ဒီပဲယင္းနယ္က စစ္ေဘးေရွာင္ျပည္သူမ်ားအတြက္ စားနပ္ရိကၡာထက္ ေဆးဝါးမ်ားသာ အဓိကအကူအညီ လိုအပ္ေနဟု သိရ
ဒီပဲယင္းနယ္အတြင္း ဖက္ဆစ္စစ္တပ္ရဲ႕ ရက္စက္မႈမ်ားေၾကာင့္ ထြက္ေျပးတိမ္းေရွာင္ေနရေသာ ျပည္သူမ်ားအတြက္ ေဆးဝါးသာ အဓိက အကူအညီလိုအပ္ေၾကာင္း ပါဝင္ကူညီေနသူမ်ားထံမွ သိရသည္။
ဒီပဲယင္းက ေတာင္သူႀကီးေတြနယ္ဆိုေတာ့ စားနပ္ရိကၡာျပတ္လပ္တာမ်ိဳးမရွိပါဘူး၊ တိုက္ပြဲေတြျဖစ္ၾကတဲ့အခါ ေဆးဝါးကုသမႈနဲ႕ ေဆးပစၥည္းေတြလိုအပ္ပါတယ္ ဟု ကူညီေနသူတစ္ဦးက ေျပာသည္။
စားနပ္ရိကၡာျပတ္လပ္ျခင္းမရွိဘဲ တိုက္ပြဲေၾကာင့္ ထိခိုက္ထားသူမ်ားရွိထားျခင္း၊ ေသာက္သုံးေရ မသန႔္ရွင္း၍ ေနာက္ဆက္တြဲက်န္းမာေရးျပႆနာအတြက္ ကာကြယ္ရန္ျဖစ္ေၾကာင္း ၎က ေျပာသည္။
အဓိက အကူအညီလိုအပ္သည့္ ေဆးဝါးမွာ Glucometer+RBS Strip, Pulse Oximeter, Stitching Tray, Examination Glove အဓိကျဖစ္ၿပီး အကိုက္အခဲေပ်ာက္ေဆး၊ ဒဏ္ေၾကးလိမ္းေဆး၊ အနာထည့္ေဆးရည္၊ ဓာတ္ဆားတို႔ျဖစ္သည္။
လတ္တေလာ တစ္နိုင္ငံလုံး ကိုဗစ္ကူးစက္မႈ၊ ေသဆုံးမႈျမင့္မားေနခ်ိန္ ေနရပ္စြန႔္ခြာ ထြက္ေျပးတိမ္းေရွာင္ေနသူမ်ားအေနႏွင့္ ကိုဗစ္ကူးစက္ျပန႔္ပြားလာမည္ကိုလည္း အထူးစိုးရိမ္ေနေၾကာင္း ကူညီသူအခ်ိဳ႕က ေျပာသည္။
ရိကၡာလည္း ေရရွည္တိုက္ပြဲဆိုရင္ လိုအပ္လာနိုင္ေပမယ့္ ယခုလက္ရွိမွာေတာ့ ရိကၡာထက္ပိုလိုအပ္ေနတာ ေဆးဝါးျဖစ္ပါတယ္ ဟု ေဆးဝါးကူညီေနသူတစ္ဦးက ေျပာသည္။
ယခုလဆန္းပိုင္းက ဖက္ဆစ္စစ္တပ္ရဲ႕ရက္စက္မႈေၾကာင့္ ဒီပဲယင္းၿမိဳ႕နယ္အတြင္း အရပ္သားျပည္သူ ၃၂ဦးေသဆုံးခဲ့ၿပီး ေက်း႐ြာ ၁၃႐ြာမွ ထြက္ေျပးတိမ္းေရွာင္ေနရသူ ၆၀၀၀ ေက်ာ္ရွိခဲ့ေၾကာင္း ဇူလိုင္ ၅ရက္အထိ စာရင္းအရ သိရသည္။
ယခုအခါ အေျခအေန တည္ၿငိမ္သည္မဆိုနိုင္ေသာ္လည္း ကင္းမ႐ြာကဲ့သို႔ စစ္တပ္က မီးရွို႔မည္ကို စိုးရိမ္သျဖင့္ အခ်ိဳ႕က ေနရပ္သို႔ ျပန္လည္ေစာင့္ၾကည့္ေနၿပီး အမ်ားစုမွာ ေတာထဲတြင္ ဆက္လက္စစ္ေဘးေရွာင္ေနဆဲျဖစ္သည္ဟု သိရပါတယ္
Unicode
ဒီပဲယင်းနယ်က စစ်ဘေးရှောင်ပြည်သူများအတွက် စားနပ်ရိက္ခာထက် ဆေးဝါးများသာ အဓိကအကူအညီ လိုအပ်နေဟု သိရ
ဒီပဲယင်းနယ်အတွင်း ဖက်ဆစ်စစ်တပ်ရဲ့ ရက်စက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများအတွက် ဆေးဝါးသာ အဓိက အကူအညီလိုအပ်ကြောင်း ပါဝင်ကူညီနေသူများထံမှ သိရသည်။
ဒီပဲယင်းက တောင်သူကြီးတွေနယ်ဆိုတော့ စားနပ်ရိက္ခာပြတ်လပ်တာမျိုးမရှိပါဘူး၊ တိုက်ပွဲတွေဖြစ်ကြတဲ့အခါ ဆေးဝါးကုသမှုနဲ့ ဆေးပစ္စည်းတွေလိုအပ်ပါတယ် ဟု ကူညီနေသူတစ်ဦးက ပြောသည်။
စားနပ်ရိက္ခာပြတ်လပ်ခြင်းမရှိဘဲ တိုက်ပွဲကြောင့် ထိခိုက်ထားသူများရှိထားခြင်း၊ သောက်သုံးရေ မသန့်ရှင်း၍ နောက်ဆက်တွဲကျန်းမာရေးပြဿနာအတွက် ကာကွယ်ရန်ဖြစ်ကြောင်း ၎င်းက ပြောသည်။
အဓိက အကူအညီလိုအပ်သည့် ဆေးဝါးမှာ Glucometer+RBS Strip, Pulse Oximeter, Stitching Tray, Examination Glove အဓိကဖြစ်ပြီး အကိုက်အခဲပျောက်ဆေး၊ ဒဏ်ကြေးလိမ်းဆေး၊ အနာထည့်ဆေးရည်၊ ဓာတ်ဆားတို့ဖြစ်သည်။
လတ်တလော တစ်နိုင်ငံလုံး ကိုဗစ်ကူးစက်မှု၊ သေဆုံးမှုမြင့်မားနေချိန် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေသူများအနေနှင့် ကိုဗစ်ကူးစက်ပြန့်ပွားလာမည်ကိုလည်း အထူးစိုးရိမ်နေကြောင်း ကူညီသူအချို့က ပြောသည်။
ရိက္ခာလည်း ရေရှည်တိုက်ပွဲဆိုရင် လိုအပ်လာနိုင်ပေမယ့် ယခုလက်ရှိမှာတော့ ရိက္ခာထက်ပိုလိုအပ်နေတာ ဆေးဝါးဖြစ်ပါတယ် ဟု ဆေးဝါးကူညီနေသူတစ်ဦးက ပြောသည်။
ယခုလဆန်းပိုင်းက ဖက်ဆစ်စစ်တပ်ရဲ့ရက်စက်မှုကြောင့် ဒီပဲယင်းမြို့နယ်အတွင်း အရပ်သားပြည်သူ ၃၂ဦးသေဆုံးခဲ့ပြီး ကျေးရွာ ၁၃ရွာမှ ထွက်ပြေးတိမ်းရှောင်နေရသူ ၆၀၀၀ ကျော်ရှိခဲ့ကြောင်း ဇူလိုင် ၅ရက်အထိ စာရင်းအရ သိရသည်။
ယခုအခါ အခြေအနေ တည်ငြိမ်သည်မဆိုနိုင်သော်လည်း ကင်းမရွာကဲ့သို့ စစ်တပ်က မီးရှို့မည်ကို စိုးရိမ်သဖြင့် အချို့က နေရပ်သို့ ပြန်လည်စောင့်ကြည့်နေပြီး အများစုမှာ တောထဲတွင် ဆက်လက်စစ်ဘေးရှောင်နေဆဲဖြစ်သည်ဟု သိရပါတယ်