တောင်ဥက္ကလာပရှိ အစိုးရပိုင် ကမ္ဘာ့ရတနာဘဏ် ဓားပြတိုက်ခံရ
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ နန္ဒာဝန်စျေးအနီး အစိုးရပိုင် ကမ္ဘာ့ရတနာဘဏ် ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်က ဓားပြတိုက်ခံရကြောင်း ဒေသခံများနှင့် ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။
တောင်ဥက္ကလာ ၅/၇ ဗြဟ္မစိုရ် လမ်းမပေါ် နန္ဒာဝန်ဈေး အနီးရှိ ကမ္ဘာ့ရတနာဘဏ်ကို ယနေ့ နံနက် ၁၁ နာရီ ၁၀ မိနစ်တွင် လူ ၃ ဦးက Taxi ဖြင့် လာရောက်ပြီး ဓားပြတိုက်သွားကြောင်း၊ သေနတ် ၃ ချက်ဖောက်သွားသည်ဟု သိရှိရသည်။
“စစ်သားနဲ့ ရဲတွေအများကြီးရှိနေတော့ ဘဏ်အနားတော့ကပ်လို့မရဘူး။ လမ်း ပိတ်ပြီး အခု ရဲတွေစစ်နေတာတွေ့ရတယ်” ဟု ယင်းဘဏ်အနီးရောက်ရှိခဲ့သူ တစ်ဦးက ပြောဆိုသည်။
ဒေသခံတစ်ချို့ကမူ ငွေကျပ် သိန်း ၁၀၀ ပါသွားသည်ဟု ပြောဆိုကြသော်လည်း ရန်ကုန်ခေတ်သစ်အနေဖြင့် အတည်ပြုနိုင်ခြင်းမရှိသေးပါ။
ငွေကြေးမည်မျှ ပါသွားပြီး လူထိခိုက်မှု မည်မျှ ရှိသည် အပါအဝင် အသေးစိတ် အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
ကမ္ဘာ့ရတနာဘဏ်သည် ယခင်စစ်ခေါင်းဆောင် သန်းရွှေလက်ထက်တွင် ပေါ်ထွန်းခဲ့သော မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနလက်အောက်မှ အစိုးရပိုင် ဘဏ်တစ်ခုဖြစ်ပြီး
သက်တမ်းအားဖြင့် (၂၅)နှစ်ကျော် ရောက်ရှိခဲ့ပြီဖြစ်ကာ လက်ရှိတွင် ဘဏ်ခွဲ (၁၆၃)ဘဏ်၊ ဘဏ်ခွဲငယ် (၉)ဘဏ်၊ စုစုပေါင်းဘဏ်ခွဲ (၁၇၂) ဘဏ်ဖွင့်လှစ်ထားသည်။
ဓာတ်ပုံ- ကမ္ဘာ့ရတနာဘဏ်ခွဲတစ်ခု ။
ေတာင္ဥကၠလာပရွိ အစိုးရပိုင္ ကမၻာ့ရတနာဘဏ္ ဓားျပတိုက္ခံရ
ရန္ကုန္တိုင္း၊ ေတာင္ဥကၠလာပၿမိဳ႕နယ္၊ နႏၵာဝန္ေစ်းအနီး အစိုးရပိုင္ ကမၻာ့ရတနာဘဏ္ ယေန႕ နံနက္ ၁၁ နာရီ ၁၀ မိနစ္က ဓားျပတိုက္ခံရေၾကာင္း ေဒသခံမ်ားႏွင့္ ေဒသသတင္းရင္းျမစ္ထံမွ သိရွိရသည္။
ေတာင္ဥကၠလာ ၅/၇ ျဗဟၼစိုရ္ လမ္းမေပၚ နႏၵာဝန္ေဈး အနီးရွိ ကမၻာ့ရတနာဘဏ္ကို ယေန႕ နံနက္ ၁၁ နာရီ ၁၀ မိနစ္တြင္ လူ ၃ ဦးက Taxi ျဖင့္ လာေရာက္ၿပီး ဓားျပတိုက္သြားေၾကာင္း၊ ေသနတ္ ၃ ခ်က္ေဖာက္သြားသည္ဟု သိရွိရသည္။
“စစ္သားနဲ႕ ရဲေတြအမ်ားႀကီးရွိေနေတာ့ ဘဏ္အနားေတာ့ကပ္လို႔မရဘူး။ လမ္း ပိတ္ၿပီး အခု ရဲေတြစစ္ေနတာေတြ႕ရတယ္” ဟု ယင္းဘဏ္အနီးေရာက္ရွိခဲ့သူ တစ္ဦးက ေျပာဆိုသည္။
ေဒသခံတစ္ခ်ိဳ႕ကမူ ေငြက်ပ္ သိန္း ၁၀၀ ပါသြားသည္ဟု ေျပာဆိုၾကေသာ္လည္း ရန္ကုန္ေခတ္သစ္အေနျဖင့္ အတည္ျပဳနိုင္ျခင္းမရွိေသးပါ။
ေငြေၾကးမည္မွ် ပါသြားၿပီး လူထိခိုက္မႈ မည္မွ် ရွိသည္ အပါအဝင္ အေသးစိတ္ အေျခအေနမ်ားကို ဆက္လက္စုံစမ္းေနဆဲျဖစ္သည္။
ကမၻာ့ရတနာဘဏ္သည္ ယခင္စစ္ေခါင္းေဆာင္ သန္းေ႐ႊလက္ထက္တြင္ ေပၚထြန္းခဲ့ေသာ ေမြးျမဴေရးႏွင့္ ေရလုပ္ငန္းဝန္ႀကီးဌာနလက္ေအာက္မွ အစိုးရပိုင္ ဘဏ္တစ္ခုျဖစ္ၿပီး
သက္တမ္းအားျဖင့္ (၂၅)ႏွစ္ေက်ာ္ ေရာက္ရွိခဲ့ၿပီျဖစ္ကာ လက္ရွိတြင္ ဘဏ္ခြဲ (၁၆၃)ဘဏ္၊ ဘဏ္ခြဲငယ္ (၉)ဘဏ္၊ စုစုေပါင္းဘဏ္ခြဲ (၁၇၂) ဘဏ္ဖြင့္လွစ္ထားသည္။
ဓာတ္ပုံ- ကမၻာ့ရတနာဘဏ္ခြဲတစ္ခု ။