ၾကားသိရသမွ်

အဝါရောင် သင်္ကေတကို သုံးပေးပါ…

အဝါရောင် သင်္ကေတကို သုံးပေးပါ

အိမ်ရှိလူအကုန် နေမကောင်းဖြစ်ပြီး အကူအညီအထောက်အပံ့ လိုအပ်ခဲ့ပါကအဝါရောင်နဲ့ပတ်သတ်တဲ့ သင်္ကေတလေး

မိမိအိမ်ရဲ့ပတ်ဝန်းကျင်ရှိ လူမြင်သာတဲ့နေရာမှာ ထုတ်ပေးထားပါ

ဈေးဝယ်ဖို့ / ဆေးဝယ်ဖို့ သွားရလာရခက်ခဲတာကအစ စားရေးသောက်ရေးခက်ခဲသွားတာအထိ အကူအညီပေးနိုင်ရန် ရည်ရွယ်ပါတယ် ။

အဝါရောင်ဟာ ပျော်ရွှင်ခြင်းအရောင်မို့ ဒီအရောင်လေးပဲသုံးပါရစေ ။

အရင် quarantine center တွေကိုတောင် ပြည်သူအချင်းချင်း စားရေးသောက်ရေး support ခဲ့တာမို့ ခုကိုယ့်အနီးအနား ကိုယ့်ပတ်ဝန်းကျင်ကို တခါပြန်ကူညီပေးကြဖို့ တောင်းဆိုပါရစေရှင် 🙏

– ဒီစကားလေး လက်ဆင့်ကမ်းပေးပါ ။

– ဒီ post ကလေး ပျံ့နှံ့စေဖို့ ပထမဆုံးအကြိမ် share ပေးဖို့လဲ ထပ်တောင်းဆိုပါရစေ 🙏

yellow symbol အိမ်လေးတွေကို တွေ့ခဲ့ရင်

သတင်းပေးကြပါဘယ်လမ်းက ၊ ဘယ်ရပ်ကွက်မှာ yellow symbol အိမ်ကလေးရှိခဲ့ရင် ကူညီနိုင်ပါတယ်ဆိုတဲ့ အလှူရှင်လဲ လိုအပ်ပါတယ်။

ပါဝင် ကူညီပေးကြပါအုန်းနော်

crd