တစ္ဦးထဲသာက်န္ရွိေတာ့သည့္အာဇာနည္ေခါင္းေဆာင္ဦးအုန္းေမာင္၏ ဇနီးဖြားဖြားေဒၚသိန္းႂကြယ္
အာဇာနည္ေခါင္းေဆာင္ႀကီး (၉)ဦးထဲက သားသမီးေျမးျမစ္အေနနဲ႔မဟုတ္ဘဲ ဇနီးမယားအျဖစ္ သက္ရွိက်န္ရွိေနတာ တစ္ဦးပဲရွိပါေတာ့တယ္။
သူမကေတာ့ အသက္ (၉၅) ႏွစ္အရြယ္ ဖြားဖြားေဒၚသိန္းႂကြယ္ျဖစ္ပါတယ္။ သူမရဲ့ခင္ပြန္းသည္ အာဇာနည္ေခါင္းေဆာင္ႀကီးကေတာ့ သူမထက္အသက္ (၁၀)ႏွစ္ႀကီးတဲ့ အတြင္းဝန္ ဦးအုန္းေမာင္ပါ။
သူဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းထက္ အသက္(၂)ႏွစ္ႀကီး၍၁၉၁၃ ခုႏွစ္ ဇနဝါရီဖြားျဖစ္ပါတယ္။
အတြင္းဝန္ဦးအုန္းေမာင္ဟာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ အတူတူတစ္ရက္ထဲ ၁၉၄၇ ခုႏွစ္ ၁၉ ဇူလိုင္ေန႔မွာ ဂဠဳန္ဦးေစာရဲ့လုပ္ႀကံမႈနဲ႔ က်ဆုံးခဲ့ရသူ ျဖစ္ပါတယ္။
ဖြားဖြားႀကီးေဒၚသိန္းႂကြယ္က်မၼာခ်မ္းသာပါေစ……။အိန္ဂ်ယ္
အာဇာနည္ ဦးအုန္းေမာင္(၁၉၁၃-၁၉၄၇)
ဦးအုန္းေမာင္သည္ မင္းဘူးၿမိဳ႕ မစၥတာ အိပ္ခ်္ဒဗလ်ဴတရပ္(တ္)ဝိန္း၊ ေဒၚေရႊျမင့္တို႔၏ ဒုတိယသားျဖစ္သည္။ ေမြးသကၠရာဇ္မွာ ၁၉၁၃ ခု၊ ေဖေဖာ္ဝါရီလ ၂ ရက္ ျဖစ္သည္။တကၠသိုလ္ေက်ာင္းသားဘဝက ရန္ကုန္တကၠသိုလ္ တပ္ရင္းတြင္ တပ္ခြဲ တပ္ေထာက္အျဖစ္ ေဆာင္ရြက္ခဲ့သည္။
၁၉၃၄ ခုႏွစ္တြင္ ဝိဇၨာတန္းေအာင္သည္။ ၁၉၃၇ ခုတြင္ အိုင္စီအက္(စ္) စာေမးပြဲေျဖသူ ၃ ဦးအနက္ ပထမရသည္။ ၁၉၃၉ ခုတြင္ မႏၲေလးၿမိဳ႕၊ အေရွ႕နယ္ပိိုင္ ဝန္ေထာက္အျဖစ္ ေဆာင္ရြက္ခဲ့သည္။
၁၉၄၇ ခုႏွစ္တြင္ ျမစ္ႀကီးနား အေရးပိုင္အျဖစ္ ခန႔္အပ္ျခင္းခံရသည္။ ထို႔ေနာက္ လမ္းပန္းဆက္သြယ္ေရး အတြင္းဝန္အျဖစ္ ခန႔္အပ္ျခင္းခံရသည္။၁၉၄၇ ခု၊ ဇူလိုင္လ ၁၉ ရက္ေန႔ စေနေန႔၊ နံနက္ ၁ဝ နာရီ၊ ၃၇ မိနစ္တြင္ လုပ္ႀကံခံရသည္။
အာဇာနည္ ေခါင္းေဆာင္ႀကီးမ်ားႏွင့္ အတူ အတြင္းဝန္ ဦးအုန္းေမာင္ ကြယ္လြန္ခ်ိန္တြင္ ဇနီး ေဒၚသိန္းႂကြယ္ႏွင့္ သားမ်ား ကိုတင္ေမာင္သိန္း၊ ကိုကိုလွ၊ ေမာင္မင္းျမင့္တို႔ က်န္ရစ္သည္။
”အေဖ က်ဆုံးခ်ိန္မွာ သယ္ယူပို႔ေဆာင္ေရးနဲ႔ လမ္းပန္းဆက္သြယ္ေရး ဝန္ႀကီးဌာနမွာ အတြင္းဝန္ပါ။ အဲဒါမတိုင္မီကေတာ့ ျမစ္ႀကီးနားမွာ တိုင္းမင္းႀကီးပါ။
အေဖက ျမစ္ႀကီးနားမွာ ေနခဲ့ေတာ့ ပင္လုံညီလာခံလုပ္ဖို႔အတြက္ ဗိုလ္ခ်ဳပ္ရဲ့ညႊန္ၾကားခ်က္အရ ကခ်င္ေခါင္းေဆာင္ ဆမားဒူးဝါးဆင္ဝါးေနာင္ကို အေဖကဖိတ္ေခၚခဲ့တယ္။ ေနာက္ပိုင္းမွာ ဗိုလ္ခ်ဳပ္ေအာင္ဆန္းနဲ႔ ေတြ႕တယ္။
ေတြ႕ဆုံေဆြးေႏြးမႈ ေအာင္ျမင္ခဲ့တဲ့အတြက္ ကခ်င္ေခါင္းေဆာင္ႀကီးက အမွတ္တရ ကခ်င္ရိုးရာဓားတစ္ေခ်ာင္း အေဖ့ကိုလက္ေဆာင္ေပးခဲ့တယ္။ အေဖနဲ႔ ဆမားဒူးဝါးဆင္ဝါးေနာင္က ေတာ္ေတာ္ရင္းႏွီးတယ္လို႔ သိရပါတယ္။
အဲဒီ ေနာက္ပိုင္းမွာေတာ့ အေဖက်ဆုံးသြားခဲ့ပါတယ္”ဟု အာဇာနည္ေခါင္းေဆာင္ႀကီး အတြင္းဝန္ဦးအုန္းေမာင္၏သားျဖစ္သူ ေဒါက္တာမင္းျမင့္က ေျပာသည္။အာဇာနည္ေခါင္းေဆာင္ႀကီး အတြြင္းဝန္ဦးအုန္းေမာင္ က်ဆုံးခဲ့ရမႈကလည္း ေၾကကြဲဝမ္းနည္းဖြယ္ရာ ေကာင္းလွသည္။
၁၉၄၇ ခုႏွစ္ ဇူလိိုင္ ၁၉ ရက္ နံနက္တြင္ က်င္းပသည့္ ဝန္ႀကီးမ်ားအစည္းအေဝးသို႔ အမွန္တကယ္ တက္ေရာက္ရမည့္သူမွာ လမ္းပန္းဆက္သြယ္ေရးႏွင့္ သယ္ယူပို႔ေဆာင္ေရး ဝန္ႀကီးျဖစ္သူ ေစာစံဖိုးသင္ ျဖစ္ေသာ္လည္း ခရီးလြန္ေန၍ အတြင္းဝန္ ဦးအုန္းေမာင္က လုပ္ငန္းဆိုင္ရာမ်ားကို ရွင္းလင္းတင္ျပခဲ့ရျခင္းျဖစ္သည္။
ဝန္ႀကီးမ်ားအစည္းအေဝး က်င္းပေနစဥ္အေတာအတြင္း၌လည္း အတြင္းဝန္ဦးအုန္းေမာင္သည္ နံနက္ ၁ဝ နာရီ ၃၅ မိနစ္အေရာက္မွ အလွည့္က်၍ အစည္းအေဝးခန္းမသို႔ ဝင္ေရာက္ခဲ့ရာ ႏွစ္မိနစ္အၾကာတြင္ မသမာသူ လူတစ္စုက ဝင္ေရာက္လုပ္ႀကံပစ္ခတ္ခဲ့ျခင္းျဖစ္သည္။
ခရစ္ဒစ္
unicode
တစ်ဦးထဲသာကျန်ရှိတော့သည့်အာဇာနည်ခေါင်းဆောင်ဦးအုန်းမောင်၏ ဇနီးဖွားဖွားဒေါ်သိန်းကြွယ်
အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးထဲက သားသမီးမြေးမြစ်အနေနဲ့မဟုတ်ဘဲ ဇနီးမယားအဖြစ် သက်ရှိကျန်ရှိနေတာ တစ်ဦးပဲရှိပါတော့တယ်။
သူမကတော့ အသက် (၉၅) နှစ်အရွယ် ဖွားဖွားဒေါ်သိန်းကြွယ်ဖြစ်ပါတယ်။ သူမရဲ့ခင်ပွန်းသည် အာဇာနည်ခေါင်းဆောင်ကြီးကတော့ သူမထက်အသက် (၁၀)နှစ်ကြီးတဲ့ အတွင်းဝန် ဦးအုန်းမောင်ပါ။
သူဟာ ဗိုလ်ချုပ်အောင်ဆန်းထက် အသက်(၂)နှစ်ကြီး၍၁၉၁၃ ခုနှစ် ဇနဝါရီဖွားဖြစ်ပါတယ်။
အတွင်းဝန်ဦးအုန်းမောင်ဟာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အတူတူတစ်ရက်ထဲ ၁၉၄၇ ခုနှစ် ၁၉ ဇူလိုင်နေ့မှာ ဂဠုန်ဦးစောရဲ့လုပ်ကြံမှုနဲ့ ကျဆုံးခဲ့ရသူ ဖြစ်ပါတယ်။
ဖွားဖွားကြီးဒေါ်သိန်းကြွယ်ကျမ္မာချမ်းသာပါစေ……။အိန်ဂျယ်
အာဇာနည် ဦးအုန်းမောင်(၁၉၁၃-၁၉၄၇)
ဦးအုန်းမောင်သည် မင်းဘူးမြို့ မစ္စတာ အိပ်ချ်ဒဗလျူတရပ်(တ်)ဝိန်း၊ ဒေါ်ရွှေမြင့်တို့၏ ဒုတိယသားဖြစ်သည်။ မွေးသက္ကရာဇ်မှာ ၁၉၁၃ ခု၊ ဖေဖော်ဝါရီလ ၂ ရက် ဖြစ်သည်။တက္ကသိုလ်ကျောင်းသားဘဝက ရန်ကုန်တက္ကသိုလ် တပ်ရင်းတွင် တပ်ခွဲ တပ်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၃၄ ခုနှစ်တွင် ဝိဇ္ဇာတန်းအောင်သည်။ ၁၉၃၇ ခုတွင် အိုင်စီအက်(စ်) စာမေးပွဲဖြေသူ ၃ ဦးအနက် ပထမရသည်။ ၁၉၃၉ ခုတွင် မန္တလေးမြို့၊ အရှေ့နယ်ပိိုင် ဝန်ထောက်အဖြစ် ဆောင်ရွက်ခဲ့သည်။
၁၉၄၇ ခုနှစ်တွင် မြစ်ကြီးနား အရေးပိုင်အဖြစ် ခန့်အပ်ခြင်းခံရသည်။ ထို့နောက် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် ခန့်အပ်ခြင်းခံရသည်။၁၉၄၇ ခု၊ ဇူလိုင်လ ၁၉ ရက်နေ့ စနေနေ့၊ နံနက် ၁ဝ နာရီ၊ ၃၇ မိနစ်တွင် လုပ်ကြံခံရသည်။
အာဇာနည် ခေါင်းဆောင်ကြီးများနှင့် အတူ အတွင်းဝန် ဦးအုန်းမောင် ကွယ်လွန်ချိန်တွင် ဇနီး ဒေါ်သိန်းကြွယ်နှင့် သားများ ကိုတင်မောင်သိန်း၊ ကိုကိုလှ၊ မောင်မင်းမြင့်တို့ ကျန်ရစ်သည်။
”အဖေ ကျဆုံးချိန်မှာ သယ်ယူပို့ဆောင်ရေးနဲ့ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီးဌာနမှာ အတွင်းဝန်ပါ။ အဲဒါမတိုင်မီကတော့ မြစ်ကြီးနားမှာ တိုင်းမင်းကြီးပါ။
အဖေက မြစ်ကြီးနားမှာ နေခဲ့တော့ ပင်လုံညီလာခံလုပ်ဖို့အတွက် ဗိုလ်ချုပ်ရဲ့ညွှန်ကြားချက်အရ ကချင်ခေါင်းဆောင် ဆမားဒူးဝါးဆင်ဝါးနောင်ကို အဖေကဖိတ်ခေါ်ခဲ့တယ်။ နောက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းနဲ့ တွေ့တယ်။
တွေ့ဆုံဆွေးနွေးမှု အောင်မြင်ခဲ့တဲ့အတွက် ကချင်ခေါင်းဆောင်ကြီးက အမှတ်တရ ကချင်ရိုးရာဓားတစ်ချောင်း အဖေ့ကိုလက်ဆောင်ပေးခဲ့တယ်။ အဖေနဲ့ ဆမားဒူးဝါးဆင်ဝါးနောင်က တော်တော်ရင်းနှီးတယ်လို့ သိရပါတယ်။
အဲဒီ နောက်ပိုင်းမှာတော့ အဖေကျဆုံးသွားခဲ့ပါတယ်”ဟု အာဇာနည်ခေါင်းဆောင်ကြီး အတွင်းဝန်ဦးအုန်းမောင်၏သားဖြစ်သူ ဒေါက်တာမင်းမြင့်က ပြောသည်။အာဇာနည်ခေါင်းဆောင်ကြီး အတွွင်းဝန်ဦးအုန်းမောင် ကျဆုံးခဲ့ရမှုကလည်း ကြေကွဲဝမ်းနည်းဖွယ်ရာ ကောင်းလှသည်။
၁၉၄၇ ခုနှစ် ဇူလိိုင် ၁၉ ရက် နံနက်တွင် ကျင်းပသည့် ဝန်ကြီးများအစည်းအဝေးသို့ အမှန်တကယ် တက်ရောက်ရမည့်သူမှာ လမ်းပန်းဆက်သွယ်ရေးနှင့် သယ်ယူပို့ဆောင်ရေး ဝန်ကြီးဖြစ်သူ စောစံဖိုးသင် ဖြစ်သော်လည်း ခရီးလွန်နေ၍ အတွင်းဝန် ဦးအုန်းမောင်က လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြခဲ့ရခြင်းဖြစ်သည်။
ဝန်ကြီးများအစည်းအဝေး ကျင်းပနေစဉ်အတောအတွင်း၌လည်း အတွင်းဝန်ဦးအုန်းမောင်သည် နံနက် ၁ဝ နာရီ ၃၅ မိနစ်အရောက်မှ အလှည့်ကျ၍ အစည်းအဝေးခန်းမသို့ ဝင်ရောက်ခဲ့ရာ နှစ်မိနစ်အကြာတွင် မသမာသူ လူတစ်စုက ဝင်ရောက်လုပ်ကြံပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
ခရစ်ဒစ်