ၾကားသိရသမွ်

မိန္းကေလးမ်ား online shopping ေတြ အရမ္းအားေပးမယ္ဆုိရင္ ဒါေလးဖတ္ျပီး သတိထားၾကပါ….

ၿပီးခဲ့တဲ့ November 11ရက္ေန႔ဟာ တ႐ုတ္ႏိုင္ငံရဲ႕ တကယ္ကိုအႀကီးဆံုး shopping holiday ႀကီးပါ ၊ ၿပီးေတာ့ Singles Day လို႔လည္းေခၚဆိုၾကပါတယ္ ။

အဲ့ေန႔မွာဆိုရင္ online shopping website ေတြကေနဆိုရင္ ပ႐ိုမိုး႐ွင္းခ်တဲ့အစီအစဥ္ေတြနဲ႔ အေတာ္ေလးကို႐ႈတ္႐ွက္ခတ္ေနခဲ့တာပါ ။ သို႔ေပမဲ့လည္း ေလ်ွာ့ေစ်းေတြခ်တိုင္းလည္း ကိုယ့္ဝင္ေငြကိုမၾကည့္ပဲ

အသံုးအျဖဳန္းမ်ားေနမယ္ဆိုရင္ေတာ့ ဒုကၡေရာက္ၾကမွာပါ ။ ထို႔ေၾကာင့္ တ႐ုတ္ႏိုင္ငံ Luzhou ၿမိဳ႕မွာေနထိုင္တဲ့ အသက္ 29 ႏွစ္အရြယ္ အမ်ိဳးသားဟာ သူ၏ဇနီးသည္ျဖစ္သူ

အသက္29ႏွစ္အရြယ္ Zhan ရဲ႕ Singles Day ေန႔မွာ အသံုးအျဖဳန္းၾကမ္းခဲ့တဲ့လုပ္ရပ္ေၾကာင့္ ကိုယ့္ကိုအဆံုးစီရင္ဖို႔ ႀကိဳးပမ္းခဲ့ပါတယ္ ။

ျဖစ္စဥ္မွာေတာ့ ၿပီးခဲ့တဲ့ရက္က ည10အခ်ိန္ခန္႔မွာ 33ထပ္အျမင့္႐ွိတဲ့တိုက္ေပၚမွ အမ်ိဳးသားတစ္ေယာက္ဟာခုန္ခ်ဖို႔ႀကိဳးစားေနတာကို တစ္စံုတစ္ေယာက္က ရဲဌာနသို႔အေၾကာင္းၾကားခဲ့ပါတယ္ ။

ရဲအရာ႐ွိမ်ားက အခင္းျဖစ္ပြားရာေနရာသို႔ေရာက္႐ွိလာၿပီး စိတ္ခံစားမႈျပင္းထန္ေနတဲ့အမ်ိဳးသားကိုေဖ်ာင္းဖ်ေပးခဲ့ၾကပါတယ္ ။ ေမးျမန္းစစ္ေဆးခဲ့ခ်ိန္မွာေတာ့ Wang ဟာ ဇနီးျဖစ္သူ online shopping မွာ

အသံုးျဖဳန္းမ်ားခဲ့တာေၾကာင့္ အေႂကြးမ်ားစြာတင္ေနခဲ့ၿပီး ၊ဇနီးျဖစ္သူက ဒီဇိုင္နာ နာမည္ႀကီးတဲ့အိတ္ေတြ ၊ ေရေမႊးေတြ ၊ အဝတ္အစားေတြ နဲ႔ အျခားအရာေတြမွာပါ ဝယ္ယူခဲ့တာေၾကာင့္

300,000 yuan (ျမန္မာေငြ သိန္း600ေက်ာ္) သံုးျဖဳန္းခဲ့တာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ယခုတစ္ေခါက္မွာ ပထမဆံုးအႀကိမ္မဟုတ္ေတာ့ေၾကာင္း ႏွင့္ ဇနီးျဖစ္သူဟာ အျမဲလိုလို online shopping မွာသာသံုးျဖဳန္းေနၿပီး ကေလးေမြးၿပီးေနာက္မွာပိုမိုဆိုးရြားခဲ့ေၾကာင္းသိ႐ွိရပါတယ္ ။

အရင္ႏွစ္ Singles Day ေန႔မွာ 200,000 yuan (ျမန္မာေငြ သိန္း400 ေက်ာ္) သံုးျဖဳန္းခဲ့ေသးေၾကာင္း ႏွင့္ ထပ္မဝယ္ဖို႔သူမက ကတိေပးထားေပမဲ့လည္း ကတိမတည္ခဲ့ေၾကာင္း ေျပာျပခဲ့ပါတယ္ ။

ထို႔အျပင္ Wang မွာ တစ္လဝင္ေငြမွာ အနည္းငယ္သာရ႐ွိၿပီး သူမရဲ႕အေႂကြးကိုဆက္ေပးဖို႔အတြက္ နားမလည္ႏိုင္ေတာ့ဘဲ ဇနီးျဖစ္သူရဲ႕ online shopping ေပၚအ႐ူးအမူးျဖစ္ေနေသာစိတ္ေၾကာင့္

ကိုယ့္ကိုအဆံုးစီရင္ဖို႔ႀကိဳးစားခဲ့တာျဖစ္ေၾကာင္း ႐ွင္းျပခဲ့ပါတယ္ ။

ကံေကာင္းစြာနဲ႔ပဲ ရဲအရာ႐ွိေတြရဲ႕ေဖ်ာင္းဖ်မႈေၾကာင့္ Wang ကိုစိတ္ေျဖႏိုင္ခဲ့ၿပီး ၊ ရဲအရာ႐ွိမ်ားက Wang ကိုေနအိမ္သို႔ျပန္လည္ပို႔ေဆာင္ေပးခဲ့ပါေတာ့တယ္ ။ ထို႔အျပင္ ဇနီးျဖစ္သူကလည္း

ေနာက္ထပ္မည္သည့္အရာမွ ထပ္ၿပီးဝယ္မည္မဟုတ္ေၾကာင္း သႏၷိ႒ာန္ခ်ခဲ့တဲ့အျပင္ ကတိလည္းေပးခဲ့ပါတယ္ ။ ထို႔ေၾကာင့္ Wang ဟာ သူမရဲ႕အေႂကြးမ်ားကိုလည္း ျပန္ဆပ္ေပးမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode Version

ပြီးခဲ့တဲ့ November 11ရက်နေ့ဟာ တရုတ်နိုင်ငံရဲ့ တကယ်ကိုအကြီးဆုံး shopping holiday ကြီးပါ ၊ ပြီးတော့ Singles Day လို့လည်းခေါ်ဆိုကြပါတယ် ။

အဲ့နေ့မှာဆိုရင် online shopping website တွေကနေဆိုရင် ပရိုမိုးရှင်းချတဲ့အစီအစဉ်တွေနဲ့ အတော်လေးကိုရှုတ်ရှက်ခတ်နေခဲ့တာပါ ။ သို့ပေမဲ့လည်း လျှော့စျေးတွေချတိုင်းလည်း ကိုယ့်ဝင်ငွေကိုမကြည့်ပဲ

အသုံးအဖြုန်းများနေမယ်ဆိုရင်တော့ ဒုက္ခရောက်ကြမှာပါ ။ ထို့ကြောင့် တရုတ်နိုင်ငံ Luzhou မြို့မှာနေထိုင်တဲ့ အသက် 29 နှစ်အရွယ် အမျိုးသားဟာ သူ၏ဇနီးသည်ဖြစ်သူ

အသက်29နှစ်အရွယ် Zhan ရဲ့ Singles Day နေ့မှာ အသုံးအဖြုန်းကြမ်းခဲ့တဲ့လုပ်ရပ်ကြောင့် ကိုယ့်ကိုအဆုံးစီရင်ဖို့ ကြိုးပမ်းခဲ့ပါတယ် ။

ဖြစ်စဉ်မှာတော့ ပြီးခဲ့တဲ့ရက်က ည10အချိန်ခန့်မှာ 33ထပ်အမြင့်ရှိတဲ့တိုက်ပေါ်မှ အမျိုးသားတစ်ယောက်ဟာခုန်ချဖို့ကြိုးစားနေတာကို တစ်စုံတစ်ယောက်က ရဲဌာနသို့အကြောင်းကြားခဲ့ပါတယ် ။

ရဲအရာရှိများက အခင်းဖြစ်ပွားရာနေရာသို့ရောက်ရှိလာပြီး စိတ်ခံစားမှုပြင်းထန်နေတဲ့အမျိုးသားကိုဖျောင်းဖျပေးခဲ့ကြပါတယ် ။ မေးမြန်းစစ်ဆေးခဲ့ချိန်မှာတော့ Wang ဟာ ဇနီးဖြစ်သူ online shopping မှာ

အသုံးဖြုန်းများခဲ့တာကြောင့် အကြွေးများစွာတင်နေခဲ့ပြီး ၊ဇနီးဖြစ်သူက ဒီဇိုင်နာ နာမည်ကြီးတဲ့အိတ်တွေ ၊ ရေမွှေးတွေ ၊ အဝတ်အစားတွေ နဲ့ အခြားအရာတွေမှာပါ ဝယ်ယူခဲ့တာကြောင့်

300,000 yuan (မြန်မာငွေ သိန်း600ကျော်) သုံးဖြုန်းခဲ့တာဖြစ်ကြောင်း သိရှိရပါတယ် ။

ယခုတစ်ခေါက်မှာ ပထမဆုံးအကြိမ်မဟုတ်တော့ကြောင်း နှင့် ဇနီးဖြစ်သူဟာ အမြဲလိုလို online shopping မှာသာသုံးဖြုန်းနေပြီး ကလေးမွေးပြီးနောက်မှာပိုမိုဆိုးရွားခဲ့ကြောင်းသိရှိရပါတယ် ။

အရင်နှစ် Singles Day နေ့မှာ 200,000 yuan (မြန်မာငွေ သိန်း400 ကျော်) သုံးဖြုန်းခဲ့သေးကြောင်း နှင့် ထပ်မဝယ်ဖို့သူမက ကတိပေးထားပေမဲ့လည်း ကတိမတည်ခဲ့ကြောင်း ပြောပြခဲ့ပါတယ် ။

ထို့အပြင် Wang မှာ တစ်လဝင်ငွေမှာ အနည်းငယ်သာရရှိပြီး သူမရဲ့အကြွေးကိုဆက်ပေးဖို့အတွက် နားမလည်နိုင်တော့ဘဲ ဇနီးဖြစ်သူရဲ့ online shopping ပေါ်အရူးအမူးဖြစ်နေသောစိတ်ကြောင့်

ကိုယ့်ကိုအဆုံးစီရင်ဖို့ကြိုးစားခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။

ကံကောင်းစွာနဲ့ပဲ ရဲအရာရှိတွေရဲ့ဖျောင်းဖျမှုကြောင့် Wang ကိုစိတ်ဖြေနိုင်ခဲ့ပြီး ၊ ရဲအရာရှိများက Wang ကိုနေအိမ်သို့ပြန်လည်ပို့ဆောင်ပေးခဲ့ပါတော့တယ် ။ ထို့အပြင် ဇနီးဖြစ်သူကလည်း

နောက်ထပ်မည်သည့်အရာမှ ထပ်ပြီးဝယ်မည်မဟုတ်ကြောင်း သန္နိဋ္ဌာန်ချခဲ့တဲ့အပြင် ကတိလည်းပေးခဲ့ပါတယ် ။ ထို့ကြောင့် Wang ဟာ သူမရဲ့အကြွေးများကိုလည်း ပြန်ဆပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz