ကြားသိရသမျှ

အောက်စီဂျင်အတွက် နောက်ထပ် သိန်း (၅၀၀)ထပ်မံလှူဒါန်းပေးလိုက်တဲ့ ခိုင်နှင်းဝေ

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် မင်းသမီးကြီး ခိုင်နှင်းဝေကတော့ လတ်တလောမှာ ပြည်သူတွေလိုအပ်နေတဲ့ အောက်စီဂျင်အတွက် လှူဒါန်းမှုတွေ ထပ်မံလုပ်ဆောင်ခဲ့ပါတယ်။ ခိုင်နှင်းဝေကတော့ အောက်စီဂျင်လိုအပ်နေကြတဲ့ အခုလို အချိန်မှာ အောက်စီဂျင်တွေလည်း ကာလဒါနအလှူအနေနဲ့ လှူဒါန်းပေးနေခဲ့ပါသေးတယ်။

အောက်စီဂျင်တွေကို ဝယ်ယူပြီး စိတ်အားထက်သန်စွာနဲ့ကို လိုအပ်တဲ့သူတွေဆီရောက်အောင် ခိုင်နှင်းဝေက ကိုယ်တိုင်ကိုယ်ကျပါ လှူဒါန်းဒါန်းပေးနေခဲ့တဲ့အပြင် အောက်စီဂျင်က ပြည်သူတွေအတွက် လုံလောက်မှုမရှိသေးတာကြောင့် ထပ်မံပြီးတော့ လှူဒါန်းသွားဦးမယ့်အကြောင်းကို အသိပေးလာခဲ့ပါတယ်။ အောက်စီဂျင်တွေ ဝယ်ယူနိုင်ဖို့ အတွက် နောက်ထပ်သိန်း (၅၀၀)တိတိကို လှူဒါန်းပေးသွားဦးမှာပဲဖြစ်ပါတယ်။

ဒီအလှူလေးကလည်း သူ့ရဲ့(၇)ရက်သားသမီး အလှူရှင်တွေက စုပေါင်းလှူဒါန်းတဲ့အလှူလေးဖြစ်ပြီး ပရိသတ်တွေလည်း သာဓုခေါ်ဆိုနိုင်စေဖို့ သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေပြီးတော့လည်း မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ခိုင်နှင်းဝေရဲ့ သူ့ရဲ့အလှူရှင်တွေရဲ့အလှူလေးကို ပရိသတ်ကြီးတွေလည်း သာဓုခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Khine Hnin Wai