ကြားသိရသမျှ

အဲဒီအခိုးအငွေ့တွေ အိမ်တွေနဲ့အနီးဆုံးကိုရောက်လာရင်အထူးသတိထားပါ

သူရဲခိုးလား တိမ်လား အဆိပ်လား

ဖြစ်စဉ်တခုကို ရှူ့ထောင့်မျိုးစုံက သုံးသပ်တတ်ဖို့ လိုပါတယ်

အခု ညကစလို့လေထဲမှာ ပုံမှန်မဟုတ်တဲ့ အခိုးအငွေ့တွေ တော်တော်များများ တွေ့ရတယ် ဆိုပြီး သတင်းတွေတက်လာတယ်

နိုင်ငံရေးသမားတွေကတော့ အဆိပ်ငွေ့ ချတာဆိုပြီး ရေးကြသလို သိပ္ပံသမားတွေကလည်း ရေခိုးရေငွေ့ကြောင့်ဖြစ်တတ်တယ်ဆိုပြီး သုံးသပ်ကြတယ်

ကဲ ဗုဒ္ဓ ဘာသာဝင်တွေရဲ့ ဘာသာရေးရှူ့ထောာင့်ကလည်း လေ့လာကြည့်ကြရအောင်ပါ

လယ်တီဆရာတော်ဘုရားကြီးရဲ့ ရောဂန္တရဒီပနီ ကျမ်းထဲမှာ အတိအလင်းရေးထားပါတယ်

ကပ်ဘေးဖြစ်တဲ့အခါ ဘီလူးတွေ မြေဘုတ်ပြိတ္တာတွေက မြေပြင်မှာနှောင့်ယှက်သလို လူတွေ မူးအောင် မော်အောင် ဝေအောင် ဖမ်းစားနိုင်အောင် သူရဲခိုးလို့ခေါ်တဲ့ အခိုးအငွေ့တွေကို ကောင်းကင်ယံမှာ

လွှတ်လေ့ရှိသတဲ့ သူတို့ဟာ လူတွေနဲ့ အနီးဆုံးတွေကို ကပ်လာတတ်တယ်တဲ့ သာမန်တိမ်ဆိုရင်တော့အိမ်တွေနဲ့မနီးပါဘူး သူရဲခိုးဆိုရင်တော့ လူသားတွေနဲ့ နီးသထက်နီးတက်ပါတယ်

အခုက ကပ်ဘေးကာလဖြစ်နေတာပါ ညဘက်ခွေးတွေအူမယ် အောက်စီဂျင်ပြတ်ပြီးအသက်ရှူကျပ်သေတာတွေအများကြီးရှိသလို

ဘာရောဂါမှ မရှိတဲ့သူတွေလည်း ညနေဘက်တွေ ညဥ့်သန်းကောင်ယံအချိန်တွေမှာ အသက်ရှူမဝဖြစ်တတ်တယ်ဆိုရင် အဲဒါ သဲရဲခိုး ရဲ့လက်ချက်ပါပဲ

သူတို့က လူသားတွေရဲ့ နှလုံးသားတွေကို ဖမ်းချုပ်ပြီး ဖမ်းစားဖို့ကြိုးစားနေကြတာပါ တဲ့ဒါ လယ်တီဆရာတော်ဘုရားကြီး ပြောခဲ့တာပါ

ဗုဒ္ဓ ဘာသာဝင်တွေအတွက်ဒီအချိန်မှာ အရာရာအထူးသတိထားသင့်ပါတယ်ရှူ့ထောင့်တခုတည်းကြည့်လို့မရပါဘူး

အခုအချိန်မှာ ကုလသမဂ္ဂတို့ WHO တို့ကို ကပ်ဆိုက်တဲ့အခါ ဘီလူးတွေ ဘုတ်ပြိတ္တာတွေရဲ့ အန္တရယ်လည်း ဖြစ်တတ်ပါတယ်ဆိုပြီး သတင်းပေးကြည့်ပါလား သူတို့ ဘယ်လိုမှလက်ခံမှာမဟုတ်ပါဘူးတကမ္ဘာလုံးကလည်း လက်ခံမှာမဟုတ်ပါဘူး

အဲဒီလိုပါပဲလောကကြီးဟာ သိပ္ပံသဘောတခုတည်းတင်မကပါဘူး ဝိဇ္ဇာ သဘောကိုလည်း ကြည့်တတ်မြင်တတ်ရပါမယ်

ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေဟာ တန်ဘိုးကြီးလှတယ်ဆိုတာ အဲဒီသဘောတွေကိုပါ သိနိုင်ကြလို့ပါပဲ

တကယ်လို့များသဘာဝတိမ်မဟုတ်ဘူး ဆိုရင် ဒီရက်ပိုင်း အသေအပျောက်တွေပိုများလာမှာမို့ရတနာ့သုတ်တော်တို့ အာဋာနာဋိက သုတ်တော်ကြီးတို့ကို မိမိတို့အိမ်မှာ ရွတ်ဖတ်ကြဖို့နဲ့မရွတ်ဖတ်နိုင်ပါကအခွေများဖွင့်ထားကြဖို့အကြံပေးလိုပါတယ်

အဲဒီအခိုးအငွေ့တွေ အိမ်တွေနဲ့အနီးဆုံးကိုရောက်လာရင်အထူးသတိထားပါ

ပရိတ်အရံအတားတွေလုပ်ကြပါ အထပ်မြင့်တဲ့အိမ်တွေက အဲဒီအခိုးတွေတွေ့ရင် တံခါးလုံအောင်ပိတ်ထားကြပြီး ပရိတ်ပဌာန်းတွေရွတ်ဖတ်ပူဇော်ကြပါ

သူတော်ကောင်းကြီးတွေရဲ့အတွေးအမြင် အသိတွေဟာ သိပ္ပံပညာရှင်တွေရဲ့အသိပညာထက် များစွာသာတာကို မမေ့ကြပါနဲ့

ဦးမြင့်ခိုင်