မြို့ပတ်ပြီး တစ်ဦးတည်းအလှူဖြင့် အောက်ဆီဂျင် လိုက်ဖြည့်ပေးတော့မည့် နန္ဒာလှိုင်တို့ ဇနီးမောင်နှံ
ကိုဇေသီဟ နှင့်မနန္ဒာလှိုင် မိသားစုမှတစ်ဦးတည်းအလှူရှင်အဖြစ် အောက်ဆီဂျင်များကိုကွန်တင်နာကားနဲ့တင်ကာမြို့ပတ်ပြီး အခမဲ့ဖြည့်တင်းလှုဒါန်းသွားမည်
ညဘက်တွင်လည်း ဇေကမ္ဘာ ဝင်းအတွင်းဖြည့်ပေးသွားမည်ဖြစ်ပြီး ၂၄နာရီ ဖြည့်တင်းလှုဒါန်းနိုင်ရန်စီစဉ်နေကြောင်း အကယ်ဒမီ နန္ဒာလှိုင် သတင်းစကားပါး
ဇူလိုင် ၁၃
ကိုဗစ်ရောဂါခံစားနေရသူများ အထူးလိုအပ်လျက်ရှိသည့် အောက်ဆီဂျင် များကို ကိုဇေ နှင့် မနန္ဒာလှိုင်မိသားစု မှ ရွေ့လျားအောက်ဆီဂျင် စက်ရုံဝယ်ယူကာ ကွန်တိန်နာ ကားဖြင့် မြို့ပတ်လိုက်ဖြည့် လှုဒါန်းသွားမည် ဖြစ်ကြောင်း သရုပ်ဆောင် နန္ဒာလှိုင်၏ မောင်ဖြစ်သူ ကိုစိန်ဖြိုးလှိုင်မှ ယင်း၏လူမှုကွန်ယက် ဖြစ်သည့်SEIN PHYo & YI ဖေ့ဘုတ်စာမျက်နှာထက်တွင် အောက်ပါအတိုင်း သတင်းစကား ပါးခဲ့သည်.*****.စိတ်ညစ်စရာတွေပဲများနေလို့ သတင်းကောင်းလေးတင်ပေးပါမယ်…
အောက်စီဂျင်စက်ရုံ ( 50Nm3/h ) ကို မှာယူလိုက်ပါပြီ။
အမြန်ဆုံးရောက်လာဖို့ကြိုးစားနေကြပါတယ်..
ကိုဇေနဲ့ မနန္ဒာ မိသားစုကတဦးတည်း အလှူရှင်အဖြစ်လှူမှာပါ… တစ်ရက်ကို 40L အလုံး ၂၀၀ ဖြည့်ပေးနိုင်မှာပါ။
ထူးခြားချက်ကတော့ စက်ရှိတဲ့ဆီလာဖြည့်စရာ မလိုပဲ ကွန်တင်နာကားနဲ့တင်ပြီး မြို့ပတ်ပြီး လိုက်ဖြည့်ပေးမှာပါ… ဒီသတင်းကြားကြားချင်း ပျော်လွန်းလို့..
တခြားသူတွေလည်းပျော်ရအောင်တင်ပေးလိုက်ပါတယ်..
အားလုံးပဲ ဖိုက်တင်း ဟု SEIN PHYO & YIလူမှုကွန်ယက်စာမျက်နှာမှရေးသားထားကြောင်းတွေ့ရသည်။
ထို့အပြင် အကယ်ဒမီနန္ဒာလှိုင် ကလည်း လူမှု့ကွန်ယက်မှတဆင့်ဖြည့်တင်းလှုဒါန်းမည့် အစီအစဉ် များကိုအောက်ပါအတိုင်းရေးသား အသိပေးခဲ့သည်
မင်္ဂလာ သတင်းပါ။
အားလုံးလိုအပ်နေတဲ့ အောက်ဆီဂျင်ထုတ်လုပ်တဲ့စက်ရုံ တစ်ခုကို ဝယ်ဖို့ ရွေးချယ်လိုက်ပါပြီ။ အောက်ဆီဂျင် 50Nm3/h ထုတ်လုပ်နိုင်တဲ့အတွက် တနေ့လျှင် 40L အိုးကြီး အလုံး ၂၀၀ ဖြည့်ပေးလို့ရပါတယ်။ လက်ရှိအနေအထားအရ အမြန်ဆုံးနဲ့ လူတွေ ပိုပြီးအကျိုးရှိစေမဲ့ အချက်ကို အဓိကထားပြီး ရွေးချယ်လိုက်တာဖြစ်ပါတယ်။
တကယ်လိုအပ်နေတဲ့ပြည်သူတွေ ဆီရောက်ဖို့အတွက် ပေ၂၀ ကွန်တိန်နာထဲထည့်ပြီး နေ့စဉ် လိုအပ်ချက်ရှိနေတဲ့ ရပ်ကွက် မြို့နယ်တွေကို ပတ်ပြီး ထည့်ပေးပါမယ်။
ညဘက်ကျရင်လည်း ဇေကမ္ဘာ ဝင်းထဲမှာ ကားကို ရပ်နားပြီး ဖြည့်ပေးပါမယ်။ ၂၄ နာရီနီးပါးဖြည့်တင်းနိုင်ဖို့ စီစဉ်ပါမယ်။ အခမဲ့ ဖြည့်ပေးမှာ ဖြစ်ပြီး နောက်ထပ်ခြေလှမ်းအတွက်လဲ ထပ်ကြိုးစားပါအုံးမယ်။
တစ်ခုပဲ အားနာမိပါတယ်။ အမြန်ဆုံးရောက်အောင် ကြိုးစားထားပေမဲ့ အခုမှ စမှာတာဖြစ်လို့ နဲနဲတော့ စောင့်ရလိမ့်မယ်ထင်ပါတယ်။ စိတ်မလျှော့ကြပါနဲ့။ ကျွန်မတို့လိုပဲ တခြားအလှူရှင်တွေလဲ မကြာခင်ပေါ်လာတော့မှာပါ။
ကျန်းမာအောင်နေထိုင်ပေးကြပါရှင်…….ဟု အကယ်ဒမီနန္ဒာလှိုင် ကရေးသားထားသည်.
မြန်မာလူထုမီဒီယာ
နန္ဒာလှိုင်
ကိုဇေသီဟ
ဇူလိုင် ၁၃
မင်္ဂလာ သတင်းပါ။
မြန်မာလူထုမီဒီယာ
နန္ဒာလှိုင်
ကိုဇေသီဟ