ဒီအချက်တွေက သင့်ကိုဆင်းရဲတွင်းထဲ ဆွဲခေါ်နိုင်တယ်
(၁) မစဉ်းစားပဲသုံးတယ်
ဒီနေ့ ကိုယ့်ရဲ့ ပိုက်ဆံသုံးနည်းက နောက် (၁၀) နှစ်မှာ ကိုယ့်ရဲ့အနာဂတ်ငွေရေးကြေးရေးကိုထိန်းချုပ်ထားတဲ့ အရာတစ်ခုပဲဖြစ်ပါတယ် /လိုအပ်တာ နဲ့ လိုချင်တာ ကိုမခွဲခြားနိုင်ဘူးဆိုရင် မလိုအပ်တဲ့ အသုံးအနှုန်းတွေ စပြီးဖြစ်စေပါတယ် ဒီတော့ ဒီအချက်ပဲ ကိုယ့်ဘဝ ရဲ့ ငွေရေးကြေးရေး ပြသာနာကိုဖြစ်စေပါတယ်
(၂) ဘဝ ကို အကြွေးရှိအောင်လုပ်ခြင်း
သင် အကြွေးများလာအောင်လုပ်တိုင်းမှာ သင်က ငွေရေးကြေးရေးအဆင့်အတန်းကို တဖြည်းဖြည်းနှိမ့်ကျအောင် စုတ်ယူနေတာပါပဲ / credit အကြွေး / ကဒ်တစ်ခုခုအကြွေး / အပြင်က
အကြွေး / အရစ်ကျပေးချေခြင်းအကြွေး / စသဖြင့်ဒီအကြွေးတွေ တည်ဆောက်ခြင်းဟာ အမြဲတမ်းထွက်ငွေလမ်းကြောင်းသစ်တွေကိုတည်ဆောက်တာနဲ့ အတူတူပါပဲ / ဒီတော့ ဒီအချက်တွေ က သင့်ရဲ့ရေရှည် ငွေရေးပိုင်းကို အကျိုးတက်ရောက်မှုများစွာပေးနိုင်မှာပါ
(၃) ငွေရေးကြေးရေးအပိုင်း အသေးစိပ်မထိန်းသိမ်းခြင်း
ဝင်ငွေထွက်ငွေ စာရင်းမလုပ်ခြင်း / အကြွေးဆပ်ရမယ့်ရက်အတိအကျမလုပ်ခြင်း / ငွေရေးကြေးရေးအပိုင်းမှာ ကိုယ့်အကျိုးကိုမသိခြင်း/ ငွေရေးကြေးရေးစာရွက်စာတမ်းတွေကို စနှစ်တကျမထိန်းသိမ်းနိုင်ခြင်း / ဒီလို မျိုး
အကြောင်းအရာသေးသေးလေးကပဲ လူအများစုရဲ့ ဘတကို ငွေရေးကြေးရေးပြသာနာရှိအောင်လုပ်နိုင်ပါတယ် / ဒါကြောင့် ဒီလိုအရာတွေကိုယ့်ဘဝထဲ ဝင်မနှောင့်ယှက်အောင် ကိုယ့်ရဲ့ ငွေရေးကြေးရေးကို စနှစ်တကျထိန်းသိမ်းပါ
(၄) အပိုငွေ အလိုငွေ တွေကို ဘယ်တော့မှ plan မချခြင်း
ငွေရေးကြေးရေး plan မချခြင်း / အနာဂတ် သုံးရမယ့်ငွေကိုကြိုတင်မစဉ်းစားတာက ကိုယ့်ဘဝမှာ အရေးပေါ် ကိစ္စ တွေကိုအမြဲတမ်းကြုံစေပါတယ် /ငွေရေးကြေးရေးပိုင်းမှာ ဒီအရင်း (၃) ခု
(၁) ဝင်ငွေ ထွက်ငွေအရင်း
(၂) ငွေရေးကြေးရေး အခြေအနေ အရင်း
(၃) ငွေရေးကြေးရေး စာရင်းဇယားအရင်း တွေကိုကိုယ့်မှာရှိတယ်ဆိုရင် (သိတယ်ဆိုရင်) ဘဝကို ဒီထက်ပိုလွယ်အောင်လုပ်နိုင်ပါတယ်
(၅) စုငွေကို အထင်သေးခြင်း
စုငွေရဲ့ အ ဓိ က အရေးကြီးတဲ့ အကြောင်းရင်းက ငွေရေးကြေးရေးဝီရိယပါပဲ / ဒါကြောင့် ငွေကြေးအရေအတွက် သေးသေးလေးကို အထင်သေးခြင်းနဲ့ စုငွေကို နောက်ရက်တွေဆီ တွန်းထုတ်တဲ့သူက သူ့ဘဝ အနာဂတ်ငွေရေးကြေးရေးအောင်မြင်မှု ကိုမရောက်နိုင်တဲ့ရက်ဆီ တွန်းထုတ်တာနဲ့တူတူပါပဲ
(၆) ပန်းတိုင်မရှိတဲ့ ဘဝကိုလက်ခံတယ်
ပန်းတိုင်မရှိတဲ့ဘဝက သံလိုက်အိမ်မြောင်မရှိတဲ့ သင်္ဘောနဲ့တူတူပါပဲ / ဘဝအစိပ်အပိုင်းတိုင်းမှာ ငွေကြေးအထိန်းအချုပ်လေးနဲ့ ပန်းတိုင်ရောက်ဖို့လမ်းကြောင်းလေးတွေရှိသင့်ပါတယ် / ကိုယ်လိုချင်တဲ့ ငွေရေးကြေးရေးပိုင်ဆိုင်နိုင်ဖို့အတွက် ပန်းတိုင်အရင်ရှိရပါမယ်
(၇)ငွေရေးကြေးရေးပိုင်း ဗဟုသုတတွေကို အလေးမပေးဘူး
ငွေက ငွေရေးကြေးရေးပြသာနာကို ဘယ်တော့မှမဖြေရှင်းနိုင်ဘူး / ဒါပေမဲ့ ငွေရေးကြေးရေးပြသာနာပဲ ပြသာနာကို ဖြေရှင်းပေးတာဖြစ်ပါတယ် / ဒါကြောင့် ငွေရေးကြေးရေးပိုင်းမှာ တိုးတက်ချင်တယ်ဆိုရင် ငွေရေကြေးရေးပိုင်းဗဟုသုတကို ရှာဖွေပါ (ဝင်ငွေရှာပါ / ငွေဝင် ငွေထွက်ကို control လုပ်ပါ / ငွေစုပါ / ပြီးရင် အရင်းအနှီးလုပ်ပါ ) ဒီနေ့ကနေစပါ
ဒီ (၇) ချက်ထဲမှာ သင်အကျင့်ရှိပါသလား ??ရှိတယ်ဆိုရင် မှတ်ထားပါ . (crd)
Zawgyi ဖြင့်ဖတ်ပါ
(၁) မစဉ်းစားပဲသုံးတယ်
(၁) ဝင်ငွေ ထွက်ငွေအရင်း