ၾကားသိရသမွ်

သေဆုံးသူတွေကို နာရေးသယ်ဆောင်ပေးတဲ့အပြင် သုသာန်မှာ သရဏဂုံတင်ပေးနေတဲ့ ပရဟိတ ဆရာတော် ……

ကိုဗစ်နဲ့သေဆုံးသူတွေကို နာရေးသယ်ဆောင်ပေးတဲ့အပြင် သုသာန်မှာ သရဏဂုံတင်ပေးနေတဲ့ ပရဟိတ ဆရာတော် 🙏

ပြည်တွင်းကိုဗစ်တတိယလှိုင်းမှာ ရောဂါကူးစက်မှုနူန်းမြင့်တက်လာတာနဲ့အမျှ မြေပြင်မှာလည်း လိုအပ်ချက်တွေများပြားနေပါတယ်။

ကိုဗစ်ရောဂါလက္ခဏာနဲ့ သေဆုံးသူရုပ်အလောင်းတွေကို သယ်ဆောင်ပေးတဲ့ ပရဟိတလုပ်ငန်းတွေလည်းမနိုင်မနင်းဖြစ်လာတဲ့အခြေအနေနဲ့ ကြုံနေရပါတယ်။

အဲဒီလို ကူညီပေးနေတဲ့သူတွေထဲ သံဃာတော်တစ်ပါးလည်း ထူးထူးခြားခြားပါဝင်လာတာတွေ့ရပါတယ်။

ကန်ဦးလူမူကူညီရေးအသင်းမှာ ပရဟိတလုပ်ဆောင်ပေးနေတဲ့ ဦးပဉ္ဇင်း ဦးသုစရိတက တော့ ကိုဗစ်ကြောင့်သေဆုံးတဲ့ နာရေးတွေမှာ ရုပ်အလောင်းသယ်ဆောင်ရေးမှာ ပါဝင်ဆောင်ရွက်ပေးနေသလို သေဆုံးသူတွေအတွက် သုသာန်မှာပဲ သရဏဂုံတင်ပေးနေတာတွေလည်း လုပ်ဆောင်ပေးနေရတယ်လို့မိန့်ကြားပါတယ်။

ဆရာတော် ကျန်းမာပြီး သက်တော်ရာကျော်ရှည်ပါစေဘုရား 🙏🙏🙏

CreditPhoto&News

@BBC

zawgyi version

ကိုဗစ္နဲ႔ေသဆုံးသူေတြကို နာေရးသယ္ေဆာင္ေပးတဲ့အျပင္ သုသာန္မွာ သရဏဂုံတင္ေပးေနတဲ့ ပရဟိတ ဆရာေတာ္ 🙏

ျပည္တြင္းကိုဗစ္တတိယလွိုင္းမွာ ေရာဂါကူးစက္မႈႏူန္းျမင့္တက္လာတာနဲ႔အမၽွ ေျမျပင္မွာလည္း လိုအပ္ခ်က္ေတြမ်ားျပားေနပါတယ္။

ကိုဗစ္ေရာဂါလကၡဏာနဲ႔ ေသဆုံးသူ႐ုပ္အေလာင္းေတြကို သယ္ေဆာင္ေပးတဲ့ ပရဟိတလုပ္ငန္းေတြလည္းမနိုင္မနင္းျဖစ္လာတဲ့အေျခအေနနဲ႔ ၾကဳံေနရပါတယ္။

အဲဒီလို ကူညီေပးေနတဲ့သူေတြထဲ သံဃာေတာ္တစ္ပါးလည္း ထူးထူးျခားျခားပါဝင္လာတာေတြ႕ရပါတယ္။

ကန္ဦးလူမူကူညီေရးအသင္းမွာ ပရဟိတလုပ္ေဆာင္ေပးေနတဲ့ ဦးပဥၨင္း ဦးသုစရိတက ေတာ့ ကိုဗစ္ေၾကာင့္ေသဆုံးတဲ့ နာေရးေတြမွာ ႐ုပ္အေလာင္းသယ္ေဆာင္ေရးမွာ ပါဝင္ေဆာင္ရြက္ေပးေနသလို ေသဆုံးသူေတြအတြက္ သုသာန္မွာပဲ သရဏဂုံတင္ေပးေနတာေတြလည္း လုပ္ေဆာင္ေပးေနရတယ္လို႔မိန႔္ၾကားပါတယ္။

ဆရာေတာ္ က်န္းမာၿပီး သက္ေတာ္ရာေက်ာ္ရွည္ပါေစဘုရား 🙏🙏🙏

CreditPhoto&News

@BBC