ၾကားသိရသမွ်

NUG အစိုးရပြည်ထဲရေးဝန်ကြီးဌာနသို့ AAC အဖွဲ့မှကျပ်ငွေ သိန်း(၁၀၀၀) လှူဒါန်းခြင်း အောင်မြင်ခဲ့ပါပြီ…

PDF တောင်ပိုင်းတိုင်းစစ်ဌာနချုပ်အတွက်

NUG အစိုးရပြည်ထဲရေးဝန်ကြီးဌာနသို့ AAC အဖွဲ့မှကျပ်ငွေ သိန်း(၁၀၀၀) လှူဒါန်းခြင်း အောင်မြင်ခဲ့ပါပြီ…

NUG အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနသို့ ထိုင်းနိုင်ငံအခြေစိုက် AAC မဟာမိတ်အဖွဲ့မှ အရေးပေါ် လိုအပ်သည့်

နေရာများ၌ အသုံးပြုနိုင်ရန်အတွက် ကျပ်ငွေ သိန်း(၁၀၀၀)ကို ၆ ကြိမ်တိတိပေးပို့လှူဒါန်းခဲ့ပါတယ်။

ဇွန် -၂၃ မှ ဂျူလိုင်လ ၁၁ အထိ။

၁။(612000)ဘတ်.

၂။( 219421 )ဘတ်

၃။( 336430 )ဘတ်

၄။(242002) ဘတ်

၅။( 456272 )ဘတ်

၆။(173875)-ဘတ်

11-7-2021..ရက်နေ့ထိပြည်ထဲရေးကို ပေးပို့ထားပြီး

ထိုင်းဘတ်ငွေစုစုပေါင်း နှစ်သန်းလေးသောင်း( 2,040,000 )ဘတ်ဖြစ်ပါတယ်။

ပထမ အကြိမ်း လှူဒါန်းပွဲအား Zoom meeting အခမ်းအနားဖြင့် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ လှူဒါန်းပွဲသို့ NUG အစိုးရ ပြည်ထဲရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလတ်၊ကော်မတီအဖွဲ့ဝင် ဦးဥက္ကာမင်းတို့မှ တက်ရောက်ရယူခဲ့ပြီး….

AAC မဟာမိတ်အဖွဲ့မှ ဒါရိုတ်တာဦးလှခိုင်၊NUG အစိုးရ ဘေးစီမံနှင့်လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာနမှ ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းပို့ဆောင်ရေးတာဝန်ခံအဖြစ် တာဝန်ပေးထားသောAAC အထွေထွေတာဝန်ခံ ဦးရဲမင်းတို့မှ ကနဦးအဖြစ် သိန်း(၃၀၀)အား ပေးအပ်လှူဒါန်းခဲ့ပြီး ယနေ့မှာတော့ကျပ်ငွေသိန်းတစ်ထောင်ပြည့်အောင် လှူဒါန်းပေးခဲ့သည်။

NUG အစိုးရစတင်ဖွဲ့စည်း​ပြီးခါစအချိန်တုန်းကလည်းကာကွယ်ရေးဝန်ကြီးဌာနဝန်ကြီးဦးရည်မွန် ထံသို့ပထမဦးဆုံးအလှူရှင်အဖြစ် AAC အဖွဲ့မှ ဘတ်တစ်သန်းတိတိလှူဒါန်းပေးခဲ့ပြီးဖြစ်သည်။

ပြည်ထောင်စုဝန်ကြီး ဦးလွင်ကိုလတ်နှင့် အဖွဲ့မှ ရှေ့လုပ်ငန်းစဉ်များအား ဖြေကြားဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းဝေးသို့ The Satellite for Myanmar Democracy (SMD)အဖွဲ့ဝင်များဖြစ်ကြသည့် ရွှေဝါရောင် အရှင်ထာဝရ၊ ဒီချုပ်ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး၊ NLD O.C Japan မှ ဦးဇေယျာဝင်းနှင့် အဖွဲ့ဝင်

(၁)ဦးတက်ရောက်ကြသည်။ မှတ်တမ်းတင် Media Channel အဖွဲ့ဝင် (၂)ဦးတက်ရောက်ခဲ့ကြသည်။

ထိုင်းအခြေစိုက် AAC မဟာမိတ်အဖွဲ့သည် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ၏ လှူဒါန်းမှုများအား သက်ဆိုင်ရာ အစိုးရအဖွဲ့အစည်းများနှင့် အရေးပေါ်လိုအပ်သည့် နေရာများသို့ တိုက်ရိုက်ရောက်ရှိနိုင်ရန် ချိတ်ဆက်လှူဒါန်းလျှက်ရှိပြီး လူသားချင်းစာနာထောက်ထားရေးဆိုင်ရာ ရိက္ခာ၊ ဆေးဝါးနှင့် အခြေခံပစ္စည်းများပါမကျန် အမျိုးသားညီညွတ်ရေး အစိုးရအတွက် လှူဒါန်းပေးလျှက်ရှိသည်။

ပြည်သူနဲ့အတူ ကြည်ဖြူတဲ့

အစိုးရဆီသို့

အရေးတော်ပုံ အောင်ရမည်။

ရဲမင်း(AAC)—🚩

ရိက္ခာနှင့်ထောက်ပံ့ပစ္စည်းပို့ဆောင်ရေး၊ဆက်သွယ်ညှိနှိုင်းရေးတာဝန်ခံ ထိုင်းနိုင်ငံဆိုင်ရာ…