တစ်ဘ၀လုံးအတွက်မဟုတ်ရင် ချစ်တယ်ဆိုတဲ့စကားကို မပြောလိုက်ပါနဲ့
အချစ်ကြောင့် ဘ၀တွေပါ ပျက်သွားတယ်တဲ့ အစက ရယ်မိတယ် ဘာလို့ ဒီလောက် တုံးအရတာလဲပေါ့ ပြီးတော့မှ စာနာမိတယ် သူ ဘယ်လောက်များ မျှော်လင့်ခဲ့မိသလဲပေါ့
ကျေးဇူးပြုပြီးတော့ ပျော်စေပျက်စေဆိုရင် တစ်ဖက်လူရဲ့နှလုံးသားကို မကစားပါနဲ့ ကိုယ့်ဘက်က ဘာရယ်မဟုတ်ပေမယ့် တစ်ဖက်မှာ မျှော်လင့်ချက်တွေ ဆက်ပြီး ရှင်သန်ဖို့ခက်ခဲတယ် တချို့ အနာဂတ်တွေအတွက် ကြိုတွေးပြီး စိတ်ကူးယဥ်နေတဲ့ လူတွေအတွက် အနာဂတ်တွေ ပျောက်တတ်သလို လမ်းတွေလဲ ပျောက်တတ်ပါတယ်
ချစ်တယ် ဆိုတဲ့စကားဟာ အများကြီးဆိုတာထက် ပိုပြီး လေးနက်တတ်ပါတယ် ပေးဆပ်ပြီးချစ်တတ်တဲ့သူအပေါ် အရမ်းကြီး အနိုင်မယူနဲ့ တစ်နေ့နေ့ သူ့တန်ဖိုးသိလာတဲ့အခါကိုယ်က သူနဲ့ မဆုံနိုင်အောင် ဝေးနေတာမျိုး ဖြစ်နေတတ်တယ် ကိုယ့်အပေါ် အရိပ်တကြည့်ကြည့်နဲ့ ဂရုတစိုက်ချစ်တတ်တဲ့သူကို
ကျေးဇူးပြုပြီးတော့ ပြန်ကြင်နာဖို့ မမေ့ပါနဲ့ စိတ်ကုန်သွားတဲ့အခါ မင်းဘာကြီးပဲ ဖြစ်နေဖြစ်နေ ပြန်လှည့်မကြည့်တော့မှာ စိုးတယ် အချစ်မှာ အတတ်နိုင်ဆုံးရိုးသားပါ ပွင့်လင်းပါ တကယ်မချစ်နိုင်ပါပဲနဲ့တော့ ချစ်တယ်ဆိုတဲ့စကားကို အပျော်သဘောပဲဖြစ်ဖြစ် မပြောနဲ့ တချို့ အချစ်တွေက ဘ၀တွေပါ ရင်းထားတတ်တယ်လေ
ဘ၀တွေ မျှော်လင့်ချက်တွေ ပြီးတော့ အနာဂတ်တွေပါ စိတ်ကူးထိုင်ယဥ်နေတတ်တဲ့ အစွဲအလန်းကြီးတတ်တဲ့ ကောင်မလေးတစ်ယောက် အချစ်ကို သိပ်ကြောက်သွားခဲ့ဖူးသလိုမျိုး နောက်ထပ် ဘယ်သူ့ကိုမှ ထပ်မဖြစ်စေချင်တော့ဘူး ။
ကျေးဇူးပြုပြီးတော့ စာနာပါ တစ်ဘ၀စာမှ မဟုတ်ရင် ချစ်တယ်ဆိုတဲ့စကားကို မပြောလိုက်ပါနဲ့ ။
Credit
တစ္ဘ၀လုံးအတြက္မဟုတ္ရင္ ခ်စ္တယ္ဆိုတဲ့စကားကို မေျပာလိုက္ပါနဲ႔
အခ်စ္ေၾကာင့္ ဘ၀ေတြပါ ပ်က္သြားတယ္တဲ့ အစက ရယ္မိတယ္ ဘာလို႔ ဒီေလာက္ တုံးအရတာလဲေပါ့ ၿပီးေတာ့မွ စာနာမိတယ္ သူ ဘယ္ေလာက္မ်ား ေမၽွာ္လင့္ခဲ့မိသလဲေပါ့
ေက်းဇူးျပဳၿပီးေတာ့ ေပ်ာ္ေစပ်က္ေစဆိုရင္ တစ္ဖက္လူရဲ့ႏွလုံးသားကို မကစားပါနဲ႔ ကိုယ့္ဘက္က ဘာရယ္မဟုတ္ေပမယ့္ တစ္ဖက္မွာ ေမၽွာ္လင့္ခ်က္ေတြ ဆက္ၿပီး ရွင္သန္ဖို႔ခက္ခဲတယ္ တခ်ိဳ႕ အနာဂတ္ေတြအတြက္ ႀကိဳေတြးၿပီး စိတ္ကူးယဥ္ေနတဲ့ လူေတြအတြက္ အနာဂတ္ေတြ ေပ်ာက္တတ္သလို လမ္းေတြလဲ ေပ်ာက္တတ္ပါတယ္
ခ်စ္တယ္ ဆိုတဲ့စကားဟာ အမ်ားႀကီးဆိုတာထက္ ပိုၿပီး ေလးနက္တတ္ပါတယ္ ေပးဆပ္ၿပီးခ်စ္တတ္တဲ့သူအေပၚ အရမ္းႀကီး အနိုင္မယူနဲ႔ တစ္ေန႔ေန႔ သူ႔တန္ဖိုးသိလာတဲ့အခါကိုယ္က သူနဲ႔ မဆုံနိုင္ေအာင္ ေဝးေနတာမ်ိဳး ျဖစ္ေနတတ္တယ္ ကိုယ့္အေပၚ အရိပ္တၾကည့္ၾကည့္နဲ႔ ဂ႐ုတစိုက္ခ်စ္တတ္တဲ့သူကို
ေက်းဇူးျပဳၿပီးေတာ့ ျပန္ၾကင္နာဖို႔ မေမ့ပါနဲ႔ စိတ္ကုန္သြားတဲ့အခါ မင္းဘာႀကီးပဲ ျဖစ္ေနျဖစ္ေန ျပန္လွည့္မၾကည့္ေတာ့မွာ စိုးတယ္ အခ်စ္မွာ အတတ္နိုင္ဆုံးရိုးသားပါ ပြင့္လင္းပါ တကယ္မခ်စ္နိုင္ပါပဲနဲ႔ေတာ့ ခ်စ္တယ္ဆိုတဲ့စကားကို အေပ်ာ္သေဘာပဲျဖစ္ျဖစ္ မေျပာနဲ႔ တခ်ိဳ႕ အခ်စ္ေတြက ဘ၀ေတြပါ ရင္းထားတတ္တယ္ေလ
ဘ၀ေတြ ေမၽွာ္လင့္ခ်က္ေတြ ၿပီးေတာ့ အနာဂတ္ေတြပါ စိတ္ကူးထိုင္ယဥ္ေနတတ္တဲ့ အစြဲအလန္းႀကီးတတ္တဲ့ ေကာင္မေလးတစ္ေယာက္ အခ်စ္ကို သိပ္ေၾကာက္သြားခဲ့ဖူးသလိုမ်ိဳး ေနာက္ထပ္ ဘယ္သူ႔ကိုမွ ထပ္မျဖစ္ေစခ်င္ေတာ့ဘူး ။
ေက်းဇူးျပဳၿပီးေတာ့ စာနာပါ တစ္ဘ၀စာမွ မဟုတ္ရင္ ခ်စ္တယ္ဆိုတဲ့စကားကို မေျပာလိုက္ပါနဲ႔ ။
Credit