နက္ေရာင္းခ်ျခင္း မျပဳၾကရန္ႏွင့္ ဒုကၡေရာက္ေနေသာ ျမန္မာျပည္သူမ်ားကို အစားအေသာက္ ေဆးဝါးေထာက္ပံ့ကူညီရန္လည္း အတည္ျပဳခဲ့ၾကေၾကာင္း ေျပာၾကားသည္။

အစည္းအေဝးသို႔ ဂ်ပန္ႏိုင္ငံမွ ေအာက္လႊတ္ေတာ္ အမတ္ Mr.Ichiro Aisawa (ဥကၠဌ၊ ဂ်ပန္-ျမန္မာ ခ်စ္ၾကည္ေရး ပါလီမန္အမတ္မ်ားအဖြဲ႕၊ ဒုဥကၠဌ၊ ျမန္မာ့ဒီမိုကေရစီအေရးကို အားေပးေသာ ပါလီမန္အမတ္မ်ား အဖြဲ႕)၊ အထက္ လႊတ္ေတာ္ အမတ္ Mr.Michihiro Ishibashi (အေထြေထြ အတြင္းေရးမႉး၊ ျမန္မာ့ ဒီမိုကေရစီအေရးကို အားေပးေသာ ပါလီမန္အမတ္မ်ားအဖြဲ႕)၊

Mr. Yutaka Nagasugi ( Vice President, Japan Myanmar Friendship Association, CEO, MYANMAR JAPON CO.,LTD.)၊ Mr. Toshio Tanabe (အလြတ္တန္း သတင္းေထာက္) ႏွင့္ NUG အစိုးရတာဝန္ရွိသူမ်ား တက္ေရာက္ေၾကာင္း သိရွိရသည္။

Source : KhitThitMedia