နယူးယောက်အခြေစိုက် ကုလသမဂ္ဂရုံး မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းသံအမတ်ကြီး ဦးကျော်မိုးထွန်းကို အကြမ်းဖက်စစ်အုပ်စုက တရားစွဲဆိုထားပြီး မြန်မာနိုင်ငံကို ပြန်လည်ပို့ဆောင်ပေးဖို့ တောင်းဆိုနေမှုအပေါ် အမေရိကန်နိုင်ငံခြားရေးဌာနက ပယ်ချခဲ့ပြီ
း ဦးကျော်မိုးထွန်းအပါအဝင် မြန်မာနိုင်ငံမှာ ဒီမိုကရေစီအစိုးရ ပြန်လည်ရရှိရေးအတွက် လုပ်ဆောင်နေတဲ့ လူမှုအသိုင်းဝိုင်းက ပုဂ္ဂိုလ်အသီးသီးနဲ့ ဆက်လက်ထိတွေ့ ဆက်ဆံဖို့ လုပ်ဆောင်သွားမယ်လို့ ပြောပါတယ်။
VOAသတင်းဌာနက သံအမတ်ကြီးဦးကျော်မိုးထွန်းကို အကြမ်းဖက်စစ်အုပ်စုက ပြန်လည်ပို့ဆောင်ပေးဖို့ တောင်းဆိုနေမှုအပေါ် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ သဘောထားကို email ပို့ပေးမြန်းရာမှာ ဆက်လက် လက်ခံ ဆက်ဆံသွားမယ်လို့ ပြန်ကြားခဲ့တယ်လို့ VOA သတင်းဌာနမှာ ဖော်ပြထားပါတယ်။
အကြမ်းဖက်စစ်အုပ်စုက အာဏာသိမ်းယူပြီးနောက်မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းက CRPHနဲ့ NUGအပေါ် သစ္စာခံခဲ့တာကြောင့် အကြမ်းဖက်စစ်အုပ်စုက မြန်မာနိုင်ငံအတွင်းမှာ တရားစွဲဆိုမှုတွေ လုပ်ဆောင်ထားခဲ့ပြီး စစ်သံမှူး ဗိုလ်မှူးကြီးအောင်သူရိန်ကို ဦးကျော်မိုးထွန်းနေရာမှာ အစားထိုးခန့်အပ်တယ်လို့ ကြေညာခဲ့ပေမဲ့
ကမ္ဘာ့နိုင်ငံ အသိုင်းအဝန်းကတော့ ကုလသမဂ္ဂအစည်းအဝေးတွေမှာ ဦးကျော်မိုးထွန်းကိုသာ မြန်မာနိုင်ငံဆိုင်ရာ အမြဲတမ်းသံအမတ်ကြီးအဖြစ် ဆက်လက်တက်ရောက်ခွင့် ပေးထားခဲ့ပါတယ်။
Source- VOA
နယူးေယာက္အေျခစိုက္ ကုလသမဂၢ႐ုံး ျမန္မာႏိုင္ငံဆိုင္ရာ အၿမဲတမ္းသံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းကို အၾကမ္းဖက္စစ္အုပ္စုက တရားစြဲဆိုထားၿပီး ျမန္မာႏိုင္ငံကို ျပန္လည္ပို႔ေဆာင္ေပးဖို႔ ေတာင္းဆိုေနမႈအေပၚ အေမရိကန္ႏိုင္ငံျခားေရးဌာနက ပယ္ခ်ခဲ့ၿပီ
း ဦးေက်ာ္မိုးထြန္းအပါအဝင္ ျမန္မာႏိုင္ငံမွာ ဒီမိုကေရစီအစိုးရ ျပန္လည္ရရွိေရးအတြက္ လုပ္ေဆာင္ေနတဲ့ လူမႈအသိုင္းဝိုင္းက ပုဂၢိဳလ္အသီးသီးနဲ႔ ဆက္လက္ထိေတြ႕ ဆက္ဆံဖို႔ လုပ္ေဆာင္သြားမယ္လို႔ ေျပာပါတယ္။
VOAသတင္းဌာနက သံအမတ္ႀကီးဦးေက်ာ္မိုးထြန္းကို အၾကမ္းဖက္စစ္အုပ္စုက ျပန္လည္ပို႔ေဆာင္ေပးဖို႔ ေတာင္းဆိုေနမႈအေပၚ အေမရိကန္ ႏိုင္ငံျခားေရးဌာနရဲ႕ သေဘာထားကို email ပို႔ေပးျမန္းရာမွာ ဆက္လက္ လက္ခံ ဆက္ဆံသြားမယ္လို႔ ျပန္ၾကားခဲ့တယ္လို႔ VOA သတင္းဌာနမွာ ေဖာ္ျပထားပါတယ္။
အၾကမ္းဖက္စစ္အုပ္စုက အာဏာသိမ္းယူၿပီးေနာက္မွာ သံအမတ္ႀကီး ဦးေက်ာ္မိုးထြန္းက CRPHနဲ႔ NUGအေပၚ သစၥာခံခဲ့တာေၾကာင့္ အၾကမ္းဖက္စစ္အုပ္စုက ျမန္မာႏိုင္ငံအတြင္းမွာ တရားစြဲဆိုမႈေတြ လုပ္ေဆာင္ထားခဲ့ၿပီး စစ္သံမႉး ဗိုလ္မႉးႀကီးေအာင္သူရိန္ကို ဦးေက်ာ္မိုးထြန္းေနရာမွာ အစားထိုးခန႔္အပ္တယ္လို႔ ေၾကညာခဲ့ေပမဲ့
ကမာၻ႔ႏိုင္ငံ အသိုင္းအဝန္းကေတာ့ ကုလသမဂၢအစည္းအေဝးေတြမွာ ဦးေက်ာ္မိုးထြန္းကိုသာ ျမန္မာႏိုင္ငံဆိုင္ရာ အၿမဲတမ္းသံအမတ္ႀကီးအျဖစ္ ဆက္လက္တက္ေရာက္ခြင့္ ေပးထားခဲ့ပါတယ္။
Source- VOA